အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ဂျူဗင်တပ်စ်ရဲ့ ကြယ်ပွင့်ကစားသမား ခီဖရန် သူရမ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ခီဖရန်ဟာ မားကပ်စ် သူရမ်ရဲ့ ညီ ဖြစ်သလို လီလီယန် သူရမ်နဲ့လည်း သား တော်စပ်သူ ဖြစ်ပါတယ်။ ဒီကွင်းလယ် ကစားသမား ကတော့ ယူရို သန်း ၆၀ (ဒေါ်လာ ၆၉.၆ သန်း) တန်ကြေး ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။
ဟော့ဖန်ဟိမ်းရဲ့ ဖစ်နစ် အက်စ်လာနီကို ခေါ်ယူဖို့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုတွေကို အက်စတွန်ဗီလာ၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က တားဆီးဖို့ ကြိုးပမ်းလာပါတယ်။ ဒီအသင်းတွေ ကတော့ အသက် ၂၃ နှစ် အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း TBR Football က ဖော်ပြပါတယ်။
ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး အတွက် အက်တလက်တီကိုမက်ဒရစ်ကို အံ့အားသင့်ဖွယ် ခေါ်ယူမှု ပြုလုပ်ဖွယ် ရှိနေပါတယ်။ ပိုလန် တိုက်စစ်မှူးကြီး ကိုတော့ အေစီမီလန်နဲ့ အဲလ်နာဆာ တို့က စိတ်ဝင်စားနေကြပါတယ်။
အန်းဒရစ်ခ်ရဲ့ အနာဂတ်ဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ပိုဝေးကွာသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားက မန်ချက်စတာယူနိုက်တက်ထက် လာလီဂါ ကလပ် ရီးရဲလ်ဆိုစီဒက်ကို ပြောင်းရွှေ့ဖို့ ပိုများနေကြောင်း CaughtOffside က ဖော်ပြပါတယ်။

တစ်ဖက်မှာ အာဆင်နယ် ကလည်း ဇန်နဝါရီလမှာ အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေကြောင်း Arsenal Station က ဖော်ပြပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ ဘာစီလိုနာက ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ ကစားသမား နောက်ခံလူ ဒန်နီရယ် မူနော့ဇ် အတွက် အနည်းဆုံး ယူရို သန်း ၃၀ (ပေါင် ၂၆.၁ သန်း) တောင်းဆိုဖို့ ရှိနေကြောင်း သိရပါတယ်။
ကလပ်ပေါင်း များစွာကို ကိုင်တွယ်ခဲ့တဲ့ စပိန် နည်းပြ ရာဖာ ဘင်နီတက်ဇ်ဟာ ဂရိကလပ် ပါနာသီနိုင်းကို့စ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဘင်နီတက်ဇ်က လစ်ဗာပူးလ်၊ အင်တာမီလန်၊ နာပိုလီ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ထိပ်တန်း ကလပ် များစွာကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ပါနာသီနာကို့စ်က သူ့အတွက် ၁၇ သင်းမြောက် ကိုင်တွယ်ရမယ့် အသင်း အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ကိုင်တွယ်ခဲ့သမျှ အသင်းတွေထဲ အောင်မြင်မှုအရှိခဲ့ဆုံး ကတော့ လစ်ဗာပူးလ် ဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေ ရယူနိုင်ခဲ့တာပါ။ အသက် ၆၅ နှစ် အရွယ် ဘင်နီတက်ဇ်က ပါနာသီနာကို့စ်နဲ့ ၂) နှစ်ခွဲ စာချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး တစ်နှစ် လစာ ယူရို ၃.၄၇ သန်း ရရှိမှာကြောင့် ဂရိလိဂ်ရဲ့ လစာအများဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်မှာ အင်တာမိုင်ယာမီနဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် လာမယ့် ဒီဇင်ဘာမှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အတွက် သက်တမ်းတိုး စာချုပ်သစ် ထပ်မံ ချုပ်ဆိုခဲ့တာပါ။ ဒါကြောင့် အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ မက်ဆီကို ၄၁ နှစ် အရွယ် အထိ မြက်ခင်းစိမ်းတွေပေါ်မှာ ဆက်လက် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


