စက်တင်ဘာ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ လာမင်း ယာမယ်နဲ့ တွဲဖက် ကစားလိုတာကြောင့် နူးကမ့်ပ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လာလီဂါ ကလပ် ကလည်း ရောဘတ် လီဝမ်ဒေါစကီး နေရာမှာ ဟာလန်းနဲ့ အစားထိုးဖို့ ရည်ရွယ်ထားပြီး အိပ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဗစ်တင်ညာ ကတော့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ ဘက်က သူတို့ရဲ့ ကစားသမားကို ယူရို သန်း ၁၀၀ (ပေါင် ၈၇.၄ သန်း) ရရှိမှသာ အသင်း ပြောင်းရွှေ့ခွင့်ပေးသွားဖို့ ရှိနေပါတယ်။
အန်းဒရစ်ခ်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေ ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ အငှားနဲ့ ထွက်ခွာရန် ပြတ်ပြတ်သားသား ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကလပ် အသင်း တာဝန်ရှိသူတွေ ကတော့ ကစားသမားရဲ့ တိုးတက်မှု အတွက် အငှားချတာက ပိုကောင်းတဲ့ အစီအစဉ်လို့ လက်ခံထားကြပါတယ်။
ဘာစီလိုနာ ကတော့ ဝက်စ်ဟမ်းနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့က စိတ်ဝင်စားနေတဲ့ ကွင်းလယ် ကစားသမား မာ့ခ် ကာဆာဒိုကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ (ပေါင် ၂၆.၂ သန်း) နဲ့ ရောင်းချသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ မက္ကဆီကို လက်ရွေးစင် အသင်း အတွက် ၃ ပွဲ ကစားထားတဲ့ အသက် ၁၆ နှစ် အရွယ် တီဂျူအန်နာ ကွင်းလယ်လူ ဂီလ်ဘာတို မိုရာကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒီကစားသမားလေး ကိုတော့ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ အင်တာ မိုင်ယာမီ တို့က အပြိုင်အဆိုင် ခေါ်ယူချင်နေပါတယ်။
ဘေယန်မြူးနစ် ကတော့ တော့တင်ဟမ်ဟော့စပါးမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ကွင်းလယ်လူ ယာအို ပါလ်ဟင်ဟာကို လာမယ့် နွေရာသီမှာ အပြီးသတ် ရောင်းထုတ်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကစားသမား ကလည်း ဘေယန်မြူးနစ်ကို ပြန်ဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။

လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဘရာဇီးလ် ဗဟိုခံစစ် ကစားသမား ဂလိုင်ဆင် ဘရီမာကို လိုက်နေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်ကို သွားချင်နေပြီး တူရင် ကလပ် ဘက်ကတော့ ယူရို သန်း ၇၀ (ပေါင် ၆၁.၂ သန်း) ထက် ပိုတဲ့ ကမ်းလှမ်းမှုတွေ ကိုသာ လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။
ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ခရစ္စတီယာနို ရော်နယ်ဒို၊ အာလင်း ဟာလန်း တို့ကို ကျော်ဖြတ်ပြီး ကလပ် တစ်သင်းတည်း အတွက် ပြိုင်ပွဲစုံ ဂိုး ၁၀၀ အမြန်ဆုံး ပြည့်သူ အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ သူက ဝါဒါဘရီမင်ကို ၄-၀နဲ့ အနိုင်ရတဲ့ ပွဲမှာ ၄၅ မိနစ် ပယ်နယ်တီနဲ့ ၆၅ မိနစ် နှစ်ဂိုးဆက် သွင်းယူပြီး ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း အနေနဲ့ ၂၁ ရာစု အတွင်း ဥရောပထိပ်တန်း လိဂ် ၅ ခုမှာ ကလပ် တစ်သင်းတည်း အတွက် ဂိုး ၁၀၀ ကို ပွဲအနည်းဆုံး ပြည့်မြောက်သူလည်း ဖြစ်လာခဲ့ပါတယ်။ ကိန်း အနေနဲ့ ဘေယန်မှာ ဂိုး ၁၀၀ ပြည့်ဖို့ ၁၀၄ ပွဲသာ ကစားခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်လ်ဒို၊ မနှစ်က မန်စီးတီးမှာ ဟာလန်း တို့က ၁၀၅ ပွဲ ကစားပြီး ဒီမှတ်တမ်း ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့အပတ် ဟော့ဖန်ဟိမ်းနဲ့ ပွဲမှာလည်း ဟက်ထရစ် သွင်းပြီး ဘွန်ဒက်စ်လီဂါ သမိုင်းမှာ ပွဲအနည်းဆုံး ၆၇ ပွဲနဲ့ ဂိုး ၇၀ ပြည့်သူ ဖြစ်လာခဲ့ပါတယ်။ အသက် ၃၂ နှစ် အရွယ် ဟယ်ရီကိန်းဟာ အစောပိုင်းကလည်း ဘွန်ဒက်စ်လီဂါ ပွဲ ၅၀ ပြည့်ချိန် သွင်းဂိုး အများဆုံး ၅၄ ဂိုး၊ ဘွန်ဒက်စ်လီဂါ ဂိုး ၅၀ ကို ပွဲ အနည်းဆုံး ၄၃ ပွဲနဲ့ မှတ်တမ်းသစ် ရေးထိုးထားနိုင်ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.