ရီးရဲလ်မက်ဒရစ် ကတော့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူဖို့ အတွက် အက်ဒူယာဒို ကာမာဗင်ဂါနဲ့ ရိုဒရီဂို + ငွေသားနဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ်တို့ မရှိတော့တဲ့ နောက်ပိုင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည် အင်အား ဖြည့်တင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ နည်းပြ ဇာဘီ အလွန်ဆို ကိုယ်တိုင်က အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ထိပ်တန်း အဆင့် ကစားသမား တစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း အသင်းကို အသိပေးထားပြီးလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုရှင် ရိုဒရီ ကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အက်တလက်တီကိုမက်ဒရစ် ကနေ မန်စီးတီးကို ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။ စပိန်သားဟာ ပပ် ဂွါဒီယိုလာရဲ့ အသင်းမှာ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့ပြီးတော့ မန်စီးတီး အတွက် မရှိမဖြစ် အဓိက ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့သူပါ။ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းမှာ အသင်းကို အဓိက မောင်းနှင်နေတဲ့ ရိုဒရီက ပြီးခဲ့တဲ့ ရာသီက ACL ဒဏ်ရာ ရရှိခဲ့ပြီး ရာသီကုန် အထိ အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။
ရိုဒရီက ဒီနွေရာသီမှာတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ မန်စီးတီး အတွက် ဝင်ရောက် ကစားပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန် လက်ရွေးစင် ကွင်းလယ် ခံစစ် ကစားသမားက ကလပ် ကမ္ဘာ့ဖလား ၄ ပွဲမှာ စုစုပေါင်း ၁၄၂ မိနစ်သာ ကစားပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရိုဒရီ အနေနဲ့ လာမယ့် ရာသီ မှာတော့ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းမှာ အမာခံ ကစားသမား တစ်ဦး အဖြစ် ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။

CaughtOffside ရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ်က ရိုဒရီ အတွက် ကာမာဗင်ဂါနဲ့ ရိုဒရီဂိုတို့ အပြင် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် မန်စီးတီးက ရိုဒရီကို လက်လွှတ်လိုခြင်း မရှိတာကြောင့် ၂၀၂၉-၂၀၃၀ ရာသီ အထိ စာချုပ် သက်တမ်းတိုးဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ ရိုဒရီရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီးတော့ လက်ရှိ စျေးကွက် တန်ကြေး ကတော့ ယူရို သန်း ၁၁၀ ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ၂၀၂၆ ခုနှစ် မှာတော့ ရိုဒရီရဲ့ တန်ကြေးက ယူရို သန်း ၆၀ ကနေ ၈၀ အကြားထိ လျော့ကျသွားနိုင်ဖွယ် ရှိကြောင်း သုံးသပ်ထားကြပါတယ်။
ရိုဒရီ ကတော့ ၂၀၂၃ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အဆုံးအဖြတ်ဂိုး သွင်းယူနိုင်ခဲ့သလို မကြာသေးခင်က သူပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အဆင့် ထိပ်တန်း ကစားသမား ဖြစ်လာခဲ့သူပါ။ ဒါ့အပြင် စပိန်သားက ပြီးခဲ့တဲ့ ဆောင်းဦးရာသီက ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်း ခံနေရသည့် တိုင်အောင် မန်ချက်စတာ ကနေ ထွက်ခွာလိုကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားခြင်း မရှိသလို မန်နေဂျာ ပပ် ဂွာဒီယိုလာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအချက်ကပဲ လာလီဂါ ထိပ်သီး တို့ အနေနဲ့ ရိုဒရီကို ခေါ်ယူဖို့ အတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်လာဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.