အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဈေးသက်သာတဲ့ ဗဟိုနောက်ခံလူ အများအပြားကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေသူတွေဟာ တော့တင်ဟမ်ဟော့စပါးရဲ့ မစ်ကီ ဗန်ဒီဗန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ အနာဂတ် အတွက် နောက်ဆုံး အဆင့် အနေနဲ့ စာချုပ်သစ်ချုပ်ဆို ရမယ်လို့ သတိပေးထားကြောင်း သိရပါတယ်။ မဟုတ်ရင်တော့ ၂၀၂၇ ခုနှစ်မှာ ချက်ချင်း ရောင်းချခြင်း ဒါမှမဟုတ် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးသွားမယ်လို့ သတိပေးထားကြောင်း သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ကတော့ အဲလ်ကလက်ဆီကို ပွဲစဉ် အတွင်း သူ့ရဲ့ စိတ်ပျက် အားငယ်မှုကို ထပ်မံ သည်းခံတော့မှာ မဟုတ်ကြောင်း ပြသထားပါတယ်။
ဘာစီလိုနာ အဝတ်လဲခန်းထဲက ကစားသမား အများအပြားဟာ လာမင်း ယာမယ်ရဲ့ အပြုအမူနဲ့ သဘောထား အပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ စပိန် ဆယ်ကျော်သက်လေးဟာ လက်ရှိမှာ လမ်းကြောင်းမှန်ပေါ်က သွေဖယ်နေတယ်လို့ ယုံကြည်နေကြကြောင်း El Nacional က ဖော်ပြပါတယ်။
ဘာစီလိုနာ မန်နေဂျာ ဟန်ဆီ ဖလစ်ခ် ကတော့ အားကစားဒါရိုက်တာ ဒေကိုကို ထိပ်တန်း ဗဟိုနောက်ခံလူ တစ်ဦး ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ လက်ရှိမှာ ဘိုရပ်ရှား ဒေါ့မန်က နီကို ရှလော့တ်တာဘက်ခ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဖလစ်ခ် ကလည်း ဒီကစားသမားကို ခေါ်ယူဖို့ သဘောတူညီခဲ့ကြောင်း E-Notícies က ဖော်ပြပါတယ်။
မေဂျာလိဂ် လာမယ့် ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ဘာစီလိုနာက အဲလ်အေအက်ဖ်စီ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ရေတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း Fichajes က ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ် ကတော့ ဘာစီလိုနာကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အဲလ်ကလက်ဆီကို ပွဲမှာ ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ် မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဲလ်ကလကဆီကို ပွဲအပြီးမှာ ဗင်နီးစီးယပ်စ် အပါအဝင် ရီးရဲလ်မက်ဒရစ် ကစားသမား တချို့ဟာ ဘာစီလိုနာ ကစားသမားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ “အဲလ်ကလက်ဆီကိုက ဒီလိုပါပဲ။ ကွင်းတွင်း ကွင်းပြင် ဖြစ်ပျက်တာတွေ များစွာ ရှိပါတယ်။ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်ဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် အဲဒါက အမြဲတမ်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဘာဆာ ကစားသမားတွေ၊ ပရိသတ်တွေ စတဲ့ ဘယ်သူ့ကိုမှ တိုက်ခိုက်လိုစိတ် မရှိပါဘူး။ ဒါကို ကျွန်တော်တို့ ကွင်းထဲဝင်ကတည်းက သိထားပါတယ်။ ကျွန်တော်တို့ အသင်း ကိုတော့ ကာကွယ်ရပါမယ်။ ဒီနေ့တော့ အဲဒီလိုဖြစ်ခဲ့ပါတယ်။” လို့ ဗင်နီးစီးယပ်စ်က ပြောကြားခဲ့ပါတယ်။
ဗင်နီးစီးယပ်စ်ဟာ ပွဲပြီးချိန် ကွင်းထဲ ဝင်လာပြီး ဘာစီလိုနာ ကစားသမား ယာမယ်နဲ့ အချေအတင် ဖြစ်ခဲ့တာပါ။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဝါကတ် ပြသခံရတဲ့ ၅ ဦးထဲမှာ ဗင်နီးစီးယပ်စ်လည်း ပါဝင်ခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်ဟာ ၇၂ မိနစ်မှာ လူစားလဲခံရချိန် ပေါက်ကွဲခဲ့ကာ အဝတ်အစားလဲခန်းထဲ တန်းဝင်သွားခဲ့ပြီး နောက်ပိုင်းမှ အရန်ခုံမှာ ပြန်လာထိုင်ခဲ့ပါတယ်။
တံကောက်ကြော ဒဏ်ရာ ရရှိထားတဲ့ ဒီဘရွန်းနား ကတော့ လာမယ့်နှစ်မှ ဘောလုံး ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။ အသက် ၃၄ နှစ် အရွယ် ဒီဘရွန်းနားဟာ အင်တာမီလန်ကို ၃-၁ နဲ့ အနိုင်ရတဲ့ ပွဲရဲ့ ပထမပိုင်း ၃၃ မိနစ်မှာ ပယ်နယ်တီဂိုးကို သွင်းယူရင်း ဒဏ်ရာရခဲ့တာ ဖြစ်တယ်။ ဒီဘရွန်းနားကို ဆေးရုံကို ခေါ်ဆောင်သွားပြီး စမ်းသပ် စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဘရိုင်းနား အနားယူရမယ့် ကာလ အပေါ် နာပိုလီ ဘက်က သတင်းထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။ သတင်းတွေ မှာတော့ ဒီဘရွန်းနား အနေနဲ့ အခုနှစ် အတွင်း ဘောလုံး ပြန်မကစားနိုင်လောက်တော့ဘူးလို့ ဖော်ပြနေကြပါတယ်။ ဒီဘရွန်းနားဟာ စီးရီးအေ ၈ ပွဲမှာ ၄ ဂိုး အထိ သွင်းယူထားပြီး ချန်ပီယံလိဂ် ၃ ပွဲ စလုံး ပါဝင်ကစားထားပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ကတော့ ဆားဘီးယား ကွင်းလယ် ကစားသမား မီလင် ကိုဗစ် ဆာဗစ်ကို ၂၀၂၈ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၃၀ အရွယ် မီလင်ကိုဗစ် ကတော့ ၂၀၂၃ နွေရာသီမှာ လာဇီယို ကနေ အဲလ်ဟီလာကို ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အဲလ်ဟီလာက သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဟီလာမှာ လစာ အဖြစ် တစ်နှစ် ယူရို ၂၅ သန်း ရရှိနေတဲ့ မီလင်ကိုဗစ်ဟာ လာမယ့် ဇန်နဝါရီမှာ ဥရောပကို ပြန်လည် ပြောင်းရွှေ့ ကစားဖွယ် ရှိကြောင်း သတင်းထွက်ခဲ့ပေမယ့် အဲလ်ဟီလာမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


