ဇူလိုင်လ ၂၃ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ ရေရှည်အစီအစဉ်မှာ အီဘရာဟီမာ ကိုနာတေးနဲ့ ဝီလီယမ် ဆလီဘာ တို့ကို ခေါ်ယူဖို့ ပါဝင်ကြောင်း သိရပါတယ်။ ကစားသမား နှစ်ဦးစလုံး ကတော့ စပိန်ကို ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်နဲ့ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ရဲ့ စာချုပ်သစ် အတွက် ကမ်းလှမ်းမှုတွေကို ငြင်းဆိုထားကြောင်း သိရပါတယ်။
နောက်ထပ် ပရီးမီးယားလိဂ် ကြယ်ပွင့် ဖြစ်တဲ့ ချဲလ်ဆီး ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ် ကတော့ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ အာဂျင်တီးနားသားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ယူရို သန်း ၁၅၀ (ပေါင် သန်း ၁၃၀) ဝန်းကျင် အသုံးပြုရဖို့ ရှိနေပါတယ်။

လာလီဂါ ကလပ် ဘီလ်ဘာအို ကတော့ အဲလ်နာဆာ ဗဟိုနောက်ခံလူ အမ်းမရစ်ခ် လာပေါ့တ်ကို ပြန်လည် ခေါ်ယူဖို့ အပြည့်အ၀ သဘောတူညီမှု ရရှိခဲ့ကြောင်း RADIO MARCA က ဖော်ပြသည်။
Carles Fité ရဲ့ ဖော်ပြချက်အရ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတ်တလိုနီးယားကို ရောက်ရှိလာခြင်းက ဟန်စီ ဖလစ်ခ်ရဲ့ အသင်း အတွင်း တက်ကြွမှုကို ထိခိုက်မှာကို ဘာစီလိုနာ တာဝန်ရှိသူတွေ အနေနဲ့ စိုးရိမ်နေတယ်လို့ သိရပါတယ်။
ဘာစီလိုနာ အနေနဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူနိုင်ဖွယ် ရှိကြောင်း ဖော်ပြနေတဲ့ အံ့အားသင့်စရာ သတင်းတွေက မဟုတ်မှန်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အီဘရာဟီမာ ကိုနာတေးအား ခေါ်ယူမှုကို အရှိန်မြှင့်ဖို့ အတွက် အသင်းရဲ့ ကစားသမား ဘရာဟင်မ် ဒီးယက်ဇ်ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အသုံးချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ တနည်းအားဖြင့် ဇာဘီ အလွန်ဆိုရဲ့ အသင်းက ကိုနာတေး အတွက် ပေါင် ၂၅ သန်းလောက်သာ အသုံးပြုဖို့ ရှိနေကြောင်း သိသာထင်ရှားခဲ့ပါတယ်။
ဘရာဟင်မ် ဒီးယက်ဇ် ကတော့ မာဆေးဆိုက်ဒ် ကနေ မက်ဒရစ်ကို ပြောင်းရွှေ့နိုင်တဲ့ တစ်ဦးတည်းသော ကစားသမားတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လစ်ဗာပူးလ် ကလည်း အော်ရီလီယန် ချူအာမန်နီရဲ့ အခြေအနေကို စောင့်ကြည့်နေတာကြောင့် ဖြစ်ကြောင်း E-Notícies က ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ရီနီယာရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း AS က ဖော်ပြခဲ့ပါတယ်။ တစ်ချိန်က ထင်ရှားကျော်ကြားခဲ့တဲ့ ဘရာဇီးလ် ကစားသမား ကတော့ သူ့ရဲ့ အလားအလာကောင်းတွေကို ချပြနိုင်ခြင်း မရှိခဲ့တာကြောင့် အငှား ကစားသမား အဖြစ်နဲ့ပဲ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။
ရောဘတ် လီဝမ်ဒေါစကီး ကတော့ ရက်ရှ်ဖို့ဒ် ရောက်ရှိလာခြင်းက သူ့အတွက် “စိန်ခေါ်မှု”လို့ ခံစားနေရကြောင်း El Nacionalက ဖော်ပြပါတယ်။ လီဝမ်ဒေါစကီး ကတော့ လာမယ့် ရာသီဟာ သူ့ အတွက် ဘာစီလိုနာနဲ့ နောက်ဆုံး ရာသီ ဖြစ်ဖို့ များနေသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.