အခုတစ်ခါမှာတော့ နိုဝင်ဘာ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကီလီယန် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် အပါအဝင် ရီးရဲလ်မက်ဒရစ် ကစားသမား တော်တော်များများ ကတော့ နည်းပြ ဇာဘီ အလွန်ဆို အပေါ် ယုံကြည်မှု လျော့နည်းလျက် ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ လာလီဂါ ကလပ် အတွင်း ကစားသမားနဲ့ နည်းပြ အဖွဲ့ဝင်တွေ အကြား အဆင်မပြေမှု များစွာ ရှိနေကြာင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။
အလွန်ဆိုရဲ့ နည်းပြ ရာထူး ကတော့ နောက်ပွဲစဉ်တွေ အပေါ် အနည်းငယ် မူတည်လာကြောင်း သိရပါတယ်။ ကလပ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ ရာဇသံပေး အပြီးမှာ ဘက်စကေး နည်းပြ အနေနဲ့ အိုလံပီယာကော့စ်၊ ဂီရိုနာ၊ ဘီလ်ဘာအို တို့နဲ့ တွေ့ဆုံချိန်မှာ ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်နေကြောင်း သိရပါတယ်။
တချို့သော သတင်းတွေ မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းတွင်း မငြိမ်မသက်မှုတွေဟာ အလွန်ဆိုကြောင့် မဟုတ်ပဲ ကီလီယန် အမ်ဘာပေးနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် တို့ကြောင့် ဆိုပြီး ဖော်ပြနေကြပါတယ်။ ဒီအထဲမှာ အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ ဗင်နီးစီးယပ်စ်လည်း ပါဝင်ကြောင့် El Nacional က ဖော်ပြပါတယ်။
စွယ်စုံရ စပိန် ကစားသမား အဲရစ်ခ် ဂါစီယာ ကိုတော့ လာလီဂါ ကလပ် ဘာစီလိုနာက စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် မူအားဖြင့် သဘောတူညီမှု ရရှိထားကြောင်း Mundo Deportivo က ဖော်ပြပါတယ်။

ဘာစီလိုနာရဲ့ စာချုပ်သက်တမ်းတိုးမယ့် စာရင်းမှာ ပါဝင်နေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ဖာရန်း တောရက်စ် ဖြစ်ကြောင်း သိရပါတယ်။ စပိန် တိုက်စစ်မှူးဟာ ကတ်တာလိုးနီးယားမှာ သူ့ရဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်လိုတာကြောင့် ဆော်ဒီအာရေဗျရဲ့ တစ်နှစ်ကို ယူရို ၂၀ သန်း (ဒေါ်လာ ၂၃ သန်း) အထိ လစာရမယ့် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
အဲဗာတန် ကွင်းလယ်လူ အီဒရစ်ဆာ ဂူရီ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ အသင်းဖော် မိုက်ကယ် ကိန်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ပွဲအပြီးမှာ ပြန်လည် ဝန်ချ တောင်းပန်ခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ ဂေးယီနဲ့ မိုက်ကယ် ကိန်းတို့ အချေအတင် ဖြစ်ပွားခဲ့ပြီးနောက် မိုက်ကယ် ကိန်းက နှစ်ကြိမ်တိုင် တွန်းထိုးခဲ့ပြီးနောက် ဂူရီက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာ ဖြစ်တယ်။ ဂိုးသမား ပစ်ခ်ဖို့ဒ်က သူတို့ နှစ်ဦး အကြား လူစုခွဲခဲ့ရပြီးနောက် ဒိုင်လူကြီးက ဂေးယီကို တိုက်ရိုက် အနီကတ် ပြသခဲ့တာ ဖြစ်ပါတယ်။နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီက မနက်ဖြန်ည ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ပွဲမှာ မာရာဒိုနာ အတွက် ကွာရာဘတ်ကို အနိုင်ရချင်ကြောင်း ပြောကြားခဲ့ပါတယ်။ နာပိုလီဟာ ချန်ပီယံလိဂ် ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းမှာ ကွာရာဘတ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီးတော့ နိုဝင်ဘာ(၂၅)က မာရာဒိုနာ ကွယ်လွန်ခဲ့တဲ့ ၅ နှစ်ပြည့်လည်း ဖြစ်ပါတယ်။ အာဂျင်တီးနား ဂန္ထဝင်ကစားသမား မာရာဒိုနာဟာ နာပိုလီနဲ့ အတူ စီးရီးအေ ချန်ပီယံဆု အပါအဝင် ပြည်တွင်း ချန်ပီယံဆုတွေနဲ့ UEFA ဖလား ရယူနိုင်ခဲ့သူ ဖြစ်ပြီး အသက် ၆၀ အရွယ်မှာတင် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


