နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – ညနေခင်း သတင်းများ (၂/၁၁/၂၀၂၂)

နိုဝင်ဘာ ၂ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဘယ်အချိန်မှာ အနားယူမယ် ဆိုတာကို မသိရှိသေးဘူးလို့ တိုနီ ကရူးစ် ဖွင့်ဟ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ကရူးစ်က သူ့အနေနဲ့ မက်ဒရစ် မြို့မှာပဲ ကစားသမား ဘဝကို အဆုံးသတ်မှာ ဖြစ်ပြီး ဘယ်အချိန်မှာ အနားယူမယ်ဆိုတာနဲ့ ပတ်သက်လို့ မဆုံးဖြတ်ရသေးကြောင်း ဖွင့်ဟလာပါတယ်။

အသက် (၃၂) နှစ် အရွယ် တိုနီ ကရူးစ်က “ရုပ်ပိုင်းဆိုင်ရာအရ ကျနော် ခံစားချက် အရမ်းကောင်းနေပြီး အရမ်းလည်း ပျော်ရွှင်နေပါတယ်။ အေးအေးဆေးဆေးလည်း ရှိပါတယ်။ တခါတလေ ကျနော့် အနာဂတ် အကြောင်းတွေ ဖတ်ရတာ ရယ်စရာကောင်းပါတယ်”

“ကျနော် ကိုယ်တိုင်တောင် ဘယ်အချိန်ဆိုတာ မသိသေးပါဘူး။ အသင်းပြောင်းမှာ မဟုတ်သလို ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေပြီး အနားယူသွားမှာပါ။ လာမယ့်နှစ် ဒါမှမဟုတ် အခု ကမ္ဘာ့ဖလားမှာ ဒီအကြောင်းကို စဥ်းစားသွားမယ်လို့ ကျနော် ပြောပြီးသားပါ။ အဲ့ဒီနောက် ကျနော် ဖြစ်ချင်တဲ့ အရာကို ဆုံးဖြတ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

 

အသင်းရဲ့ ဂုဏ်သိက္ခာ အတွက် အုပ်စု ပထမနေရာ အရယူမယ် ဆိုတဲ့ အန်ဆယ်လော့တီ

ဘန်ဒက် လီဂါ
FC အော့စ်ဘတ်
ဖရန့်ဖတ်
1X2 သရေ (Draw) @ 3.70
ပထမပိုင်း ဂိုးအောက် 1.00 @ 2.38
ဂိုးပေါင်း 2-3 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက အသင်း အနေနဲ့ ချန်ပီယံလိဂ်မှာ အုပ်စု ပထမနေရာကို အရယူမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လာလီဂါနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်သာ အုပ်စု နောက်ဆုံးပွဲမှာ ခြေချော်ခဲ့ပြီး တဖက်မှာ လိုက်ပ်ဇစ်က ရှက်တာဒိုးနက်ကို အနိုင်ကန်ခဲ့ရင် အုပ်စု ဒုတိယနေရာသာ ရရှိမှာပါ။

အဲ့ဒါကြောင့် အန်ဆယ်လော့တီက “အုပ်စု ဒုတိယနေရာ အတွက် ယှဥ်ပြိုင်မယ့် အသင်းတွေ ရှိပါတယ်။ အရေးကြီးဆုံးက ရီးရဲလ်မက်ဒရစ်ရဲ့ ဂုဏ်သိက္ခာပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲက အသင်း အတွက် ထူးခြားတဲ့ ပြိုင်ပွဲပါ”

“ကျနော်တို့ အနေနဲ့ ပွဲစဥ်တိုင်းကို လေးစားမှု ရှိရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လိုက်ပ်ဇစ်နဲ့ ပွဲမှာ သရေတမှတ် ရရှိရုံနဲ့ အုပ်စုဗိုလ် ဖြစ်နိုင်ပေမယ့် ရှုံးနိမ့်ခဲ့ရပါတယ်။

အဲ့ဒီနောက် လာလီဂါ မှာလည်း ဂျီရိုနာကို အိမ်ကွင်းမှာ တဂိုးစီ သရေသာ ကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ ပြိုင်ပွဲစုံ နှစ်ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးမှုကနေ ရုန်းထွက်ဖို့ လိုအပ်နေပါတယ်။

 

ဇာဗီရဲ့ နည်းပြ ရာထူး အတွက် ဘာစီလိုနာ ဒုတိယ ဥက္ကဌ အာမခံချက်ပေး

လာလီဂါ ကလပ်ဟာ အနာဂတ် နည်းပြ နေရာ အတွက် အာဆင်နယ် နည်းပြ မီခေးလ် အာတေးတားကို ပစ်မှတ်ထား စောင့်ကြည့်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။
အာဆင်နယ် နည်းပြ မီခယ် အာတေးတားကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာရဲ့ ဒုတိယ ဥက္ကဌ ရာဖေးလ် ယူစတေးက အသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ အနာဂတ် အတွက် အာမခံချက်ပေးလိုက်ကြောင်း သိရပါတယ်။

လာလီဂါ ကလပ်ဟာ အနာဂတ် နည်းပြ နေရာ အတွက် အာဆင်နယ် နည်းပြ မီခေးလ် အာတေးတားကို ပစ်မှတ်ထားစောင့်ကြည့်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် ယူစတေးက “ဇာဗီ အပေါ် ကျနော်တို့ အပြည့်အဝ ယုံကြည်ပါတယ်”

“သူ့နောက်မှာ ကျနော်တို့ ရာနှုန်းပြည့် ရပ်တည်ပေးထားပြီး အခြားဘုတ် အဖွဲ့ဝင်တွေလည်း အတူတူပါပဲ။ ဇာဗီက သူ ဘာလုပ်ရမယ် ဆိုတာကို ကောင်းကောင်း သိထားပြီး အသင်းရဲ့ တိုးတက်မှုတွေ အတွက် တိုက်ပွဲဝင်နေပါတယ်”

“သူက ကျနော်တို့ လိုချင်တဲ့ နည်းပြမျိုး ဖြစ်ပြီး ကျနော်တို့ အားလုံး သူ့ကို မျှော်လင့်ထားပါတယ်။ သူ့ဆီမှာလည်း ဖြည်းဖြည်းချင်း တိုးတက်နေတဲ့ လူစာရင်း ရှိပြီး ဘာစီလိုနာ ပရိသတ်တွေ အလိုရှိနေတဲ့၊ ထိုက်တန်တဲ့ ဆုဖလားတွေကို ရယူပေးမယ်ဆိုတာ ကျနော်တို့ ယုံပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်