နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အနာဂတ်နဲ့ ပတ်သတ်ပြီး ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိသေးကြောင်း ပြောကြားလိုက်တဲ့ လီဝမ်ဒေါစကီး | လာလီဂါ

လာလီဂါ လက်ရှိ ချန်ပီယံ ဘာစီလိုနာ ကတော့ ဒီရက်ပိုင်းမှာ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို တောက်လျောက် ချိတ်ဆက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ ရောဘတ် လီဝမ်ဒေါစကီး ကတော့ သူ့ရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိသေးကြောင်း ဝန်ခံလာခဲ့ပါတယ်။

အသက် ၃၇ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးဟာ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးက ဒီရာသီမှာ လာလီဂါ ပွဲစဉ် ၉ ပွဲမှာ ၇ ဂိုး သွင်းယူထားပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာတွေ ပိုများလာနေပါတယ်။ လီဝမ်ဒေါစကီး တစ်ယောက် ဒဏ်ရာ နှစ်ခုကြောင့် ဒီနှစ်ထဲမှာပဲ နှစ်ကြိမ် အနားယူထားခဲ့ရပြီး ၄ ပွဲသာ ပထမ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရထားခဲ့ပါတယ်။

ဘာစီလိုနာရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားတွေထဲမှာ ပါဝင်နေတဲ့ လီဝမ်ဒေါစကီးက ကတ်တာလန် ကလပ်နဲ့ လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က ရာသီအကုန်မှာ တိုက်စစ်မှူး အသစ် တစ်ဦး ရှာဖွေဖို့ အသင့် ဖြစ်နေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ လက်ရှိ ဘာစီလိုနာရဲ့ အဓိက ပစ်မှတ်က ဘေယန်မြူးနစ်က အင်္ဂလန် ဂိုးသွင်းစက် ဟယ်ရီကိန်း ဖြစ်နေပြီး အရ ခေါ်ယူသွားချင်နေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

လီဝမ်ဒေါစကီး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ၁၅၉ ပွဲ ကစားပြီး ၁၀၈ ဂိုး သွင်းယူထားပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ၁၅၉ ပွဲ ကစားပြီး ၁၀၈ ဂိုး သွင်းယူထားတဲ့ လီဝမ်ဒေါစကီး

ဒါပေမယ့် လီဝမ်ဒေါစကီး ကတော့ ဘာစီလိုနာမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသေချာသေးကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ပထမဆုံးနဲ့ အရေးကြီးဆုံး ကတော့ ကျွန်တော် ဘာလုပ်ချင်လဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါလိမ့်မယ်။ အခုချိန် မှာတော့ အဖြေကို မသိသေးပါဘူး။ ကျွန်တော် အလျင်မလိုပါဘူး။ ကျွန်တော် စိတ်အေးချမ်းနေပါတယ်။ ကလပ် အသင်းက အခု ကျွန်တော့်ဆီ လာပြီး ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရင်တောင် ကျွန်တော် အဖြေပေးမှာ မဟုတ်သေးပါဘူး။ ကျွန်တော် သေချာစဉ်းစားပြီး ကိုယ့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှာပါ။”

သတင်းတွေအရ ဆိုရင် လီဝမ်ဒေါစကီးက အေစီမီလန်နဲ့ ဖီနာဘာချီကို ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း ဖော်ပြနေကြသလို တချို့ ကတော့ ပိုလန် ဝါရင့်ကစားသမားဟာ ဘောလုံးလောက ကနေ လုံးဝ ထွက်ခွာသွားနိုင်ကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။

ဒါပေမယ့်လည်း လီဝမ်ဒေါစကီးရဲ့ အေးဂျင့်ကို အနားယူတော့မယ် ဆိုတဲ့ ကောလာဟလတွေ ကိုတော့ ပြတ်ပြတ်သားသား ငြင်းဆိုထားခဲ့ပါတယ်။ “လီဝမ်ဒေါစကီး အနားယူဖို့ စဉ်းစားနေတယ် ဆိုတဲ့ သတင်းတွေက မှားယွင်းပါတယ်။ သူက အရမ်းထူးခြားတဲ့ တိုက်စစ်မှူး တစ်ယောက်ပါ၊ ဒါပေမယ့် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးမလား၊ အနာဂတ်အတွက်ကော ဘာသတင်းမှ မကြားရသေးပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

လီဝမ်ဒေါစကီး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ၁၅၉ ပွဲ ကစားပြီး ၁၀၈ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် ပိုလန်သားက ကစားသမားဘဝ တစ်လျှောက် ရောက်တဲ့ အသင်းတိုင်းမှာ ဂိုးများစွာ သွင်းယူခဲ့သူ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ လက်ချ် ပို့ဇ်နန်မှာ ၇၅ ပွဲ ကစား ၃၈ ဂိုးသွင်း၊ ဒေါ့မန်မှာ ၁၈၇ ပွဲ ကစား ၁၀၃ ဂိုးသွင်း၊ ဘေယန်မြူးနစ်မှာ ၃၇၅ ပွဲ ကစား ၃၄၄ ဂိုး သွင်းကာ အောင်ပွဲခံနိုင်ခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်