လာလီဂါ ကလပ် ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက လီယွန်နယ် မက်ဆီ အနေနဲ့ အသင်းကို တစ်ကျော့ ပြန်လာဖို့ မဖြစ်နိုင်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား အသင်းခေါင်းဆောင် အနေနဲ့ နူးကမ့်ပ် ကွင်းသစ် ဖွင့်ပွဲကို တက်ရောက်ပေးစေလိုတယ်လို့ လာပေါ်တာက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
လာမာစီယာ အကယ်ဒမီထွက် လီယွန်နယ် မက်ဆီဟာ လာလီဂါ ထိပ်သီးတို့ အတွက် ၁၇ ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ သမိုင်းတလျှောက် ပွဲအများဆုံး (၇၇၈ ပွဲ) နဲ့ ဂိုးအများဆုံး (၆၇၂ ဂိုး) သွင်းယူကာ စံချိန်တင်ထားသူ ဖြစ်ပါတယ်။ မက်ဆီဟာ အခုတစ်ပတ် နိုင်ငံတကာ ပွဲစဉ်တွေ အတွက် အာဂျင်တီးနားနဲ့ စပိန်နိုင်ငံမှာ သွားရောက် မပူးပေါင်းခင် နိုဝင်ဘာ ၉ ရက်နေ့မှာ အသစ် ပြန်လည် ပြင်ဆင် တည်ဆောက်နေတဲ့ နူးကမ့်ပ်ကွင်းကို ကြေညာထားခြင်း မရှိပဲ ရုတ်တရက် သွားရောက် လည်ပတ်ခဲ့ပါတယ်။
အဲဒီနောက် မက်ဆီက ကစားသမား တစ်ဦး အနေနဲ့ နှုတ်ဆက် စကားပြောရုံတင် မဟုတ်ဘဲ အသင်းကို ပြန်လာလိုကြောင်း သူ့ရဲ့ Instagram ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါကြောင့် မက်ဆီ အနေနဲ့ ကတ်တာလန်ဆီ တစ်ကျော့ပြန်လာနိုင်ခြေ ရှိမရှိ အပေါ် Catalunya ရေဒီယိုရဲ့ မေးမြန်းမှု အပေါ် လာပေါ်တာက “သူထွက်ခွာသွားတာက ကျွန်တော်တို့ ဖြစ်ချင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် မက်ဆီနဲ့ အသင်းမှာ ရှိသူ အားလုံး အပေါ် အမြင့်ဆုံး လေးစားမှုထားတဲ့ အနေနဲ့ ပြောရရင် လက်တွေ့မကျတဲ့ ထင်ကြေးတွေကို ဖြန့်ဝေတာက မသင့်တော်ဘူးလို့ ပြောချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာပေါ်တာက နူးကမ့်ပ်ကွင်း ပြန်လည် ဖွင့်လှစ်ပါက မက်ဆီ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ “သူ လာမယ် ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမယ့် နူးကမ့်ပ်က သူ့ရဲ့အိမ်ပါ။ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သူတို့က ကျွန်တော့်ကို ပြောပြတယ်။ ဒါက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုပါ။ သူက ညစာ စားပြီးပြီးချင်း သူငယ်ချင်းတွေနဲ့ ဒီကို လာချင်ခဲ့တာပါ။ ဒါဟာ ဘာစီလိုနာရဲ့ စိတ်ဓာတ်နဲ့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ လုပ်ရပ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂုဏ်ပြုပွဲ တစ်ခု လုပ်သင့်တယ် ဆိုတာ လီယို အတွက် မျှတပါတယ်။ ကွင်းပြီးသွားတဲ့အခါ ကျွန်တော်တို့ ပရိသတ် ၁၀၅၀၀၀ ဝင်ဆံ့မှာပါ။ ကျွန်တော် တို့လည်း အဲဒီလိုပဲ ဖြစ်ချင်ပါတယ်။” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။
မက်ဆီက အသက် ၁၃ နှစ် အရွယ် ကတည်းက လာလီဂါ ကလပ် ဘာစီလိုနာကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ် အထိ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီ မှာတော့ မက်ဆီက ၇၅ ပွဲ ကစားကာ ၃၂ ဂိုး သွင်းယူခဲ့ပြီး ပြည်တွင်း ဆုဖလား ၂ လုံးပဲ ရရှိခဲ့သလို အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ ဘယ်လွန်ဒေါ ၈ ကြိမ်ရှင် မက်ဆီက ၂၀၂၃ မှာတော့ အင်တာမိုင်ယာမီကို ထပ်မံ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိ အချိန်ထိ ၈၅ ပွဲ ကစားကာ ၇၆ ဂိုး သွင်းယူပြီး မေဂျာလိဂ် ကလပ် အတွက် ပထမဦးဆုံး ဆုဖလား ဖြစ်တဲ့ လိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့လကမှ အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် အနာဂတ်မှာ ဘာစီလိုနာကို ပြန်လာဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


