နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာမယ် ဘယ်လွန်ဒေါဆု ရရှိနိုင်ကြောင်း ပြောကြားလိုက်တဲ့ ရက်ရှ်ဖို့ဒ်| လာလီဂါ

အင်္ဂလန် မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာ ကြယ်ပွင့် လာမင်း ယာမယ်ဟာ ဒီနှစ် ဘယ်လွန်ဒေါဆုကို သိမ်းပိုက်သွားနိုင်မယ့် ကစားသမားတွေထဲက တစ်ဦး ဖြစ်ကြောင်း ယုံကြည်နေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန် အခုလို ပြောကြားခဲ့တာပါ။

ယာမယ် ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းမှာ အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင်ခဲ့ပြီး လာလီဂါ၊ ကိုပါဒယ်ရေး၊ စပိန်စူပါဖလားတို့ ကိုင်မြှောက်နိုင်ခဲ့ပြီး ပြည်တွင်း ဖလား ၃ လုံး အောင်ပွဲကို ရရှိခဲ့ပါတယ်။ ဘာစီလိုနာဟာ ၂၀၁၅-၂၀၁၆ နောက်ပိုင်း ကလပ်ရဲ့ အအောင်မြင်ဆုံး ရာသီ အဖြစ် ပြန်လည် အဆုံးသတ်နိုင်ခဲ့သလို ယာမယ် ကလည်း ပြိုင်ပွဲစုံမှာ ၁၈ ဂိုး သွင်းကာ ၂၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

တကယ်တော့ ၂၁ ရာစုမှာ မွေးဖွားတဲ့ ဥရောပ ထိပ်တန်းလိဂ် ၅ ခုက ဘယ်ကစားသမား ကမှ ပြီးခဲ့တဲ့ရာသီက ယာမယ်လောက် ဂိုး ပါဝင် ပတ်သတ်မှု အများဆုံး ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ယာမယ်ဟာ လာလီဂါမှာ ဂိုးဖန်တီးမှု ၁၃ ကြိမ်၊ ဧရိယာ ပြင်ပ ကနေ ဂိုးကန်သွင်းမှု ၆၇ ကြိမ်၊ Big Chances ၂၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က ဘောလုံး ဆွဲပြေးပြီး ကန်ချက် ၅၆ ကြိမ်၊ ဘောလုံး ဆွဲပြေးပြီး အခွင့်အရေး ဖန်တီးမှု ၃၅ ကြိမ်၊ ဘောလုံး ခင်းကျင်းပေးမှု ၃၃ ကြိမ်၊ ပြီးပြည့်စုံတဲ့ ဘောလုံး ဆွဲပြေးမှု ၁၆၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် ယာမယ်က ၂၀၂၅ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ကစားသမားတွေ စာရင်းမှာ ပါဝင်နေခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် ကိုယ်တိုင် ကတော့ လာမင်း ယာမယ်နဲ့ တွဲဖက် ကစားလိုကြောင်း ထုတ်ဖော် ပြောကြားထားပြီးတော့ လာလီဂါ ကလပ် ကလည်း အင်္ဂလန် လက်ရွေးစင် ကစားသမားနဲ့ ချိတ်ဆက်ထားတဲ့ ကလပ်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။
ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ရက်ရှ်ဖို့ဒ်

ယာမယ်ဟာ ဒီဆု အတွက် ပီအက်စ်ဂျီက အူစမန်နီ ဒမ်ဘီလီ၊ ဘာစီလိုနာ အသင်းဖော် ရာဖင်ညာ တို့နဲ့ အဓိက ပြိုင်ဆိုင်ရမှာ ဖြစ်ပေမယ့်လည်း ရက်ရှ်ဖို့ဒ် ကတော့ စပိန်သား ကသာ ထိုက်တန်တဲ့ ဆုရှင် ဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ရက်ရှ်ဖို့ဒ်က “ဒါက ခင်ဗျားတို့ ဘယ်လို ကြည့်လဲ အပေါ် မူတည်တယ်၊ ဘောလုံး စွမ်းရည် ကြောင့် သူ (ယာမယ်) ဟာ အနိုင်ရရမယ် လို့ ကျွန်တော် ထင်ပါတယ်။” လို့ ရက်ရှ်ဖို့ဒ်က xBuyer YouTube ချန်နယ်ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်က “ဒါပေမယ့် ချန်ပီယံလိဂ်မှာ ဒမ်ဘီလီကို ကြည့်မယ် ဆိုရင်လည်း အနိုင်ရနိုင်ခြေ ရှိတယ် ဆိုတာ သေချာပါတယ်။ ခင်ဗျားရဲ့ အမြင်ပေါ်မှာလည်း မူတည်ပါတယ်။ သူတို့ နှစ်ယောက်ထဲက ဘယ်သူ အနိုင်ရရ ကျွန်တော် စိတ်ပျက်မှာ မဟုတ်ပါဘူး။ အသက် ၁၆၊ ၁၇ နှစ်မှာ ဒီလို ဆုရနိုင် မရနိုင် ကတော့ ပြောရခက်ပါတယ်။ ဒါပေမယ့် သူက ၁၆ နှစ်မှာ အမြင့်ဆုံး အဆင့်မှာ ကစားနေပါတယ်။ ဒါမျိုး အရင်က မမြင်ဖူးပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် ကတော့ အိုးထရက်ဖို့ဒ်မှာ အနာဂတ် မရှိတော့သူ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပြီးနောက် လက်ရှိ မှာတော့ အသင်း ပြောင်းရွှေ့ဖို့ လိုလားနေသူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန်သားက အူနိုင်း အမ်မရီ လက်အောက်မှာ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီး ၄ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာကြောင့် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ ရက်ရှ်ဖို့ဒ် ကိုယ်တိုင် ကတော့ လာမင်း ယာမယ်နဲ့ တွဲဖက် ကစားလိုကြောင်း ထုတ်ဖော် ပြောကြားထားပြီးတော့ လာလီဂါ ကလပ် ကလည်း အင်္ဂလန် လက်ရွေးစင် ကစားသမားနဲ့ ချိတ်ဆက်ထားတဲ့ ကလပ်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ရက်ရှ်ဖို့ဒ်က “သေချာပါတယ်။ (ယာမယ်နဲ့ တွဲဖက် ကစားရတာ) ကမ္ဘာပေါ်က လူတိုင်းက အကောင်းဆုံးနဲ့ တွဲကစားချင်ကြတာမို့လို့ ကျွန်တော်တို့ မျှော်လင့်တဲ့ အတိုင်း ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရပါမယ်။” လို့ ရက်ရှ်ဖို့ဒ်က ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်