နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ်ရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဖာမင်း လိုပက်ဇ်၊ ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်း လိုပက်ဇ် ကိုတော့ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့က အပြိုင်အဆိုင် ခေါ်ယူချင်နေကြောင်း El Nacional က ဖော်ပြပါတယ်။ ဒီစပိန် လူငယ် ကြယ်ပွင့် ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာ မှာပဲ ဆက်နေလိုကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ကီလီယန် အမ်ဘာပေးရဲ့ ရေယန် ချာကီကို ခေါ်ယူသင့်တယ် ဆိုတဲ့ အကြံပြုချက်ကို ကလပ်ရဲ့ အကြီးအကဲတွေက အလေးအနက်ထား လုပ်ဆောင်ခဲ့တယ်လို့ DefensaCentral က ဖော်ပြထားပါတယ်။ လိုင်ယွန် ကွင်းလယ် ကစားသမား ကိုတော့ မန်စီးတီးက ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခံထားပြီး လစ်ဗာပူးလ် ကလည်း စောင့်ကြည့်နေပါတယ်။ ဒီကစားသမား ကတော့ မန်ချက်စတာစီးတီးနဲ့ Here We Go သွားပြီ ဖြစ်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတယ်လို့ Fichajes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဂျူဗင်တပ်စ် ကနေ ထွက်ခွာချင်နေတဲ့ ဒူဆန် ဗလာဟိုဗစ်

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို စိတ်ဝင်စားနေတယ်လို့ Fichajes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဇာဘီ အလွန်ဆို ကတော့ အသင်း အတွက် လိုအပ်နေတဲ့ ကျောနံပါတ် ၉ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် နည်းပြသစ် အနေနဲ့ အသင်းမှာ အမ်ဘာပေး၊ ဗင်နီးစီးယပ်စ် တို့လို ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ရှိနေပေမယ့် နံပါတ် ၉ စစ်စစ် ကစားသမား လိုချင်နေတာ ဖြစ်ပါတယ်။

အန်တိုနီ ကတော့ ရီးရဲလ်ဘက်တစ်မှာ ဆက်ရှိနေဖို့ ဖြစ်နိုင်ခြေ နည်းသွားကြောင်း El Nacional ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကလည်း ဘရာဇီးလ်သားကို လာလီဂါမှာ ဆက်ထိန်းချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အေစီမီလန်၊ ဒေါ့မန်နဲ့ အာဆင်နယ် တို့က စိတ်ဝင်စားလျက် ရှိနေပါတယ်။ 

Pan Africa Football ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၁၆ နှစ် အရွယ် အက်ဘ်ဒူလာ အူဝါဇိန်းကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ် ကတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ တဖြည်းဖြည်း နီးစပ်လာပြီ ဖြစ်ကြောင်း သိရပါတယ်။ Daily Mail သတင်းထောက် လီဝစ် စတီးလ်က လစ်ဗာပူးလ် အတွက် စိတ်လှုပ်ရှားနေပြီလားလို့ မေးမြန်းရာမှာတော့ ဝစ်ဇ်က Yes ဆိုပြီး မဆိုင်းမတွပဲ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင် ဘက်ကတော့ ဝစ်ဇ် အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၅၀ အလို ရှိနေတယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ် ကတော့ လစ်ဗာပူးလ် တိုက်စစ် ကစားသမားကို ဂက်ခ်ပိုကို ခေါ်ယူဖို့ လက်မလျှော့သေးကြောင်း သိရပါတယ်။ ဘေယန်မြူးနစ်ဟာ ဝစ်ဇ်ကို ခေါ်ယူဖို့ လက်လျှော့ခဲ့ရပြီးနောက် ဂက်ခ်ပိုကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပြီး ချိတ်ဆက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အကယ်၍ လစ်ဗာပူးလ် ဘက်က ဂက်ခ်ပိုကို လက်လွှတ်ခဲ့မယ် ဆိုရင်တော့ ယူရို သန်း ၇၀ ဝန်းကျင် တောင်းဆိုသွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်