ဇွန်လ ၂၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ စပို့တင်းလစ္စဘွန်း ဗဟိုခံစစ်မှူး အူစမန်နီ ဒီယိုမန်ဒီကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို သန်း ၆၀ တန်ကြေး ရှိနိုင်ပြီး ကမ်းလှမ်းမှုတွေ မကြာခင် စတင်တော့မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဆီဗီလာ ကတော့ အသင်းရဲ့ ကွင်းလယ်လူ လူစီယန် အဂူမီကို ဆက်လက် ထိန်းသိမ်းထားဖို့ အတွက် စာချုပ်သက်တမ်းတိုးတို့ ကြိုးပမ်းနေကြောင်း မက်ဆီမိုဒီလာ ခရုဇ် ရာမီယက်ဇ်က ရေးသား ဖော်ပြခဲ့ပါတယ်။ အာဆင်နယ် အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ သောမတ်စ် ပါတေးရဲ့ နေရာမှာ အစားထိုးဖို့ ပြင်သစ်သားကို ခေါ်ယူလိုနေပါတယ်။
ဘေယန်မြူးနစ် ကတော့ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့သေးကြောင်း ဖလော်ရီယန် ပလက်တင်ဘက်ဂျ်က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန် လက်ရွေးစင် ကစားသမား ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အာရုံစိုက်နေတာကြောင့် ဆွေးနွေးညှိနှိုင်းဖို့ကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာ ကတော့ ဗဟိုခံစစ်မှာ ပါအူ ကူဘာဆီနဲ့ ရေရှည် တွဲဖက်ကစားဖို့ ကစားသမားသစ် ရှာဖွေလိုနေပြီးတော့ အင်ဒီပန်ဒီယန်တီက ကီဗင် လိုမိုနာကို ကို စိတ်ဝင်စားနေကြောင်း El Nacional က ဖော်ပြထားပါတယ်။ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမား ကိုတော့ ဘုန်းမောက်နဲ့ ဝက်စ်ဟမ်း တို့ကလည်း စိတ်ဝင်စားလျက် ရှိနေကြောင်း သိရပါတယ်။

ဖီနာဘာချီ ကတော့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ လူးကပ်စ် ဗက်ဇ်ကွက်ဇ်ကို ခေါ်ယူဖို့ စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဒီကစားသမား ကတော့ ဒီနွေရာသီမှာ ဆန်တီယာဂို ဘာနေဗျူးကို စွန့်ခွာဖို့ သေချာနေခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ ဗက်ဇ်ကွက်ဇ်ဟာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားပါတယ်။
ဘာစီလိုနာ ကတော့ ကိုပေဟေဂင်ရဲ့ အသက် ၁၉ နှစ် အရွယ် ဆွီဒင် တိုက်စစ်မှူး ရွန်နီ ဘာဂီရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီကစားသမား ကတော့ တစ်ချိန်က နယ်သာလန် ဂန္တဝင် အာဂျန် ရော်ဘင်နဲ့ ခိုင်းနှိုင်းခံထားရသူ ဖြစ်ပြီး ဘာစီလိုနာက အရ ခေါ်ယူထားဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကလည်း လေဗာကူဆင်မှာ ခြေစွမ်းပြနေတဲ့ အသက် ၂၉ နှစ် အရွယ် ဘယ်နောက်ခံလူ အလက်ဟန်ဒရို ဂရီမဲလ်ဒိုကို လာလီဂါ ဆီ ပြန်လည် ခေါ်ယူသွားချင်နေကြောင်း သိရပါတယ်။ စပိန် လက်ရွေးစင် ကတော့ ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ဘင်ဖီကာမှာ ၈ ရာသီကြာ ကစားပြီးနောက် လေဗာကူဆင်မှာ နှစ်ရာသီ ကစားထားပါတယ်။ သူက ဇာဘီ အလွန်ဆိုနဲ့ လေဗာကူဆင်မှာ လက်တွဲခဲ့ဖူးပြီးတော့ တောင်ပံ ကစားသမား ဖြစ်ပေမယ့် ကောင်းမွန်တဲ့ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ရဲ့ ဒုတိယမြောက် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ၉၈ ရာခိုင်နှုန်း သေချာနေပြီလို့ သိရပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နီကို ဝီလီယမ်စ်ဟာ ဘာစီလိုနာဆီ ၆ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီထားပြီး ဖြစ်သလို တစ်နှစ် လုပ်ခ ယူရို ၇ သန်း သို့မဟုတ် ၈ သန်း ရရှိသွားမယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.