ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ ဒီနွေရာသီမှာ ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာကို ခေါ်ယူလိုနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဂူးဝမ်း ကလပ် ကတော့ သူတို့ အသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ပေါ်တူဂီ ကွင်းလယ်လူကို အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရမှသာ လက်လွှတ်သွားဖွယ် ရှိနေပါဝယ်။ သေချာတာ ကတော့ ဒီပမာဏကို ပီရက်ဇ် အနေနဲ့ သုံးစွဲဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။
ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာက အေစီမီလန် တောင်ပံ ကစားသမား ရာဖေးလ် လီယောင်ကို ကြယ်စင်စု အဆင့် ခေါ်ယူမှု အဖြစ် ရှုမြင်ထားကြောင်း El Nacional က ဖော်ပြပါတယ်။ ဒါ့အပြင် ဘာစီလိုနာက မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ လူးဝစ္စ ဒီးယက်ဇ် တို့ရဲ့ အပြောင်းအရွှေ့တွေကိုလည်း ဦးစားပေး အဖြစ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ လစ်ဗာပူးလ်က ဖက်ဒရစ်ကို ခီယေဇာကို အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ကြောင်း AS က ဖော်ပြခဲ့ပါတယ်။ အီတလီသားဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ လစ်ဗာပူးလ်ကို ယူရို ၁၅ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် အန်ဖီးလ်မှာ ခက်ခဲတဲ့ ရာသီ တစ်ခု အဖြစ် ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရရှိပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ကျော်ကာ အာဂျင်တီးနား ဆယ်ကျော်သက် ဖရန်ကို မက်စတန်တူအိုနိုကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ အနေနဲ့ ဒီကစားသမားလေး အတွက် ရက်သတ္တပတ် အတော်ကြာအောင် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့်လည်း သဘောတူညီမှု မရသေးကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတေ့ ဂိုးသမား အန်ဒရီ လူနင် အတွက် ယူရို ၂၅ သန်း ကနေ ယူရို သန်း ၃၀ ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ဆန္ဒရှိနေကြောင်း Defensa Central က ဖော်ပြပါတယ်။ ယူကရိန်း ဂိုးသမား ကတော့ သီဘောက် ကော့တွာစ်ရဲ့ နောက်မှာသာ ပွဲထွက်ခွင့် ရနေတာကြောင့် ဆန်တီယာဂို ဘာနေဗျူး ကနေ ထွက်ခွာဖို့ များနေသူလည်း ဖြစ်ပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကတော့ သူ့ အနေနဲ့ လာမယ့် ရာသီ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း လာလီဂါ ချန်ပီယံတွေနဲ့ အောင်မြင်မှုတွေ ထပ်မံ ရယူဖို့က မျှော်လင့်ထားတဲ့ တစ်ခုတည်းသော အရာ ဖြစ်ကြောင်း BILD ကို ပြောကြားခဲ့ပါတယ်။
ဘေယန်မြူးနစ် ကတော့ ခရစ္စတယ်ပဲလေ့စ်က အီဘာရီချီ အီးဇီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ် ၄ သင်း အနက်က တစ်သင်း ဖြစ်ကြောင်း i News က ဖော်ပြခဲ့ပါတယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တစ်လုံးတည်းသော ဂိုးကို သွင်းယူခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုတော့ အာဆင်နယ်၊ မန်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။
အာဆင်နယ် ကတော့ ဒီနွေရာသီအပြောင်းအရွှေ့မှာ မီခဲလ် အာတေးတား စိတ်ကြိုက် ကစားသမားတွေ ဖြစ်တဲ့ ဘီလ်ဘာအိုက နီကို ဝီလီယမ်စ် ဒါမှမဟုတ် ဘေယန်မြူးနစ်က လီရွိုင်း ဆာနေးကို ခေါ်ယူနိုင်ခြေ ရှိနေကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ မာတင် ဇူဘီမန်ဒီ အတွက် ရီးရဲလ်ဆိုစီဒက်ကို ပေါင် ၅၁ သန်း ပေးချေဖို့ သဘောတူညီမှု ရရှိပြီးနောက် ဒီကစားသမား နှစ်ဦးနဲ့လည်း အာဆင်နယ်က ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.