ဇူလိုင်လ ၈ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပြင်သစ် ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေး ကတော့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း Sky Sports Switzerland ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လစ်ဗာပူးလ် နောက်ခံလူ ကတော့ လာလီဂါကို ပြောင်းရွှေ့ဖို့ အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းသွားမယ်လို့လည်း သိရပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ဂျူဗင်တပ်စ် ကွင်းလယ် ကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူလိုကြောင်း ကလပ် အသင်းထံ အသိပေးထားတယ်လို့ El Nacional က ဖော်ပြပါတယ်။ တူရကီ တိုက်စစ်မှူးကို ဒီနွေရာသီမှာ ခေါ်ယူဖို့ မဖြစ်နိုင်ပေမယ့်လည်း ကလပ် အသင်း တာဝန်ရှိသူတွေ ကတော့ အနာဂတ်မှာ ခေါ်ယူဖို့ စဉ်းစားသွားမယ်လို့လည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဖရန်း ဂါစီယာကို သဘောကျလာတာကြောင့် ဖာလန်း မန်ဒီကို ထွက်ခွာခွင့်ပေးသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
Defensa Central ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ရိုဒရီဂို အတွက် ပဲရစ်စိန့်ဂျာမိန်းရဲ့ စိတ်ဝင်စားမှုကို တုံ့ပြန်တဲ့ အနေနဲ့ ဗဟိုကွင်းလယ် ကစားသမား ဗစ်တင်ညာနဲ့ အလဲအလှယ် လုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အကယ်၍ သဘောတူညီမှု ရရှိရင်တော့ အပြောင်းအရွှေ့ ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Semper Barca ရဲ့ အဆိုအရ ဘာစီလိုနာဟာ အင်တာမီလန် နောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ခေါ်ယူရန် ကြိုးပမ်းနေပေမယ့်လည်း ဆဲလ်တာဗီဂိုက အော်စကာ မင်ကွဲဇား ကိုလည်း ကလပ်ထံ ပြန်လည် ခေါ်ဆောင်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဘာဆာ ကတော့ ဒီကစားသမားကို ပြန်လည် ခေါ်ယူရင် ၅၀ ရာခိုင်နှုန်းသာ ပေးချေရမယ် ဆိုတဲ့ စာချုပ်ပါ အချက်အလက်ကို ကိုင်ထားပါတယ်။
L’Équipe ရဲ့ ဖော်ပြချက် အရ အဲလ်အာလီဟာ လီယွန်နယ် မက်ဆီရဲ့ ကိုယ်စားလှယ်တွေနဲ့ ရက်သတ္တပတ် များစွာကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ် တာဝန်ရှိသူတွေ ကတော့ မက်ဆီကို အရှေ့အလယ်ပိုင်းကို ခေါ်ဆောင်ကာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်မှုတွေကို ထပ်မံ အသက်သွင်းချင်နေတာလည်း ဖြစ်ပါတယ်။
အေစီမီလန် ကတော့ လေဗာကူဆင် တိုက်စစ်မှူး ဗစ်တာ ဘိုနီဖေ့စ်ကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းနေတယ်လို့ La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ သတ်မှတ်ထားပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာက အင်တာမိုင်ယာမီဟာ တစ်သင်းတည်း မဟုတ်ပဲ ဘရာဇီးလ် ကလပ် ဖလာမင်ဂို ကလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။
ဗစ်တာ အိုဆင်မ်ဟန် ကတော့ ဂါလာတာဆာရေးမှာ ဆက်ရှိနေလိုကြောင်း ဆုံးဖြတ်ခဲ့ပြီးတော့ မြင်မားတဲ့ လုပ်ခ လစာ လိုချင်နေကြောင်း သိရပါတယ်။ လက်ရှိမှာ နာပိုလီနဲ့ ဂါလာတာဆာရေး တို့ဟာ ယူရို ၇၅ သန်းနဲ့ အပြောင်းအရွှေ့ကို ညှိနှိုင်းဖို့ ရှိနေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.