နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွန်ဆာလို ဂါစီယာကြောင့် ရီးရဲလ်မှာ အနာဂတ် မသေချာတော့တဲ့ အန်းဒရစ်ခ်၊ ၂၀၂၆ ခုနှစ် အတွက် အပြောင်းအရွှေ့ အစီအစဉ်တွေ စတင် လုပ်ဆောင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

ဇွန်လ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ် အတွက် ဂွန်ဆာလို ဂါစီယာ ပေါ်ထွက်လာပြီးနောက် ဘရာဇီးလ် တိုက်စစ်မှူး အန်းဒရစ်ခ်ရဲ့ အနာဂတ် မသေချာတော့ကြောင်း MARCA က ဖော်ပြပါတယ်။ ဂါစီယာ ကတော့ လာလီဂါ ထိပ်သီး ကလပ် အတွက် ၉ ပွဲ ကစားပြီးချိန်မှာ ၃ ဂိုး သွင်းယူထားပါတယ်။

ဂါဗီ ကတော့ ဘာစီလိုနာမှာ နောက်ထပ် တစ်ရာသီ အရန် ကစားသမား အဖြစ် ဆက်ရှိနေလိုခြင်း မရှိကြောင်း သိရပါတယ်။ စပိန် လူငယ် ကွင်းလယ် ကစားသမားဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းမှာ ဆက်နေဖို့ ပြင်ဆင်ထားပေမယ့်လည်း အခြေအနေ မကောင်းရင်တော့ အသင်း ကနေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘေယန်မြူးနစ် တို့ကတော့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ ဥရုဂွေး လက်ရွေးစင်ကို ရောင်းချလိုခြင်း မရှိပေမယ့်လည်း ယူရို သန်း ၄၀ (ပေါင် ၃၄.၁ သန်း) နဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ နားထောင်သွားမယ်လို့ သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ နီကို ဝီလီယမ်စ်ကို ရောင်းချမှု ကနေ ရရှိတဲ့ ငွေကို အသုံးပြုကာ အဲလ်နာဆာ ဗဟိုနောက်ခံလူ အမ်မရစ်ခ် လာပေါ့တ်ကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ Estadio Deportivo ရဲ့ ဖော်ပြချက်အရ တီကိုဟာ လာပေါ့တ် အတွက် ယူရို ၁၅ သန်း အသုံးပြုသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် တီကိုက အိုဆာဆူနာ အတွဲအဖက် ဂျေဇုစ် အရီဆိုနဲ့ အေမာ အိုရော့ဇ် တို့ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ 

လာလီဂါ ကလပ် ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို ကတော့ ၂၀၂၆ ခုနှစ် အတွက် အပြောင်းအရွှေ့ အစီအစဉ်တွေကို စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
လာမယ့် နှစ်မှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူသွားမယ့် ဘာစီလိုနာ

ရိုဒရီဂို ကတော့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ငြင်းဆန်ထားခြင်း မရှိသေးကြောင်း ABC သတင်းဌာက ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမားဟာ အနာဂတ် အတွက် ဆုံးဖြတ်ချက် မချမီ သူ့ရဲ့ ကိုယ်စားလှယ်တွေ မိသားစုတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပြီး အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ကတော့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ တစ်ဖက် မှာလည်း ရိုဒရီဂို အနေနဲ့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာလိုခြင်း မရှိရင်တော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေဖို့ ဆန္ဒရှိနေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ဂိုးသမား အန်ဒရီ လူနင် ဖြစ်ပါတယ်။ MARCA ရဲ့ ဖော်ပြချက်အရ ယူကရိန်း လက်ရွေးစင်ဟာ သီဘောက် ကော့တွာစ်ရဲ့ အရန် အဖြစ် ရှိနေရတာကို ပျော်ရွှင်နေပြီး ထွက်ခွာဖို့ အတင်းအကြပ် ဖိအားပေးလာမှသာ စဉ်းစားသွားမယ်လို့ သိရပါတယ်။ 

ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို ကတော့ ၂၀၂၆ ခုနှစ် အတွက် အပြောင်းအရွှေ့ အစီအစဉ်တွေကို စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာရဲ့ ပစ်မှတ်တွေထဲ မှာတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ လစ်ဗာပူးလ် ဗဟိုခံစစ်ကစားသမား အီဘရာဟီမာ ကိုနာတေးတို့ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားတွေ ကိုတော့ ၂၀၂၆ ခုနှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်ဆိုစီဒက်နဲ့ ဗီလာရီးရဲလ် တို့ကတော့ ဘုန်းမောက် နောက်ခံလူ မားကို့စ် ဆီနက်ဆီကို ဂျူဗင်တပ်စ်နဲ့ အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Mirko Di Natale က ဖော်ပြပါတယ်။ ဒီကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ယူရို ၁၄ သန်း (ပေါင် ၁၂ သန်း) ဝန်းကျင် သုံးစွဲရဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်