အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရောဘတ် ပီအက်စ်ဂျီ ကတော့ လာမယ့် ၂၀၂၇ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘရာဇီးလ် တောင်ပံကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျှော်မှန်းထားကြောင်း Fichajes က ဖော်ပြပါတယ်။ လက်ရှိမှာ ဗင်နီက ရီးရဲလ်မက်ဒရစ်နဲ့ အဆင်မပြေမှုတွေ ရှိနေပြီး လာလီဂါ ကလပ် ဘက်ကတော့ ကစားသမားကို စာချုပ်သက်တမ်းဖို့ အဓိကထား လုပ်ဆောင်နေပါတယ်။
ဗင်နီးစီးယပ်စ်ဟာ မကြာသေးခင်က ဇာဘီ အလွန်ဆို အနေနဲ့ အသင်းမှာ နည်းပြ အဖြစ် ဆက်ရှိနေမယ် ဆိုရင် စာချုပ်သက်တမ်းတိုးမှာ မဟုတ်ကြောင်း ဥက္ကဋ္ဌ ဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်ထံ အသိပေးထားပါတယ်။ တကယ်တော့ ဘရာဇီးလ်သား ကိုယ်တိုင်က ဒီအချက်အလက်တွေကို ပေါက်ကြားစေခဲ့တာက ဖိအားပေးဖို့ ဖြစ်ကြောင်း စပိန် သတင်းစာတွေက ဖော်ပြကြပါတယ်။
တခြားတစ်ဖက်မှာ အလွန်ဆိုရဲ့ ကွင်းလယ် ကစားသမားသစ် တစ်ဦး ခေါ်ယူချင်တဲ့ ဆန္ဒကြောင့် ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ် ကွင်းလယ်လူ ရွိုင်ယန် ဂရာဗန်ဘက်ချ်ကို စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။ လာလီဂါ ကလပ် ကတော့ ဗစ်တင်ညာ၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ အလက်ဆစ် မက် အယ်လစ္စတာ တို့ထက် ဈေးသက်သာတဲ့ အစားထိုး ကစားသမား အဖြစ် ရှုမြင်ထားကြောင်း Defensa Central က ဖော်ပြပါတယ်။

ပါလ်မီးရက်စ် တိုက်စစ်မှူး ဗစ်တာ ရိုကေး ကတော့ ဘာစီလိုနာကို ပြန်သွားဖို့ အခွင့်အရေးကို ငြင်းပယ်သွားနိုင်ချေ ရှိနေပါတယ်။ ရိုကေးဟာ ကတ်တာလန် ကလပ်မှာ သူ့ရဲ့ မအောင်မြင်နိုင်တဲ့ အခြေအနေကြောင့် ပြန်မသွားလိုကြောင်း သိရပါတယ်။
ဘက်ဆစ်တပ်စ် ကတော့ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန် အတွက် အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ဘာစီလိုနာကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဂျာမန် ဂိုးသမား ကတော့ လက်ရှိမှာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာဖို့ နီးစပ်နေပြီး သူ့ရဲ့ အပြောင်းအရွှေ့ အတွက် ကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ တာစတီဂျန်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ နီးကပ်လာချိန်မှာ နောက်ထပ် ကမ်းလှမ်းမှုတွေကို စောင့်မျှော်လျက် ရှိနေပါတယ်။
အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ နာမည်ကျော် ကစားသမား လီယွန်နယ် မက်ဆီဟာ အန်ဂိုလာနဲ့ ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီးနောက် ကစားသမားဘ၀ သွင်းဂိုး ၈၉၅ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဂိုးဖန်တီးမှု ကလည်း ၄၀၁ ဂိုး ရှိလာပြီး ဘောလုံးသမိုင်းမှာ ဟန်ဂေရီ ဂန္ထဝင် ပွတ်ရှ်ကပ်စ်ရဲ့ ၄၀၄ ဂိုးကို လိုက်မီဖို့ ၃ ဂိုးသာ လိုပါတော့တယ်။ မက်ဆီဟာ အခုရာသီ အတွင်း ကလပ်နဲ့ နိုင်ငံ အတွက် ဂိုးပါဝင် ပတ်သက်မှု (သွင်းဂိုးနဲ့ ဖန်တီးမှု) ဂိုး ၇၀ ပြည့်မြောက်ခဲ့ပြီး ၅၃ ပွဲကစား၊ ၄၆ ဂိုး သွင်း၊ ၂၄ ဂိုး ဖန်တီးခဲ့ပါတယ်။ မက်ဆီက အသက် ၃၈ နှစ်ပြည့်ပြီး ကတည်းက ၂၆ ပွဲမှာ ၂၉ ဂိုး သွင်းကာ ၁၇ ဂိုး ဖန်တီးခဲ့ပါတယ်။ မက်ဆီ အနေနဲ့ အသက် ၃၀ နှစ်ပြည့်ပြီးနောက် အာဂျင်တီးနား အတွက် ဂိုးပိုသွင်းနိုင်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် မက်ဆီဟာ ဂိုးသွင်းယူနိုင်တဲ့ ပြိုင်ဘက် နိုင်ငံလက်ရွေးစင် အသင်း ၃၉ သင်း အထိ ရှိလာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


