နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း ကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရိုဒရီဂို၊ ယူနိုက်တက်ရဲ့ ပစ်မှတ် အဂူမီ အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ဆီဗီလာ | လာလီဂါ

ဩဂုတ်လ ၂၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရိုဒရီဂို ကတော့ နည်းပြ ဇာဘီ အလွန်ဆို လက်ထက်မှာ အနာဂတ် မရှိတော့ကြောင်း လက်ခံခဲ့ပြီးနောက် ဒီနွေရာသီတွင် သူ့ကို ရောင်းချပေးဖို့ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်အား တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ရိုဒရီဂို ကိုတော့ အာဆင်နယ်၊ မန်စီးတီးနဲ့ စပါးတို့က စိတ်ဝင်စားနေပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေတော့ တော်တော်လေး နည်းနေပြီ ဖြစ်ပါတယ်။

အာလင်း ဟာလန်း ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ထံမှ ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။ မန်ချက်စတာစီးတီး တိုက်စစ်မှူး ကတော့ လာလီဂါ ကလပ်မှာ ကီလီယန် အမ်ဘာပေးနဲ့ တွဲဖက် ကစားလိုနေကြောင်း Defensa Central က ဖော်ပြပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် ကို လာမယ့် နွေရာသီမှာ ယူရို သန်း ၁၀၀နဲ့ ရောင်းချဖို့ ဆွဲဆောင်ဖွယ် ရှိနေကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ ဘာစီလိုနာက အနာဂတ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ 

မာ့ခ် ကာဆာဒို အနေနဲ့ ဒီရာသီမှာ ပုံမှန် ပွဲထွက်ကစားခွင့် ရရှိတော့မှာ မဟုတ်ကြောင်း ဘာစီလိုနာ တာဝန်ရှိသူတွေက အသိပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကတော့ သူ့ရဲ့ အနာဂတ် အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်ပါတယ်။ 

အလားတူပဲ ဘာစီလိုနာက ဖာမင်း လိုပက်ဇ် အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေပေမယ့် ကစားသမား ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ် ကပဲ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားပါတယ်။ ဒါ့အပြင် စပိန် ကွင်းလယ် ကြယ်ပွင့်က ချဉ်းကပ်မှု အားလုံးကို ဆက်လက် ငြင်းဆိုထားဆဲ ဖြစ်ကြောင်း MARCA က ဖော်ပြပါတယ်။

လာလီဂါ ကလပ် ဆီဗီလာ ကတော့ ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ် ကွင်းလယ် ကစားသမား လူစီအန် အဂူမီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ အလိုရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက်ရဲ့ ပစ်မှတ် အတွက် ယူရို သန်း ၃၀ တန်ကြေး သတ်မှတ်လိုက်တဲ့ ဆီဗီလာ

ရီးရဲလ်ဘက်တစ် ကတော့ အန်တိုနီကို ပြန်လည် ခေါ်ယူဖို့ မျှော်လင့်ချက်တွေ တိုးလာနေပြီး အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့ အထိ စောင့်ဆိုင်းဖို့ ရှိနေပါတယ်။ ဘရာဇီးလ် ကစားသမား ကလည်း ယူနိုက်တက်ထံ အသိပေးထားခဲ့ပြီးနောက် ဘက်တစ် ဘက်ကလည်း ပြန်လည် ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။

လစ်ဗာပူးလ် အသင်းရဲ့ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာ ကတော့ ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့တော့မှာ မဟုတ်ဘဲ အန်ဖီးလ်မှာပဲ ဆက်ရှိသွားမယ်လို့ စီးရီးအေ ကလပ်တွေဆီ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် အီတလီ လက်ရွေးစင် ခီယေဆာ ဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ် ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ်မှာ ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားခွင့် ရရှိခဲ့ပါတယ်။

လာလီဂါ ကလပ် ဆီဗီလာ ကတော့ ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ် ကွင်းလယ် ကစားသမား လူစီအန် အဂူမီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ အလိုရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်က အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ စီစဉ်နေရာမှာ ဘရိုက်တန်က ကင်မရွန်း လက်ရွေးစင် ကစားသမား ကားလို့စ် ဘယ်လီဘာ့ကို မျက်စိကျနေပေမယ့် ဘရိုက်တန်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ တောင်းဆိုထားတာကြောင့် အခက်တွေ့နေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ဆီဗီလာမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ် ကစားသမား အဂူမီကို ခေါ်ယူဖို့ ပြောင်းလဲ စီစဉ်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။

လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို ယူရို သန်း ၅၀ အောက် ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်မှာ မဟုတ်ကြောင်း သိရပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမားက လစ်ဗာပူးလ်နဲ့ ၂၀၂၆ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန် အထိ သက်တမ်းတိုးနိုင်ခြင်း မရှိသေးပါဘူး။

ဒီနွေရာသီမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ ဂျုဗင်တပ်စ်ရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်