နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခရစ္စတီယန် ရိုမီယိုကို ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ နီကိုးလက်စ် ဂျက်ဆန်ရဲ့ အနာဂတ်ကို စောင့်ကြည့်နေတဲ့ ဘာစီလိုနာ | လာလီဂါ

ဇူလိုင်လ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရပြီးနောက် ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူချင်နေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ လာလီဂါ ထိပ်သီး တို့ဟာ တော့တင်ဟမ်ဟော့စပါးက ခရစ္စတီယန် ရိုမီယို အတွက် ယူရို သန်း ၈၀ (ပေါင် ၆၉ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အယုံအကြည် မရှိ ဖြစ်နေတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။ ဖလစ်ခ်က ရက်ရှ်ဖို့ အစား အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်းကို ပိုမို သဘောကျနေပြီး အားကစား ဒါရိုက်တာ ဒေကို အနေနဲ့လည်း နိုင်ဂျီးရီးယားသားကို မကြာခင်မှာ စတင် ကြိုးပမ်းဖွယ် ရှိနေပါတယ်။

ကွင်းလယ် ကစားသမား ပါဘလို တော်ရေးရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဘာစီလိုနာနဲ့ မာယော့ကာတို့ အကြား ဆွေးနွေးမှုတွေ ရှိနေကြောင်း Mundo Deportivo က ဖော်ပြပါတယ်။ ဘာစီလိုနာ ကတော့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး မာ့ခ် ဒိုမီနက်ချ်ကို စုံစမ်းဖို့ အခွင့်အရေးရခဲ့ကြောင်း သိရပါတယ်။

လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ရဲ့ အနာဂတ်ကို စောင့်ကြည့်နေတယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီး ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေတဲ့ နီကိုးလက်စ် ဂျက်ဆန်

လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ရဲ့ အနာဂတ်ကို စောင့်ကြည့်နေတယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ လီယမ် ဒီလက်ပ်နဲ့ ယာအို ပက်ဒရို တို့ကို ဒီနွေရာသီမှာ ခေါ်ယူခဲ့ပြီးနောက် ဆီနီဂေါ လက်ရွေးစင်ကို အငှားချသွားဖွယ် ရှိနေပါတယ်။

စပို့တင်းလစ္စဘွန်း ကတော့ ဗစ်တာ ယိုကီးရက်စ် နေရာမှာ အစားထိုးဖို့ အတွက် ရီးရဲလ်မက်ဒရစ်မှ နေရာမရဖြစ်နေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ် လူငယ် ကြယ်ပွင့်လေးဟာ လက်တလော ဒဏ်ရာပြန်ရသွားခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ်နဲ့ စပို့တင်းလစ္စဘွန်းတို့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပြီး ကွာဟချက် ၅ သန်းကို ညှိနှိုင်းရခက်ခဲနေဆဲ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီ ကတော့ အက်တလက်တီကိုမက်ဒရစ်က ရိုဒရီဂို ဒီပေါလ်ကို ခေါ်ယူရာမှာ လီယွန်နယ် မက်ဆီအား အသုံးချဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီဟာ ဒီနွေရာသီမှာ လီယွန်နယ် မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေရသလို မက်ဆီရဲ့ သူငယ်ချင်း ဖြစ်တဲ့ ရိုဒရီဂို ဒီပေါလ် ကိုလည်း ခေါ်ယူဖို့လည်း ကြိုးပမ်းထားပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ အာဂျင်တီးနား ကွင်းလယ်လူဟာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ မာ့ခ် ကာဆာဒို အတွက် လေဗာကူဆင်ကို ယူရို သန်း ၅၀ တောင်းဆိုထားကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဆိုးရွားနေတဲ့ ခံစစ်ပိုင်းကို အဲလ်ဗားရိုး ကာရီးရက်စ်နဲ့ ပြန်လည် ပြင်ဆင်နိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ကာရီးရက်စ် ဟာ ရီးရဲလ်မက်ဒရစ်ကို ယူရို သန်း ၅၀ နဲ့ မကြာခင်မှာ ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး တစ်လုံးတစ်ခဲတည်း ပေးချေသွားမယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်