အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တရားဝင် ကစားသမားသစ် ဖြစ်လာခဲ့သူပါ။ သူဟာ သူ့ရဲ့ အိပ်မက် ဖြစ်တဲ့ ဘာစီလိုနာကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပြီး စာချုပ်သက်တမ်း ပြည့်ရင်လည်း အပြီးသတ် ပြောင်းရွှေ့နိုင်တဲ့ သဘောတူညီချက်လည်း ရှိထားပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ တော်တော်လေး စိတ်အားထက်သန်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ဟာ လာမင်း ယာမယ် ဆီကို လပေါင်းများစွာ မက်ဆေ့ချ်တွေ ပို့ပြီး ဆက်သွယ်ခဲ့တယ်လို့တောင် သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် အင်္ဂလန် တိုက်စစ် ကစားသမားဟာ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ လုံးဝ စိတ်ပိုင်းဖြတ်ထားခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ ကသာ သူ့ရဲ့ ဦးစားပေး အသင်း အဖြစ် ရှိခဲ့ပါတယ်။
အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက်လည်း ရက်ရှ်ဖို့ဒ်က သူ့ရဲ့ လစာကို ၈၀ ရာခိုင်နှုန်း နီးပါး လျှော့ယူခဲ့သလို ကစားသမား မှတ်ပုံတင်ခွင့်နဲ့ ပတ်သက်ပြီးလည်း ဘာအာမခံချက်မှ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ The Athletic ရဲ့ ဖော်ပြချက်အရ ဆိုရင် ရက်ရှ်ဖို့ဒ်က စပိန် ကြယ်ပွင့် လာမင်း ယာမယ်ဆီကို လပေါင်းများစွာ ဆက်သွယ်ခဲ့ပြီး ကတ်တာလန် ကလပ်ဆီ သူ ဘယ်လောက်အထိ ပြောင်းရွှေ့ချင်ကြောင်း ဆန္ဒကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။ လာလီဂါ ကလပ်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်မှာ ယူရို သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် ကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ ဒီနွေရာသီမှာ တောင်ပံ တိုက်စစ် အတွက် ကစားသမား တစ်ဦး ခေါ်ယူဖို့ ရှိခဲ့ပြီး လူးဝစ္စ ဒီးယက်ဇ် အပြင် နီကို ဝီလီယမ်စ်၊ ဇာဗီ ဆိုင်မွန်စ် တို့လို လူငယ် ကြယ်ပွင့်တွေကို ကနဦး ဦးစားပေး ပစ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့သလို လူးဝစ္စ ဒီးယက်ဇ်နဲ့ ဇာဗီ ဆိုင်မွန်စ် တို့ အတွက် ကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေရမှာ ဖြစ်တာကြောင့် လက်ရှောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ ဟန်ဆီ ဖလစ်ခ်နဲ့ ဒေကို တို့က ယူနိုက်တက်ရဲ့ အပယ်ခံ ရက်ရှ်ဖို့ဒ် ကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အင်္ဂလန်သားရဲ့ အိမ်မက်တွေလည်း အကောင်အထည်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ ကစားသမားသစ် အဖြစ် မိတ်ဆက်တဲ့ အခမ်းအနားမှာ ယာမယ်ကို ထူးခြားတဲ့ ပါရမီရှင်လေး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး မဟုတ်တောင် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေထဲက တစ်ယောက် ဖြစ်ကြောင်း ချီးကျူးခဲ့ပါသေးတယ်။ ဒါ့အပြင် ယာမယ်နဲ့ တွဲဖက် ကစားရတာက စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း အားကစားလောကမှာ ရှိတဲ့ လူတိုင်းက အကောင်းဆုံးတွေနဲ့ အတူတူ တွဲဖက် ကစားချင်ကြကြောင်းလည်း ပြောကြားသွားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယာမယ် ကတော့ သူ့ရဲ့ သူငယ်ချင်း နီကို ဝီလီယမ်စ်ကို မခေါ်ယူနိုင်ခဲ့ပဲ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူခဲ့တဲ့ ဘာစီလိုနာကို မကျေနပ်မှုတွေ ရှိခဲ့ကြောင်းလည်း သတင်းတွေ ထွက်နေပါသေးတယ်။ အပြောင်းအရွှေ့ကို တရားဝင် မကြေညာခင် ကတည်းက ကတ်တာလန် ကလပ်နဲ့ ရာသီကြို လေ့ကျင့်ခန်းတွေ ဆင်းနေတဲ့ ရက်ရှ်ဖို့ဒ်က အခု ဆိုရင်တော့ ဘာစီလိုနာနဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒီတော့ ရက်ရှ်ဖို့ဒ် အနေနဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ကစားကွက်နဲ့ အသားကျအောင် ကြိုးစားပြီး ယာမယ်၊ လီဝမ်ဒေါစကီးနဲ့ ရာဖင်ညာ တို့လို တိုက်စစ် ကစားသမားကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘာစိလိုနာမှာ ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အများစု ကတော့ ရက်ရှ်ဖို့ဒ်က လာလီဂါ ကလပ်မှာ အဓိက ပွဲထွက် ကစားသမား မဖြစ်နိုင်ပေမယ့် အရေးပါတဲ့ ကစားသမားတော့ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.