အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ် မရှိတော့တာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး အတိုင်းအတာ တစ်ခု အထိ ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဗီလာက ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် ကစားသမား ကတော့ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့သာ စဉ်းစားထားကြောင်း သိရပါတယ်။
Marca ရဲ့ ဖော်ပြချက်အရ ဆိုရင် အသက် ၂၇ နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမားဟာ လာလီဂါ ချန်ပီယံတွေဆီ ပြောင်းရွှေ့နိုင်ဖို့ အတွက် လစာလျှော့ယူဖို့ အထိပါ သဘောတူညီထားကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေမျိုးစုံ ထွက်ပေါ်နေချိန် လက်တလောမှာ စပိန် နိုင်ငံ အတွင်း လေ့ကျင့်ရေး အစီအစဉ်တွေ စတင်နေပြီလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ နောက်ပိုင်း နှစ်တွေ အတွင်း ခြေစွမ်းပြဖို ရုန်းကန်ခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီ မှာတော့ အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားရင်း ၁၇ ပွဲ မှာ ၄ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေက စောင့်ကြည့်လာခဲ့ကြပါတယ်။ လက်ရှိမှာတော့ ရက်ရှ်ဖို့ဒ်ဟာ လာလီဂါကို ခြေချဖို့ ရည်မှန်းထားတဲ့ သူ့ရဲ့ ရည်ရွယ်ချက် အတိုင်း တွန်းအားပေး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ ကလည်း လာမယ့် ရာသီအတွက် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို စီစဉ်နေပြီး ဒေကို ကိုယ်တိုင် ကလည်း ရက်ရှ်ဖို့ဒ်ကို သဘောကျကြောင်း ဝန်ခံထားပါတယ်။ လက်ရှိ ဘာစီလိုနာရဲ့ တိုက်စစ်ဟာ တောင့်တင်းလွန်းနေပေမယ့်လည်း ဘာစီလိုနာဟာ ပိုပြီး ထက်မြက်တဲ့ တိုက်စစ် အဖြစ် တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက် တချို့ကြောင့် အခက်အခဲ ရှိနေချိန်မှာ ရက်ရှ်ဖို့ဒ်ရဲ့ လစာလျှော့ယူမယ့် ဆုံးဖြတ်ချက်က အပြောင်းအရွှေ့ကို ပိုမို လွယ်ကူစေခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ နည်းပြ ဟန်ဆီ ဖလစ်ခ် လက်အောက် အပြောင်းအရွှေ့ ဈေးကွက် အတွင်း တက်တက်ကြွကြွ လုပ်ဆောင်နေတာကြောင့် ငွေကြေး ပြဿနာသာ ရှိမနေရင် အင်္ဂလန်သားဟာ ကတ်တာလန် ကလပ်ရဲ့ အဓိက ခေါ်ယူမှုတွေထဲက တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။
စပိန် အခြေစိုက် Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကိုဟာ ပြီးခဲ့တဲ့ မေလတုန်းက ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံခဲ့တယ်လို သိရပါတယ်။ ကစားသမားနဲ့ ကလပ် နှစ်ဖက်စလုံးဟာ ဒီနွေရာသီမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ စိတ်ဝင်စားမှု ပြင်းပြနေတယ်လို့ သိရပြီး ဘာစီလိုနာ အနေနဲ့ ငွေကြေးကိစ္စတွေ အဆင်ပြေဖို့သာ လိုအပ်နေတော့တာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ယူနိုက်တက်က ရက်ရှ်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင် သန်း ၄၀ လိုချင်နေတာ ဖြစ်ပါတယ်။ ဒီပမာဏက ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လာလီဂါ ကလပ် အတွက် အခက်အခဲ ဖြစ်လာဖို့တော့ ရှိနေပါတယ်။ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး အင်္ဂလန် မှာပဲ ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက် အတွက် စတင် ပွဲဦးထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က ယူနိုက်တက် အတွက် ပွဲပေါင်း ၄၂၆ ပွဲကျော် ကစားထားခဲ့ပြီး ၁၃၈ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ နှစ်ခုရဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အင်္ဂလန် ကစားသမားလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.