နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့် ဘာစီလိုနာမှာပဲ ဆက်ရှိနေဦးမယ့် ဖရန်ကီ ဒီယောင် | လာလီဂါ

ဖရန့်ကီ ဒီယောင် ကတော့ ဒီနွေရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာချေ ရှိနေတဲ့ ကစားသမား ဖြစ်ပြီးတော့ ကောလာဟလ များစွာလည်း ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီကြို ခြေစမ်းပွဲတွေမှာ အကောင်းဆုံးပုံစံ ပြန်လည် ရရှိနေတဲ့ နယ်သာလန်သားကို နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကတော့ ကတ်တာလိုးနီးယား မှာပဲ ဆက်ထိန်းထားလိုနေကြောင်း သိရပါတယ်။

ဘာစီလိုနာက အက်ဖ်စီဆိုးလ်ကို ၇-၃ ရလဒ်နဲ့ အနိုင်ရပြီးနောက် မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ဒီယောင်က သူ့အနေနဲ့ စာရွက်ပေါ်မှာ လက်မှတ်မထိုးရသေးပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒီယောင်က “ဟင့်အင်း။ ကျွန်တော် စာချုပ် သက်တမ်းမတိုးရသေးပါဘူး။ ဒါကိုလည်း ခင်ဗျားတို့ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘာဆာမှာ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ်။ ဘာဆာ ကလည်း ကျွန်တော် ရှိနေတာကို အရမ်းပဲ ပျော်ရွှင်နေတယ် ဆိုတာ သိပါတယ်။ ဒါပါပဲ။ ပြီးရင်တော့ ကျွန်တော် သက်တမ်းတိုးတော့မှာပါ။”

မီဒီယာတွေက ဒီယောင်ကို အသင်းမှာ ဆက်နေချင်တာလား၊ စာချုပ်သက်တမ်းတိုးဖို့က အပြီးသတ်ခါနီးပြီးလားလို့ မေးမြန်းတဲ့အခါ မှာတော့ ရိုးရိုးရှင်းရှင်းပဲ “ဟုတ်တယ်” လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။ 

နယ်သာလန် ကွင်းလယ် ကစားသမား ကတော့ ၂၀၁၉ ခုနှစ်မှာ အေဂျက်စ်နဲ့ လမ်းခွဲခဲ့ပြီးနောက် လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒီယောင်ဟာ လက်ရှိမှာ ကလပ် အသင်းခေါင်းဆောင် မာ့ခ် အန်ဒရီ တာစတီဂျန် ပြီးရင် ဘာစီလိုနာရဲ့ ဒုတိယမြောက် သက်တမ်းအကြာဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒီယောင်ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ကတော့ အနိမ့်အမြင့် အတက်အကျ များစွာ ရှိခဲ့ပေမယ့်လည်း ဒီနှစ်ထဲမှာတော့ ၎င်းရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိခဲ့ပြီး ကွင်းလယ်မှာ ပက်ဒရီနဲ့ အတူ တွဲဖက်ကာ ခြေစွမ်းပြနေခဲ့ပါတယ်။ 

ဒီယောင်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို အကြိမ်ကြိမ် ဝတ်ဆင်ကာ လာလီဂါ ကလပ်ရဲ့ အသက်အငယ်ဆုံး အသင်းခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
တာစတီဂျန် ပြီးရင် ဘာစီလိုနာရဲ့ သက်တမ်း အကြာဆုံး ကစားသမား ဖြစ်လာတဲ့ ဖရန်ကီ ဒီယောင်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ကတော့ ဒီယောင်ကို နှစ်ပေါင်း များစွာ ချိတ်ဆက်နေကြတာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ရာသီ ရောက်တိုင်း ဒီယောင်က ကတ်တာလန် ကလပ် ကနေ ထွက်ခွာနိုင်ခြေ ရှိတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လေ့ ရှိပြီး နောက်ဆုံး မှာတော့ နယ်သာလန်သားက အနီအပြာ ဝတ်စုံနဲ့သာ ဆက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ မကြာသေးတဲ့ နှစ်ပိုင်း ကလည်း အာဆင်နယ်ဟာ နယ်သာလန် လက်ရွေးစင်ကို လန်ဒန်ဆီ ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ၂၀၂၂ ခုနှစ်က ဆိုရင် ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဒီယောင်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ခဲ့ပေမယ့် နယ်သာလန် ကွင်းလယ် ဖန်တီးရှင် ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ဖူးပါတယ်။ 

လက်ရှိမှာတော့ ဘာစီလိုနာက နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ နီးစပ်နေပြီး ဒါပြီးတော့ ဒီယောင်ကို သက်တမ်းတိုးဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ စပိန်က လာတဲ့ သတင်းတွေအရ စာချုပ်သစ်အရ နယ်သာလန်သားဟာ ဘာစီလိုနာမှာ ၂၀၂၈ ခုနှစ် အထိ ဆက်ရှိနေမှာ ဖြစ်ပြီး စာချုပ်ထဲမှာ တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီယောင်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို အကြိမ်ကြိမ် ဝတ်ဆင်ကာ လာလီဂါ ကလပ်ရဲ့ အသက်အငယ်ဆုံး အသင်းခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်