နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက် အယ်လစ္စတာကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတဲ့ ရီးရဲလ်မက်ဒရစ်၊ အိဆက်ခ်ကို ၂၀၂၆ မှာ ခေါ်ယူဖို့ စီစဉ်ထားတဲ့ ဘာစီလိုနာ | လာလီဂါ

အခုတစ်ခါမှာလည်း ဒီနေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ဆိုရင် ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ကလည်း လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဒါကြောင့် ကလပ် နှစ်ခု အကြား ဆွေးနွေးမှုတွေ ကတော့ မကြာခင်မှာ စတင်မယ်လို့ သိရပါတယ်။

လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ၂၀၂၆ ခုနှစ်မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ အိဆက်ခ်ကို အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ တွဲဖက် ကစားစေချင်နေကြကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ ဘာစီလိုနာ တောင်ပံကစားသမား အန်ဆု ဖာတီ အတွက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ကို ဖန်တီးဖို့ စီစဉ်နေကြောင်း ဟယ်လင်နာ ကွန်ဒစ်က ဖော်ပြခဲ့ပါတယ်။ မိုနာကို ကတော့ အသက် ၂၂ နှစ် အရွယ် ကစားသမားကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် စပိန် ကြယ်ပွင့်လေးဟာ ဘာစီလိုနာ အတွက် ၁၂၃ ပွဲ ကစားပြီး ၂၉ ဂိုး သွင်းယူထားပါတယ်။ ဖာတီဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကလည်း ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာကို ပြန်လည် ရောက်ရှိခဲ့ပေမယ့် စုစုပေါင်း ၁၁ ပွဲသာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ်။

လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ၂၀၂၆ ခုနှစ်မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
အိဆက်ခ်ကို အဲလ်ဗာရက်ဇ်နဲ့ တွဲဖက် ကစားစေချင်နေတဲ့ ဘာစီလိုနာ

365scores ရဲ့ ဖော်ပြချက်အရ အက်တလက်တီကိုမက်ဒရစ်ဟာ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်လျက် ရှိနေကြောင်း သိရပါတယ်။ ဥရုဂွေး လက်ရွေးစင်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေက ဦးစားပေး ပစ်မှတ် အဖြစ် ရှုမြင်ထားကြပေမယ့်လည်း အေစီမီလန်နဲ့ နာပိုလီ တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ နူညက်ဇ်ဟာ လစ်ဗာပူးလ်ကို ဝစ်ဇ် ရောက်ရှိဖို့ နီးစပ်လာခြင်းနဲ့ အတူ တခြားသော ကလပ်တွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဘင်ဖီကာ ကတော့ ဘယ်နောက်ခံလူ အဲလ်ဗားရိုး ကာရီးရက်စ်ကို ရီးရဲလ်မက်ဒရစ် ကစားသမားတွေနဲ့ လဲလှယ်ဖို့ လမ်းဖွင့်ထားကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဘင်ဖီကာဟာ သူတို့ရဲ့ ကစားသမား အတွက် ရီးရဲလ်မက်ဒရစ် ဘက်က ဒန်နီ ဆယ်ဘာလော့စ်နဲ့ ဘယ်နောက်ခံလူ ဖရန် ဂါစီယာ တို့ကို ပြန်လိုချင်နေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Relevo ရဲ့ ဖော်ပြချက်အရ အကယ်၍ ဘာစီလိုနာ အနေနဲ့ အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာကို ခေါ်ယူနိုင်ခဲ့ရင် အငှား ပြန်ချဖို့ အတွက် ဗလင်စီယာ ဘက်က ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း အနေနဲ့ ဒီဂိုးသမားကို အငှားမချမီ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅ သန်း (ပေါင် ၂၁ သန်း) အရင်ဆုံး ပေးချေရမှာ ဖြစ်ပါတယ်။ ဒီစပိန် ဂိုးသမား ကိုတော့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ် တချို့ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်