ဒီနေ့အတွက် နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ခေါ်ယူဖို့ လက်လွှတ်လိုက်ရပြီ ဖြစ်တာကြောင့် တခြားသော ပစ်မှတ် တစ်ဦးကို ရှာဖွေလျက် ရှိကြောင်း သိရပါတယ်။ AS ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးက ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အိပ်မက် ပစ်မှတ် ဖြစ်ပြီး လာမယ့် ၂၀၂၆ နွေရာသီမှာ ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဘေယန်မြူးနစ် ကတော့ ရီးရဲလ်ဆိုစီဒက် တောင်ပံကစားသမား တာကာဖူဆာ ကူဘိုကို ယူရို ၃၅ သန်း (အမေရိကန် ဒေါ်လာ ၄၀.၅ သန်း)နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒါကြောင့် ဇူဘီမန်ဒီဟာ ဒီနွေရာသီမှာ ရီးရဲလ်ဆိုစီဒက် ကနေ ထွက်ခွာမယ့် တစ်ဦးတည်းသော ကစားသမား မဟုတ်နိုင်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာဟာ ကွင်းလယ် ကစားသမား ဖာမင်း လိုပက်ဇ်ကို အလောတကြီး ရောင်းထုတ်ဖို့ မမျှော်လင့်ပေမယ့် များပြားလှတဲ့ ကမ်းလှမ်းမှုတွေ ကိုတော့ နားထောင်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ချန်ပီယံတွေဟာ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူချင်ရင်တော့ အသင်းမှာ ရှိတဲ့ အဓိက ကစားသမား တချို့ကို ရောင်းထုတ်သွားရဖို့ ရှိနေကြောင်း သိရပါတယ်။

လေဗာကူဆင် ကတော့ ဖလော်ရီယန် ဝစ်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ် တိုက်စစ် ကစားသမား ဘရာဟင်မ် ဒီးယက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ဒီးယက်ဇ် အတွက် လျစ်လျူရှုဖို့ ခဲယဉ်းတဲ့ ကမ်းလှမ်းမှုနဲ့ မကြာခင်မှာ ရီးရဲလ်မက်ဒရစ်ထံ ကမ်းလှမ်းဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ရီးရဲလ်ဘက်တစ် ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီကို အပြီးသတ် ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့်လည်း လစ်ဗာပူးလ် တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာ ကိုလည်း တခြားသော ရွေးချယ်မှု အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ TodoFichajes ရဲ့ ဖော်ပြချက်အရ အီတလီသားဟာ အသင်း ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကိုနဲ့ နီကို ဝီလီယမ်စ်ရဲ့ အေးဂျင့် ဖြစ်သူတို့ တွေ့ဆုံခဲ့အပြီး မှာတော့ နူးကမ့်ပ် ကိုသာ ပြောင်းရွှေ့ခွင့်ရမယ် ဆိုရင် လစာလျှော့ယူပေးမယ်လို့ ကစားသမား ဘက်က တုံ့ပြန်လာခဲ့ကြောင်း သိရပါတယ်။ စပိန်သားဟာ အာဆင်နယ်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ အဓိက ပစ်မှတ် ဖြစ်ပေမယ့် လက်ရှိမှာတော့ အခွင့်အရေးက ဘာစီလိုနာ လက်ထဲကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘီလ်ဘာအို ကလည်း သူတို့ ကြယ်ပွင့်ကို လက်မလွှတ်ချင်ဘဲ လုပ်ခ လစာ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကတော့ ရီးရဲလ်ဘက်တစ်ရဲ့ ကြယ်ပွင့် ဂျီးဆပ်စ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ အသက် ၁၉ နှစ် အရွယ် ဒီကစားသမား ကတော့ ပြီးခဲ့တဲ့ ရာသီက ဗလင်စီယာ အတွက် ခြေစွမ်းပြ ကစားနိုင်ခဲပြီးနောက် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့သူပါ။လီဂူးဝမ်း ကလပ် မိုနာကို ကတော့ အန်ဆု ဖာတီရော ပေါလ် ပေါ့ဘာ ကိုပါ တပြိုင်နက် ခေါ်ယူဖို့ အတွက် စီစဉ်နေကြောင်း သိရပါတယ်။ ပေါ့ဘာကို နှစ်နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပြီ ဖြစ်ကာ ကစားသမား ဘက်က မီးစိမ်းပြဖို့ ကိုသာ စောင့်နေရတာ ဖြစ်ပါတယ်။ အန်ဆု ဖာတီ ကိုတော့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ညှိနှိုင်းနေရကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.