နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီစီးယပ်စ်ရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်နေတာကြောင့် ရောင်းထုတ်ချင်နေတဲ့ ရီးရဲလ်၊ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူစေချင်နေတဲ့ ယာမယ် | လာလီဂါ

လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ မကြာသေးခင်က စွမ်းဆောင်ရည်တွေ ကျဆင်းလာတဲ့ ဗင်နီးစီးယပ်စ်ကို စိတ်ပျက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီ အတွက် သူတို့ လိုချင်တဲ့ ယူရို သန်း ၂၀၀ (ပေါင် ၁၆၈.၄ သန်း) ကိုသာ ပေးချေတဲ့ အသင်း ရှိမယ် ဆိုရင်တော့ လက်လွှတ်သွားဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ် ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ကတိကဝတ် မရှိထားသေးပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ ကိုယ်စားလှယ်တွေ ကတော့ အင်္ဂလန်ကို သွားဖို့ အဆင်သင့် ဖြစ်နေကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။ စပိန်သားကို အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အဓိက စိတ်ဝင်စားနေပေမယ့် လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီးနဲ့ နယူးကာဆယ် တို့ ကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကနေ အငှားထွက် ကစားနေတဲ့ အန်တိုနီ ကိုတော့ လက်ရှိမှာ ခေါ်ယူချင်တဲ့ အသင်းတွေ တော်တော်လေး များပြားလာပြီ ဖြစ်ပါတယ်။ အန်တိုနီကို လက်ရှိ ကလပ် ရီးရဲလ်ဘက်တစ်က အငှားနဲ့ ဆက်လက် ခေါ်ယူဖို့ စဉ်းစားနေပြီး အက်တလက်တီကိုမက်ဒရစ် ကတော့ ဘရာဇီးလ်သားကို အပြီးသတ် ဝယ်ယူဖို့ ချဉ်းကပ်နေပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်နဲ့ ဗီလာရီးရဲလ် တို့ကလည်း အန်တိုနီကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ လက်ရှိမှာ အက်စတွန်ဗီလာနဲ့ ကစားနေပေမယ့် ဒီနွေရာသီ မှာတော့ လာလီဂါ ကလပ်ဆီ အမြဲတမ်း ပြောင်းရွှေ့ ကစားချင်နေကြောင်း သိရပါတယ်။
ဘာစီလိုနာ အနေနဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူစေချင်တဲ့ လာမင်း ယာမယ်

ဟိုဆေး မော်ရင်ဟိုရဲ့ ဖီနာဘာချီ ကတော့ ဂါလာတာဆာရေးမှာ အငှားနဲ့ ကစားနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ကိုတော့ ယူနိုက်တက်၊ ချဲလ်ဆီး တို့နဲ့ အပြိုင် ခေါ်ယူဖို့ စီစဉ်နေပါတယ်။ တူရကီ ကလပ်ဟာ ကင်မရွန်း တိုက်စစ်မှူးကို ယူရို ၇၅ သန်း (ပေါင် ၆၃.၁ သန်း) နဲ့ ကမ်းလှမ်းဖို့ စီစဥ်ထားတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ အသင်းရဲ့ ဦးစားပေး အပြောင်းအရွှေ့ ပစ်မှတ် ဖြစ်တဲ့ လစ်ဗာပူးလ် ကွင်းလယ်လူ လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူနိုင်ဖို့ ဖာမင်း လိုပက်ဇ်ကို ရောင်းချပြီး ရန်ပုံငွေ ရှာဖွေဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

တခြားသော သတင်းတွေ မှာတော့ နီကို ဝီလီယမ်စ်ဟာ ဒီနွေရာသီ ဘီလ်ဘာအို ကနေ မထွက်ခွာခင် ကလပ် အသင်းဖော် တချို့ကို နှုတ်ဆက်စကား စတင် ပြောဆိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ စပိန် တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ကိုသာ စိတ်ဝင်စားနေပြီး အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကလည်း အသည်းအသန် ခေါ်ယူချင်ကြပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ အေစီမီလန်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

လာမင်း ယာမယ် ကတော့ ဘာစီလိုနာ အနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို သဘောကျလျက် ရှိကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ လက်ရှိမှာ အက်စတွန်ဗီလာနဲ့ ကစားနေပေမယ့် ဒီနွေရာသီ မှာတော့ လာလီဂါ ကလပ်ဆီ အမြဲတမ်း ပြောင်းရွှေ့ ကစားချင်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ စထရက်ဘော့ဂ်မှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီး အငှားကစားသမား အန်ဒရီ ဆန်းတို့စ်ကို ချဉ်းကပ်နေပါတယ်။ ဒီဘရာဇီးလ်သားကို ပီအက်စ်ဂျီ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အဲလ်ဟီလာ ကတော့ ကာတာလန် ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေတဲ့ ရာဖင်ညာကို ခေါ်ယူဖို့ မျှော်လင့်ချက်တွေ စွန့်လွှတ်ခြင်း မရှိသေးကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ အေစီမီလန် ကွင်းလယ်လူ တီဂျန်နီ ရီအင်ဒါကို စိတ်ဝင်စားနေပြီး လစ်လပ်နေတဲ့ တိုနီ ခရူးစ်ရဲ့ နေရာမှာ အစားထိုးချင်နေပါတယ်။ နယ်သာလန် လက်ရွေးစင် ကိုတော့ မန်ချက်စတာစီးတီးက ပေါင် ၅၇ သန်း အထက် ပေးချေ‌ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်