ဇူလိုင်လ ၁၂ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နယူးကာဆယ် ကတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ဟာ အင်္ဂလန်သားကို ယူရို ၄၂ သန်း (ပေါင် ၃၆.၂ သန်း) နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ စိတ်အား ထက်သန်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ဒါကြောင့် အလွန်ဆိုက လစ်ဗာပူးလ် ကြယ်ပွင့် အလက်ဆစ် မက် အယ်လစ္စတာကို ခေါ်ယူပေးဖို့ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ထံ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် လာလီဂါ ထိပ်သီး ကလပ်ဟာ အာဂျင်တီးနားသားကို ယူရို သန်း ၁၀၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ဒန်နီ ဆယ်ဘာလော့စ်နဲ့ ဘရာဟင်မ် ဒီးယက်ဇ်ကို ပြန်လည် ရောင်းချသွားဖို့ ရှိနေပါတယ်။
ဘာစီလိုနာဟာ လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ လက်မလျှော့သေးပေမယ့် လစ်ဗာပူးလ် ဘက်ကတော့ ရောင်းထုတ်လိုခြင်း မရှိကြောင်း သိရပါတယ်။ ဒါကြောင့် ဘာစီလိုနာက မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဘက်ကို ပြန်လည် အာရုံစိုက်လာကြောင်း သိရပါတယ်။
မာယော့ကာ ကတော့ ဘာစီလိုနာ ကွင်းလယ် ကစားသမား ပါဘလို တော်ရေးကို ယူရို ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း SPORT က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီကစားသမား အတွက် အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း ပြန်လည် ရရှိဖို့ ရှိနေကြောင်း သိရပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဘက်တစ်ဟာ ဥရုဂွေး ကလပ် နေစီယွန်နယ်ရဲ့ အသက် ၁၈ နှစ် အရွယ် တိုက်စစ်မှူးလေး ဂွန်ဇာလို ပီတစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း ဘက်တစ်က ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းလျက် ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ ကစားသမား ၂ ဦးကို အရောင်းစာရင်းတင်လိုက်ပါတယ်။ လာလီဂါ ကလပ်ဟာ ရာဖေးလ် အော့ဘ်ရာဒါနဲ့ ဗစ်တာ မူနော့ဇ် တို့ကို ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လော့စ်ဘလန်ကို တို့ဟာ မကြာခင်မှာလည်း အသင်းရဲ့ အဓိက ကစားသမား တချို့ ကိုလည်း ထပ်မံ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
ရော်နယ် အာရူဟို ကတော့ ဒီနွေရာသီမှာ လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကနေ ထွက်ခွာမှာ မဟုတ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အာရူဟိုဟာ ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာ ကနေ ထွက်ခွာဖွယ် ရှိကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိ မှာတော့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဥရုဂွေးသားက “ကျွန်တော့် အတွက် ဆိုရင်တော့၊ ရက်စ်ပါပဲ။” လို့ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဗလင်စီယာ ကတော့ လာလီဂါ ပြိုင်ဘက် ဘီလ်ဘာအို ဂိုးသမား ဂျူလန် အဂီရက်ဇာဘာလာကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် စပိန်သား ကတော့ ဗလင်စီယာကို ကနဦး တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး စာချုပ်သက်တမ်း ပြည့်ချိန်မှာ အပြီးသတ် ပြောင်းရွှေ့ခွင့်လည်း ပါရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.