ရီးရဲလ်မက်ဒရစ် – ဆဲလ်တာဗီဂို
ရီးရဲလ်မက်ဒရစ် ကတော့ အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၃၄ မှာတော့ ဆဲလ်တာဗီဂိုကို ဘာနေဗျူးမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဆုဖလား မျှော်လင့်ချက် ဆိုလို့ လာလီဂါသာ ကျန်ရှိတော့တဲ့ ရီးရဲလ်မက်ဒရစ်တို့ ဆဲလ်တာဗီဂိုနဲ့ တွေ့ဆုံချိန်တိုင်းလိုလို အသာရခဲ့တဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
စပိန် စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံး၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကို ရှုံး၊ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီ ဖလား လက်မဲ့ ဖြစ်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ သူတို့ အတွက် ဆုဖလား မျှော်လင့်ချက်က လာလီဂါ တစ်ခုတည်းသာ ကျန်ရှိတော့ပေမယ့် လက်ရှိမှာ ဇယား ထိပ်က ဘာစီလိုနာနဲ့ ကလည်း ၄ မှတ် ပြတ်နေပါတယ်။ ဒါ့အပြင် ရီးရဲလ်က လက်ကျန် ၅ ပွဲမှာ ဘာစီလိုနာ၊ ဆိုစီဒက် တို့လို အသင်းတွေနဲ့ တွေ့ဆုံဖို့ ကျန်နေသေးတာကြောင့် ဆဲလ်တာဗီဂို၊ မာယော့ကာ၊ ဆီဗီလာ တို့လို အသင်းတွေနဲ့ အတွေ့မှာ အမှတ်ပြည့်ရအောင် ယူထားနိုင်ဖို့ လိုအပ်ပါတယ်။ ကာလို အန်ဆယ်လော့တီ အနေနဲ့လည်း ရီးရဲလ်မက်ဒရစ်နဲ့ ကတ္တီပါ လမ်းခွဲပဲ ဖြစ်ချင်မှာ ဖြစ်လို့ လာလီဂါကို အပြည့်အဝ အာရုံစိုက်ရင်း လက်ကျန် ပွဲအားလုံး ကနေ အမှတ်ပြည့်ယူနိုင်ဖို့ ရည်ရွယ်ထားပါလိမ့်မယ်။
ဆဲလ်တာဗီဂို ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီးတော့ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေပါတယ်။ အပေါ်က အသင်းတွေကို လိုက်မှီဖို့ ခက်ခဲပေမယ့် အောက်ကအသင်းတွေ ကျော်တက်တာ ကိုတော့ ခံချင်မှာ မဟုတ်တဲ့ ဆဲလ်တာ တို့ လက်ကျန် ပွဲတွေကို ခြေကုန်ထုတ် ကစားပါလိမ့်မယ်။ ဆဲလ်တာဗီဂိုရဲ့ လက်ရှိ ခြေစွမ်း ကလည်း အဆိုးကြီး မဟုတ်တာကြောင့် ပုံစံ ပျက်နေတဲ့ ရီးရဲလ်ကို ဒုက္ခပေးနိုင်မလား ဆိုတာ စောင့်ကြည့်ချင်စရာပါ။
နှစ်ဖက်အသင်း သတင်းများ

ဆဲလ်တာဗီဂို ဘက်မှာတော့ စတားဖဲလ်နဲ့ အဲလ် အက်ဘ်ဒဲလ်လာဝီ တို့ နှစ်ဦးသာ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ရီးရဲလ်မက်ဒရစ် – ကော့တွာစ်၊ ဗက်ဇ်ကွက်ဇ်၊ အဆန်စီယို၊ ချူအာမန်နီ၊ ဂါစီယာ၊ ဆယ်ဘာလော့စ်၊ မိုဒရစ်၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်၊ အမ်ဘာပေး
ဆဲလ်တာဗီဂို – ဂိုင်တာ၊ လာဂို၊ ဒိုမီနီဂွက်ဇ်၊ အလွန်ဆို၊ အဲလ်ဗာရက်ဇ်၊ ရိုဒရီဂွက်ဇ်၊ မိုရီဘာ၊ မင်ကွဲဇား၊ လိုပက်ဇ်၊ အီဂလားစီးယက်စ်၊ ဂွန်ဇာလက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အကြိမ် ၃၀ တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်က ဆဲလ်တာဗီဂို ကို ၂၄ ကြိမ် အနိုင်ရခဲ့ပြီး ၃ ကြိမ် သရေနဲ့ ၃ ကြိမ်သာ ရှုံးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဆဲလ်တာနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၈ ပွဲဆက် မရှုံးခဲ့ပဲ ၁၅ ပွဲနိုင်၊ ၃ ပွဲ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ရီးရဲလ်မက်ဒရစ်က ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး ဆဲလ်တာဗီဂို ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၁.၃၅ ဆ၊ ဆဲလ်တာဗီဂို နိုင်ရင် ၆.၁၀၀ ဆ၊ သရေ ဆိုရင်တော့ ၅.၀၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ရီးရဲလ်မက်ဒရစ်က တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး အရှုံး၊ ၂ လုံး တစ်ဝက်စား ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်းကြေး ကလည်း အနည်းငယ် ပြင်းရှပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က Form အောက် နေပေမယ့် သူတို့ အတွက် လက်ကျန် မျှော်လင့်ချက်တွေ အတွက်တော့ အားထည့်ကစားပါလိမ့်မယ်။ တစ်ခုရှိတာက ရီးရဲလ်မက်ဒရစ် ခံစစ်မှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဒီပွဲကို ရီးရဲလ်မက်ဒရစ် ဘက်မှာ ရပ်တည်ထားချင်ပြီး ဂိုးပေါ်မယ်လို့လည်း ထင်ပါတယ်။
ခန့်မှန်းရလဒ်
ရီးရဲလ်မက်ဒရစ် ၃-၁ ဆဲလ်တာဗီဂို
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.