နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးကို ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ရူဒီဂါ၊ အင်္ဂလန် ထိပ်တန်း ကလပ် ၃ သင်းရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဗင်နီ | လာလီဂါ

အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ရီးရဲလ်မက်ဒရစ်မှာ မျက်နှာသာ မရတော့တဲ့ အန်တိုနီယို ရူဒီဂါကို အနောက် လန်ဒန်ဆီ ပြန်လည် ခေါ်ယူဖို့ တွန်းအားပေးနေပါတယ်။ လာလီဂါ ကလပ် ကတော့ ဂျာမန်သားကို စာချူပ်သက်တမ်း ကုန်ဆုံးချိန်မှာ လက်လွှတ်သွားဖို့ ရှိနေပါတယ်။

လီယွန်နယ် မက်ဆီသာ ဘာစီလိုနာကို ပြန်လာခဲ့ရင် အင်တာမိုင်ယာမီ အသင်းခေါင်းဆောင်ရဲ့ ပြိုင်ဘက် ကင်းတဲ့ ကြော်ငြာကြောင့် ၁၂ လအတွင်း ယူရို ၂၀၀ သန်း ရရှိနိုင်တယ်လို့ ကလပ် ဘက်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့်လည်း ကတ်တလန်သားတွေ အနေနဲ့ ကံမကောင်းစွာပဲ ထိုကဲ့သို့သော သဘောတူညီချက်မျိုး မရရှိသေးပါဘူး။

လစ်ဗာပူးလ် ကတော့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ တို့ရဲ့ ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး ယူရို ၁၀၀ သန်း (ပေါင် ၈၈.၁ သန်း၊ ဒေါ်လာ ၁၁၅.၉ သန်း) နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ ကလည်း လာလီဂါ ကြယ်ပွင့် ဘရာဇီးလ် တိုက်စစ် ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနေကြပါတယ်။

ဆန့်ကျင်ဘက် အနေနဲ့ မန်ချက်စတာယူနိုက်တက် ကတော့ “အလွန်အမင်း” လုပ်ခလစာ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ရပြီးနောက် ဗင်နီစီးယက်စ်နဲ့ ဆွေးနွေးမှုတွေ အပေါ် စိုးရိမ်နေကြောင်း El Nacional က ဖော်ပြပါတယ်။

မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ ကလည်း လာလီဂါ ကြယ်ပွင့် ဘရာဇီးလ် တိုက်စစ် ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနေကြပါတယ်။
ဥရောပထိပ်တန်း ကလပ်များစွာရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဗင်နီးစီးယပ်စ်

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ပ် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား လက်မှတ် ကိုင်ဆောင်ထားသူတွေကို အမေရိကန် ပြည့်ဝင်ခွင့် ဗီဇာ ဦးစားပေး ထုတ်ပေးမယ်လို ကြေညာခဲ့ပါတယ်။ ၎င်းက ကမ္ဘာ့ဖလား လက်မှတ်ကိုင်ဆောင်ထားသူတွေ အနေနဲ့ ဗီဇာထုတ်ပေးရေး လူတွေ့ စစ်ဆေးမှုကို ဦးစားပေး လုပ်ဆောင်သွားမယ်လို ပြီးခဲ့တဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လက်မှတ် ကိုင်ဆောင်ထားပေမယ့် ခရီးသွား ဗီဇာ အတွက် အာမခံချက် မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

နိုင်ငံခြားသားတွေ အနေနဲ့ ကောင်စစ်ဝန်ရုံးကို လျှောက်ထားတဲ့ ၆ ပတ် ကနေ ၈ ပတ် အတွင်း ပြည်ဝင်ခွင့် ဗီဇာရဖို့ အင်တာဗျူး ဖြေရမယ်လို သိရပါတယ်။ အမေရိကန် အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ခရီးသွား ၁၀ သန်းလောက် လာရောက် အားပေးကြလိမ့်မယ်လို ခန့်မှန်းထားပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမက်စ် တူချယ်က ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း အသင်းရဲ့ လူစာရင်းမှာ မပါတဲ့ ကစားသမားတိုင်းကို ဆက်သွယ် စကားပြောဆိုဖို့ ရှိနေကြောင်း သိရပါတယ်။ တူချယ်က သူ့ရဲ့ ရွေးချယ်မှုကို ရှင်းပြပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ သူတို့ ဘာလုပ်ရမလဲ ဆိုတာ ချပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ကွင်းလယ် တိုက်စစ် ကစားသမား ဂရီးလစ်ရှ်နဲ့ နောက်ခံလူ အာနိုးလ်တို့ အခု နိုင်ငံတကာ ရက်သတ္တပတ်မှာ ရွေးချယ်ရခြင်း မရှိခဲ့ပါဘူး။ တူချယ်က အဲလ်ဘေးနီးယားနဲ့ ပွဲမှာ လေဗာကူဆင် နောက်ခံလူ ကွမ်ဆာကို အင်္ဂလန် အတွက် ပွဲဦးထွက် အဖြစ် ညာနောက်ခံလူ နေရာမှာ ကစားခိုင်းခဲ့ပါတယ်။ တူချယ် အနေနဲ့ ကမ္ဘာ့ဖလား အတွက် နောက်ဆုံး ပြင်ဆင်မှု အဖြစ် မတ်လ နိုင်ငံတကာရက်သတ္တပတ်မှာ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၈ ပွဲစလုံး နိုင်ပြီး ပေးဂိုးလည်း လုံးဝ မရှိခဲ့ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်