နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီရာသီ အဲလ်ကလက်ဆီကို တွေ့ဆုံမှု ၄ ကြိမ်စလုံး ဘာစီလိုနာကို ဒူးထောက်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ အဲလ်ကလက်ဆီကို လာလီဂါ ပွဲစဉ် ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ဦးဆောင်ဂိုး သွင်းလိုက် ဘာစီလိုနာက Comeback ပြလိုက်၊ ရီးရဲလ်မက်ဒရစ်က ချေပဂိုး လိုက်သွင်းလိုက်နဲ့ ဖျော်ဖြေမှု ရသတော့ အပြည့်အဝ ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်တို့ အကောင်းဆုံး ပုံစံ ရနေတဲ့ ဘာစီလိုနာကို သရေတောင် မကစားနိုင်ခဲ့ပဲ ဒီရာသီ တွေ့ဆုံမှု ၄ ကြိမ်စလုံး ရှုံးနိမ့်ခြင်းနဲ့ အတူ လက်ကျန် ဆုဖလား မျှော်လင့်ချက် ဖြစ်တဲ့ လာလီဂါ မှာ ချန်ပီယံ ဖြစ်ရေး အိမ်မက် ကိုလည်း စွန့်လွှတ်လိုက်ရဖို့ များသွားခဲ့ပါပြီ။

ဒီနေ့ပွဲမှာ ဘာစီလိုနာ ဘက်မှာ ကွန်ဒေးနဲ့ ဘာနဲလ် တို့က လွဲလို့ လူစုံ ပွဲထွက်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ ဒဏ်ရာရနေတဲ့ ကာမာဗင်ဂါ၊ ဖာလန်း မန်ဒီ၊ ရူဒီဂါ အပါအဝင် ခံစစ် ကစားသမားတွေ လွဲချော်ခဲ့ကြပါတယ်။ ဘာစီလိုနာရဲ့ တိုက်စစ်ကို ဖာရန်း တောရက်စ်ပဲ ဦးဆောင်လာခဲ့ပြီး ယာမယ်၊ ရာဖင်ညာ၊ အော်လမို၊ ပက်ဒရီ၊ ဒီယောင်၊ ဂါစီယာ၊ ရှက်ဇီနီ တို့နဲ့ ပါဝင်ခဲ့သလို ရီးရဲလ်မက်ဒရစ် ကလည်း ဒဏ်ရာရ ကစားသမားတွေ ရှိနေသည့်တိုင်အောင် အမ်ဘာပေး၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်၊ ဂူလာ၊ ဗယ်လ်ဗာဒီ၊ ဆယ်ဘာလော့စ်၊ ချူအာမန်နီ၊ ဗက်ဇ်ကွက်ဇ် တို့နဲ့ တတ်နိုင်သမျှ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုခဲ့ပါတယ်။

ဒီပွဲ အပြီးမှာ ဘာစီလိုနာက လာလီဂါ အမှတ်ပေးဇယား ထိပ်ကနေ ရီးရဲလ်မက်ဒရစ်ကို ၇ မှတ်ဖြတ် ဦးဆောင်လိုက်ပြီး လက်ကျန် ၃ ပွဲမှာ အနည်းဆုံး တစ်ပွဲနိုင်ရင်ကို ချန်ပီယံ ဖြစ်ပါပြီ။
ဘာစီလိုနာနဲ့ ၇ မှတ် အထိ ပြတ်တောက်သွားပြီ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ဧည့်သည် ရီးရဲလ်မက်ဒရစ်ဟာ ပွဲအစ ၅ မိနစ်မှာတင် ဦးဆောင်ဂိုး ရရှိခဲ့သလို ၁၄ မိနစ် မှာလည်း ပင်နယ်တီက တစ်ဆင့် အမ်ဘာပေး ကပဲ ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ရဲ့ ပျော်ရွှင်မှုတွေဟာ မိနစ်ပိုင်း အတွင်း ပြီးဆုံးခဲ့ရပြီး ဘာစီလိုနာက ၂၆ မိနစ် အတွင်း ၄ ဂိုး ပြန်သွင်းသွားခဲ့လို့ ပထမပိုင်း အပြီးမှာ ဘာဆာက ၄-၂ ရလဒ်နဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အတွက် ဂိုးတွေ ကိုတော့ ၁၉ မိနစ်မှာ ဂါစီယာ၊ ၃၂ မိနစ်မှာ ယာမယ်၊ ၃၄ မိနစ်နဲ့ ၄၅ မိနစ် တို့မှာ ရာဖင်ညာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချေပဂိုး ရရှိရေး တင်ကစားလာတဲ့ ရီးရဲလ်မက်ဒရစ်တို့ သွင်းဂိုး ၁ ဂိုးတော့ ထပ်ရခဲ့ပြီး အမ်ဘာပေးက သွင်းယူပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘာစီလိုနာတို့ အခွင့်အရေးတွေ ရခဲ့သလို ချူအာမန်နီ သိသိသာသာ လက်ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ မပေးတာကြောင့် အိမ်ရှင်တို့ နစ်နာခဲ့ရကာ ၄-၃ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

အမ်ဘာပေး အနေနဲ့တော့ အဲလ်ကလက်ဆီကို ဟက်ထရစ် ရခဲ့ပေမယ့် အသင်းက ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ လာလီဂါ မျှော်လင့်ချက်လည်း ကုန်ဆုံးသွားလို့ ပျော်ရွှင်စရာတော့ မရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ အဲလ်ကလက်ဆီကို တွေ့ဆုံမှု ၄ ကြိမ်စလုံးမှာ ဘာစီလိုနာကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ခြေစွမ်းအရရော၊ စိတ်ဓာတ်ပိုင်းအရပါ ကွာခြားမှုတွေ မြင်တွေ့ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်တို့ အန်ဆယ်လော့တီနဲ့ လမ်းခွဲခဲ့တာ မှန်ကန်တယ်လို့တောင် ပြောရပါမယ်။ ဒီပွဲ အပြီးမှာ ဘာစီလိုနာက လာလီဂါ အမှတ်ပေးဇယား ထိပ်ကနေ ရီးရဲလ်မက်ဒရစ်ကို ၇ မှတ်ဖြတ် ဦးဆောင်လိုက်ပြီး လက်ကျန် ၃ ပွဲမှာ အနည်းဆုံး တစ်ပွဲနိုင်ရင်ကို ချန်ပီယံ ဖြစ်ပါပြီ။

ဘာစီလိုနာဟာ လာလီဂါ လက်ကျန် ပွဲစဉ်တွေ အဖြစ် အက်စ်ပန်ညို၊ ဗီလာရီးရဲလ်၊ ဘီလ်ဘာအို တို့နဲ့ ကစားရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကတော့ မာယော့ကာ၊ ဆီဗီလာ၊ ဆိုစီဒက် တို့နဲ့ တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။ 

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်