ဇူလိုင်လ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း Defensa Central က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ လာလီဂါ ကလပ် ကတော့ ကစားသမားရဲ့ ဒဏ်ရာ မှတ်တမ်းတွေကြောင့် စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ သိရပါတယ်။
ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေ ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၅၀ (ပေါင် ၃၀၂.၈ သန်း) နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း talkSPORT က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမား ကတော့ ယူရို ၁ ဘီလီယံ (ပေါင် ၈၆၅ သန်း) တန်ကြေး ရှိတဲ့ ၅ နှစ် စာချုပ်နဲ့ ကမ်းလှမ်းခံထားရတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဗင်နီးစီးယပ်စ် အတွက် အဆိုပါ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ် ဆိုရင်တော့ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ပြန်လည် ခေါ်ယူဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ကိုလံဘီယာ တောင်ပံ တိုက်စစ် ကစားသမား ကတော့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။
လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ် ကတော့ မာဆေးလ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဂီတာဖေးမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အင်္ဂလန်သား ကိုတော့ တီကိုက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ သူတို့ အသင်းရဲ့ အဓိက အပြောင်းအရွှေ့ ပစ်မှတ် တစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ လာမယ့် ၂၀၂၆ နွေရာသီမှာ နယူးကာဆယ်က ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ကို ခေါ်ယူဖို့ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြောင်း သိရပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဒီနွေရာသီမှာ နယူးကာဆယ် လိုချင်တဲ့ ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက် ဖြစ်တဲ့ ယူရိုသန်း ၈၀ (ပေါင် ၆၉.၂ သန်း) နဲ့ လာမယ့် ရာသီ မှသာ ကြိုးပမ်းသွားချင်နေတာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ် အရွယ် ဖလူမီးနန့်စ် တောင်ပံကစားသမား ရီကွယ်လ်မီ ဖီးလစ် ကတော့ ဘာစီလိုနာရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာကြောင်း Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ ဒီဆယ်ကျော်သက် ကစားသမားမှာ လာမယ့် ၂၀၂၆ ခုနှစ် မတ်လမှာ ဘရာဇီးလ် ပြင်ပ ကလပ် တစ်ခုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ရမှာ ဖြစ်ကြောင်း L’Équipe က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာ ကတော့ လူးဝစ္စ ဒီးယက်ဇ် အတွက် ယူရို သန်း ၆၀ သုံးစွဲသွားမှာ မဟုတ်ကြောင်း သိရပါတယ်။ ကိုလံဘီယာသား ကတော့ လက်ရှိမှာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့က ရိုဒရီဂို အတွက် တော်တော်လေး ခက်ခဲနေကြောင်း သိရပါတယ်။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်ကို ချစ်ခင်ပြီးတော့ အသင်း ဘက်က ရောင်းထုတ်ချင်နေသည့် တိုင်အောင် လော့စ်ဘလန်ကိုတို့ အတွက် ဆက်လက် တိုက်ပွဲဝင်လိုနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.