အခုတစ်ခါမှာတော့ နိုဝင်ဘာ ၇ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ဘရာဇီးလ် တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို စိတ်ဝင်စားနေပါတယ်။ မန်စီးတီးဟာ ကီဗင် ဒီဘရွန်းနားရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကစားသမား အဖြစ် သတ်မှတ်ထားပြီး ကစားသမား ကိုလည်း ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် မချုပ်ဖို့ အထူး တောင်းဆိုထားကြောင်း သိရပါတယ်။
ဒါပေမယ့်လည်း ရှေ့လတွေ အတွင်း လာလီဂါ ကလပ်ရဲ့ “ထိပ်တန်း ဦးစားပေး” ကိစ္စ တစ်ခုက ဗင်နီးစီးယပ်စ်ကို စာချုပ်သပ်တမ်းတိုးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က နီကို ပက်ဇ် ကို ခေါ်ယူဖို့ ကိုလည်း မဖြစ်မနေ လုပ်ဆောင်ရမယ့် စာရင်းထဲမှာ ထည့်သွင်ထားတယ်လို့ သိရပါတယ်။
ရောဘတ် လီဝမ်ဒေါစကီး ကတော့ နောက်နှစ်မှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆုံးဖြတ်ချက်မချခင်မှာ စာချုပ်သစ် အတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းချက်ကို နားထောင်ဖို့ မျှော်လင့်နေကြောင်း စပိန်သတင်းစာ SPORT က ဖော်ပြပါတယ်။
ချဲလ်ဆီးဟာ လာမယ့် ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို အတွက် ယူရို ၈၀ သန်း (ပေါင် ၇၀.၅ သန်း၊ ဒေါ်လာ ၉၁.၉ သန်း) အထိ သုံးစွဲဖို့ အသင့်ရှိနေပါတယ်။ ဘရာဇီးလ်သားကို အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက်နေကြပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ မန်ချက်စတာစီးတီး ဗဟိုနောက်ခံလူ ဂျွန်စတုန်းစ်ကို စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပြီး သူဟာ ဒီနွေရာသီမှာ အလွတ် အေးဂျင့် ဖြစ်လာမှာပါ။
ဒါယော့တ် အူပါမီကာနိုရဲ့ အေးဂျင့် ကတော့ သူ့ရဲ့ ကစားသမား အနေနဲ့ ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး လတွေထဲ ရောက်ရှိလာချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း Indykalia က ဖော်ပြပါတယ်။
ကလပ် အသင်း လက်မဲ့ ဖြစ်နေတဲ့ အဲရစ်ခ် တန်ဟက်ဂ်ဟာ သူ့အသင်းဟောင်း အေဂျက်စ်ကို ပြန်လည် ကိုင်တွယ်သွားဖို့ ရှိနေကြောင်း နယ်သာလန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။ အေဂျက်စ် အိမ်ကွင်းမှာ ဂါလာတာဆာရေးကို ၃-၀နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ၄ ပွဲ ကစား၊ ပွဲတိုင်း ရှုံးခဲ့သလို ပြည်တွင်းလိဂ် မှာလည်း ထိပ်ဆုံးက ဖီယင်နော့ဒ်နဲ့ ၈ မှတ် အထိ ပြတ်တောက်နေပြီ ဖြစ်တာကြောင့် နည်းပြ ဖြစ်သူ ဟိုင်တင်ဂါကို ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဲရစ်ခ် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက လေဗာကူဆင်ကို ကိုင်တွယ်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ ရာသီအစ ၂ ပွဲ အပြီးမှာပဲ ရာထူးကနေ ရုတ်တရက် အထုတ်ခံခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အချိန်တိုအတွင်း ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ အဖြစ် မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။ အဲရစ်ခ် တန်ဟက်ဟာ အေဂျက်စ်ကို ၂၀၁၇ ကနေ ၂၀၂၂ ခုနှစ် အထိ ၄ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက် မှာတော့ နယ်သာလန် အမှတ်ပေးဖလား ၃ ကြိမ် အပါအဝင် ပြည်တွင်း ဆုဖလား ၅ ကြိမ် အထိ ရယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာ ကြယ်ပွင့် လာမင်း ယာမယ်ဟာ ကမ္ဘာ့တန်ဖိုး အရှိဆုံး အသက် ၂၀ အောက် လူငယ် ကစားသမား စာရင်းကို ဦးဆောင်နေပါတယ်။ အာဆင်နယ်၊ စပါး၊ ချဲလ်ဆီး တို့က လူငယ်ကစားသမားတွေနဲ့ အပြိုင် ယာမယ်က တန်ကြေး မြင့်တက်လာခဲ့တာ ဖြစ်ပြီး နာမည်ကျော် CIES ရဲ့ တွက်ချက်မှုအရ ယာမယ်ရဲ့ တန်ကြေးက ပေါင် ၃၀၈ သန်း အထိ ရှိလာခဲ့တာပါ။ ဘယ်လွန်ဒေါမှာ ဒုတိယရခဲ့တဲ့ အသက် ၁၈ နှစ် အရွယ် ကစားသမားက ဘာစီလိုနာ အသင်းကြီး အတွက် စုစုပေါင်း ၁၁၆ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၃၀ နဲ့ ဖန်တီးမှု အကြိမ် ၄၀ အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


