နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အနာဂတ်မှာ လာလီဂါကို သွားရောက် ကစားချင်ကြောင်း ဖွင့်ဟခဲ့တဲ့ ရိုမဲယို

တော့တင်ဟမ်ဟော့စပါးရဲ့ ဗဟိုနောက်ခံလူ ခရစ္စတီယန် ရိုမဲယို ကိုတော့ လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ်က ဒီနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား နောက်ခံလူက သူ့အနေနဲ့ အနာဂတ်မှာ လာလီဂါ ကို သွားရောက် ကစားလိုကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ရိုမဲယိုက Marca နဲ့ အင်တာဗျူးမှာ “ကျွန်တော် လာလီဂါမှာ ကစားချင်ပါတယ်။ လာလီဂါ ပွဲစဉ်တွေကို ရုပ်သံ ကနေ ကျွန်တော် အမြဲတမ်း စောင့်ကြည့်ပြီး သဘောလည်း ကျပါတယ်။ ပြီးတော့ စပိန်မှာ ကစားနေတဲ့ ကျွန်တော့်ရဲ့ လက်ရွေးစင် အသင်းဖော်တွေလည်း အများကြီး ရှိနေပါတယ်။ ကျွန်တော့် အနေနဲ့ သူတို့ကို စောင့်ကြည့်လေ့ ရှိပါတယ်။ လာလီဂါ ပြိုင်ပွဲဟာ ကျွန်တော် ကစားချင်တဲ့ လိဂ်ပြိုင်ပွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရိုမဲယိုက “ကျွန်တော် ဒီမှာ နောက်ဆုံးနေ့ အထိ အကောင်းဆုံး ပေးဆပ်သွားမှာပါ။ ကျွန်တော် ပျော်ရွှင်ပါတယ်။ သူတို့က ကျွန်တော့်ကို အရေးပါတဲ့ ကစားသမား တစ်ယောက်လို ခံစားစေခဲ့ပါတယ်။ ကျွန်တော့် အတွက် အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုဆိုပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

အသက် ၂၇ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် နောက်ခံလူ ရိုမဲယို ကတော့ အစောပိုင်း မှာလည်း ဒီရာသီအကုန်မှာ စပါး ကနေ ထွက်ခွာနိုင်ကြောင်း ပြောဆိုထားသူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေ အတွင်း ဒဏ်ရာကြောင့် မကြာခဏ ဆိုသလို အနားယူခဲ့ရပြီးတော့ သူအဲဒီလို ဖြစ်ရတာဟာ စပါး အသင်းရဲ့ ဆေးအဖွဲ့ကြောင့်လို့ လက်ခံထားပြီး မြောက်လန်ဒန် ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ အဆင်မပြေမှုတွေ ရှိနေကြောင်း သတင်းတွေလည်း ထွက်နေခဲ့ပါတယ်။

ရိုမဲယိုက Marca နဲ့ အင်တာဗျူးမှာ “ကျွန်တော် လာလီဂါမှာ ကစားချင်ပါတယ်။ လာလီဂါ ပွဲစဉ်တွေကို ရုပ်သံ ကနေ ကျွန်တော် အမြဲတမ်း စောင့်ကြည့်ပြီး သဘောလည်း ကျပါတယ်။
တော့တင်ဟမ်ဟော့စပါး ကနေ ထွက်ခွာချင်ကြောင်း ပြောကြားထားတဲ့ ရိုမဲယို

သူ့ကို ခေါ်ယူဖို့ အတွက် လက်တလောမှာ စပိန် ထိပ်သီး အက်တလက်တီကိုမက်ဒရစ်က ချိတ်ဆက်နေပြီး ဒီနွေရာသီမှာ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း စပိန် မီဒီယာတွေက ဖော်ပြလျက် ရှိနေပါတယ်။ ဒီအခြေအနေမှာ ရိုမဲယိုက သူ့အနေနဲ့ အနာဂတ်မှာ လာလီဂါကို သွားရောက် ကစားလိုကြောင်း ဖွင့်ဟာလာခဲ့တာ ဖြစ်ပါတယ်။ ရိုမဲယိုဟာ တော့တင်ဟမ်ဟော့စပါးတို့ ယူရိုပါလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ရာ မှာတော့ အဓိက နေရာ ကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရိုမဲယိုဟာ စပါး အတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ သိပ်ပြီး ပွဲထွက်ခွင့် မရခဲ့ပေမယ့် ယူရိုပါလိဂ် မှာတော့ ပွဲချိန်ပြည့် ကစားခဲ့ရတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း စပါး ကတော့ ယူရိုပါလိဂ် ဖလား ယူပေးခဲ့တဲ့ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးနဲ့တောင် လမ်းခွဲဖို့ ဆုံးဖြတ်ထားတာကြောင့် ရိုမဲယို အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် လက်လွှတ်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း တချို့သော သတင်းတွေ မှာတော့ စပါး ဥက္ကဌ ဒန်နီ လီဗိုင်းက အက်တလက်တီကိုမက်ဒရစ်ရဲ့ ရိုမဲယို အတွက် ကမ်းလှမ်းမှုတွေကို ညှိနှိုင်းဖို့တောင် ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ရိုမဲယို ကတော့ အာဂျင်တီးနား ကလပ် ဘဲလ်ဂရာနိုမှာ ကစားသမားဘဝ စတင်ခဲ့ပြီးနောက် အီတလီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရိုမဲယိုက စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဂျီနိုအာ၊ ဂျူဗင်တပ်စ်နဲ့ အတ္တလန္တာ တို့မှာ ဖြတ်သန်းခဲ့ပြီး ၂၀၂၁ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ရိုမဲယိုဟာ စပါးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ရိုမဲယိုကို ရောင်းထုတ်လိုခြင်းတော့ မရှိပဲ မဖြစ်မနေ ရောင်းထုတ်ရမယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ တောင်းဆိုဖွယ် ရှိနေကြောင်း စပိန် နာမည်ကြီး သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်