နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ နယူးကာဆယ်၊ ဘာရီယို့စ်ကို ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းမယ့် ချဲလ်ဆီး | လာလီဂါ

စက်တင်ဘာ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နယူးကာဆယ် ယူနိုက်တက် ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အန်းဒရစ်ခ်ကို လာမယ့် ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဘရာဇီးလ်သား ကတော့ နည်းပြ ဇာဘီ အလွန်ဆို လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီးတော့ ဒီအခြေအနေက သူ့ကို အသင်း ကနေ ထွက်ခွာဖို့ တွန်းအားပေးနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေရာသီမှာ ဘာစီလိုနာနဲ့ အပြိုင် ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကိုတော့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။ ဟယ်ရီကိန်း ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား စံချိန်ကို ရရှိဖို့ အတွက် အင်္ဂလန်မြေကို ပြန်လာချင်ကောင်း သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် ကိန်း အနေနဲ့ အနာဂတ်မှာ ပရီးမီးယားလိဂ်ကိုပဲ ပြန်လာမလား။ နယ်မြေသစ် ဖြစ်တဲ့ စပိန်မြေကို သွားရောက်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူရို ၄၅ သန်း (ပေါင် ၃၉.၃ သန်း၊ ဒေါ်လာ ၅၂.၉ သန်း) နဲ့ ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ လက်ရှိမှာ အငှားနဲ့ ခေါ်ယူထားတဲ့ ဘာစီလိုနာ ကလည်း ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် အင်္ဂလန်သားရဲ့ အနာဂတ်က ပီအက်စ်ဂျီလား ဘာစီလိုနာလား ဆိုတာ မသေချာတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ချဲလ်ဆီး တို့ကတော့ လာမယ့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ ရေးဗားပလိတ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အသက် ၁၈ နှစ် အရွယ် တောင်ပံကစားသမား အီယန် ဆူဘီယာဘရီကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ကမ်းလှမ်းမှု အားလုံးကို ပယ်ချရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
ဘာရီယို့စ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ့် အက်တလက်တီကိုမက်ဒရစ်

ချဲလ်ဆီး ကတော့ လာမယ့် ဇန်နဝါရီမှာ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ပါဘလို ဘာရီယို့စ်ကို ယူရို သန်း ၇၀ (ပေါင် ၆၁.၁ သန်း၊ ဒေါ်လာ ၈၂.၃ သန်း) နဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ကမ်းလှမ်းမှု အားလုံးကို ပယ်ချရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အီဘရာဟီမာ ကိုနာတေးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ရီးရဲလ်မက်ဒရစ်ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေ အကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ လော့စ်ဘလန်ကို တို့ရဲ့ တချို့သော ခေါင်းဆောင်တွေက အာဆင်နယ်က ဆလီဘာကို ခေါ်ယူချင်ပြီး တချို့ ကတော့ ကိုနာတေးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆလီဘာက အာဆင်နယ်နဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တာကြောင့် ရီးရဲလ် အနေနဲ့ ကိုနာတေးနဲ့ အူပါမီကာနို ကိုပဲ အသေအချာ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် အသင်း ပိုင်ရှင်တွေ ဖြစ်တဲ့ FSG အုပ်စု ကတော့ လာလီဂါ ကလပ် ဂီတာဖေးကို ဝယ်ယူဖို့ နီးစပ်နေကြောင်း သိရပါတယ်။ ဂျွန်ဟင်နရီ ဦးဆောင်တဲ့ FSG အုပ်စုဟာ MLB အသင်း ဘော်စတွန် ရက်ဒ်ဆော့စ်၊ NHL အသင်း ပစ်ဘာ့ဂ် ပင်ဂွင်း အသင်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်