နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးပြီးနောက် ဘာစီလိုနာနဲ့ ဆုဖလား အောင်မြင်မှုတွေ ဆက်လက် ရယူလိုကြောင်း ပြောကြားလာတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

ဂျာမန် လူမျိုး နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ဘာစီလိုနာနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ဆုဖလား အောင်မြင်မှုတွေ ထပ်မံ ရယူလိုကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဘာစီလိုနာ နည်းပြ ဘဝ ပထမဆုံး ရာသီမှာတင်ပဲ ကတ်တာလန် ကလပ် အတွက် လာလီဂါ အပါအဝင် ပြည်တွင်း ဆုဖလား ၃ လုံးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဘာစီလိုနာက ဟန်ဆီ ဖလစ်ခ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၀ အရွယ် ဖလစ်ခ်ဟာ ဒီရာသီအစမှ ဘာစီလိုနာကို ၂ နှစ် စာချုပ်နဲ့ စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အကြီးအကဲတွေဟာ ဟန်ဆီ ဖလစ်ခ်ရဲ့ စွမ်းဆောင်မှုတွေကို တော်တော်လေး သဘောကျနေပြီးတော့ ဒီရာသီ မကုန်ခင်မှာပဲ ၂၀၂၇ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဟန်ဆီ ဖလစ်ခ်က ဘာစီလိုနာနဲ့ အတူ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့ အတွက် ဝမ်းသာကြောင်းနဲ့ အသင်းနဲ့ အတူ ဆုဖလားတွေ ထပ်မံ ရယူလိုကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ်က “ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဆုံးကို မရောက်သေးဘူးလို့ ခံစားရပါတယ်။ ဘာလိုလဲ ဆိုတော့ အသင်းက ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေသေးလို့ပါ။ ကျွန်တော်တို့ အသင်းဟာ လူငယ် ကစားသမားတွေနဲ့ ဖွဲစည်းထားပြီး အခု ရာသီမှာ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ အားလုံးနဲ့ ထိုက်တန်ပါတယ်။ ဒီအသင်းနဲ့ လက်တွဲပြီး အလုပ်လုပ်ခွင့်ရတဲ့ အတွက် ကျွန်တော် အရမ်းပဲ ပျော်ရွှင်မိပါတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ လာလီဂါ ခါးသီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ အဲလ်ကလက်ဆီကို ဒါဘီ ၄ ကြိမ်စလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှုတွေ ဆက်လက် ရယူဖို့ စိတ်အားထက်သန်နေတဲ့ ဖလစ်ခ်

နောက်ဆုံး မှာတော့ “ဖလစ်ခ်က ကျွန်တော်တို့ အနေနဲ့ အခုထက်ပိုပြီး တိုးတက်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဆုဖလားတွေ အများကြီး ထပ်ပြီး ရယူချင်ပါသေးတယ်။ ဒီအသင်းက ဘာစီလိုနာ ဖြစ်ပြီးတော့ ဆုဖလားတွေ ရယူနိုင်ဖို့လည်း လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဟန်ဆီ ဖလစ်ခ်ဟာ ဘာစီလိုနာကို လက်ရှိအချိန်ထိ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၅၉ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၄၃ ပွဲ အထိ အနိုင်ရခဲ့ပြီးတော့ ၉ ပွဲ ရှုံးကာ ၇ ပွဲ သရေကျခဲ့ပါတယ်။ ဘာစီလိုနာဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ သွင်းဂိုး ၁၇၁ ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ပေးဂိုး ကတော့ ၇၂ ဂိုးသာ ရှိခဲ့ပါတယ်။ ဟန်ဆီ ဖလစ်ခ် အနေနဲ့ ဘာစီလိုနာကို ၅၉ ပွဲ ကိုင်တွယ်ရာမှာ အနိုင် ၇၂.၈၈ ရာခိုင်နှုန်း အထိ ရရှိအောင် စွမ်းဆောင်ပေးထားပြီး ပထမဆုံးရာသီမှာပဲ လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ လာလီဂါ ခါးသီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ အဲလ်ကလက်ဆီကို ဒါဘီ ၄ ကြိမ်စလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ပန်းတိုင် မရောက်ခဲ့သည့် တိုင်အောင် ပြည်တွင်း ဆုဖလား ၃ လုံး (Domestic Treble) ချန်ပီယံ ဖြစ်ခဲ့တာနဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တာနဲ့တင် ဟန်ဆီ ဖလစ်ခ်နဲ့ အတူ အောင်မြင်တဲ့ ရာသီ အဖြစ် အဆုံးသတ်နိုင်ခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်