ဩဂုတ်လ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ် ဘက်တစ် ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ကာဆာဒိုကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ စပိန် ကွင်းလယ် ကစားသမားဟာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ စိတ်မဝင်စားသလို ကတ်တာလန် ကလပ် ဘက်က အငှားစာချုပ် အတွက် တောင်းဆိုမှု စျေးနှုန်း ဒါမဟုတ် မျှဝေပိုင်ဆိုင်ခွင့် သဘောတူညီချက် အတွက် သတ်မှတ်ထားတဲ့ တန်ကြေးက အလွန် မြင့်မားနေတာကြောင့် ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာ အ၀တ်လဲခန်း အတွင်းမှ တချို့သော သူတွေ ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယာအို ဖီးလစ် နည်းတူ မြင့်မားတဲ့ သဘာဝ ပါရမီကို လိုက်မှီတဲ့ စိတ်ဓာတ်မျိုး မပိုင်ဆိုင်ထားတာကြောင့် ယူနိုက်တက် ကနေ အငှားချခြင်း ခံခဲ့ရတာ ဖြစ်ကြောင်း ယုံကြည်နေကြပါတယ်။
လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အီဘရာဟီမာ ကိုနာတေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာကို စိုးရိမ်နေပေမယ့် ယူရို သန်း ၅၀ (ပေါင် ၄၃.၂ သန်း) ထက် နည်းတဲ့ ပမာဏနဲ့ ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကိုနာတေးကို ယူရို ၃၅ သန်း (ပေါင် ၃၀.၂ သန်း) နဲ့ ဆိုရင် ချက်ချင်း ခေါ်ယူရန်ဖို့ အဆင်သင့် ဖြစ်နေပြီး ၂၀၂၆ ခုနှစ်မှ ဆိုရင်တော့ အလွတ်နဲ့ ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် နှစ်မှ ဆိုရင်တော့ အဆိုပါ ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်ကို အပိုဆုကြေး အဖြစ် ကိုနာတေးကို ပေးသွားဖို့ ကတိပြုထားပါတယ်။

လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ် ကတော့ ရီးရဲလ်ဆိုစီဒက် တောင်ပံကစားသမား တာကာဖူဆာ ကူဘိုကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း တီကိုက မန်ချက်စတာယူနိုက်တက် ကစားသမား နှစ်ဦး ဖြစ်တဲ့ အန်တိုနီနဲ့ ဂျေဒန် ဆန်ချို တို့ကို စျေးသက်သာတဲ့ ရွေးချယ်မှု အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
အေစီမီလန်၊ လိုက်ပ်ဇစ်၊ ပေါ်တို၊ ဆီဗီလာ၊ ရီးရဲလ်ဆိုစီဒက်နဲ့ ဖရန့်ဖတ် တို့မှာ ပါဝင်ကစားခဲ့ဖူးတဲ့ အသက် ၂၉ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ် ကစားသမား အန်ဒရီ ဆေးလ်ဗား ကတော့ လာလီဂါ ကလပ် အဲလ်ချီကို ပြောင်းရွှေ့ကြေး ယူရို ၁ သန်းနဲ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ ရန်းစ်ရဲ့ ပြင်သစ် တိုက်စစ် ကစားသမား အာနော့ဒ် ကာလီမွန်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၃၁.၅ သန်းနဲ့ ခေါ်ယူပြီး ၅ နှစ် စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ဖောရက်စ်ဟာ ပီအက်စ်ဂျီ ကစားသမားဟောင်း ကာလီမွန်ဒို အပြင် ဒီနွေမှာ ကစားသမားသစ် ၆ ဦး အထိ ခေါ်ယူထားပြီး စုစုပေါင်း ယူရို ၁၇၂ သန်း အထိ သုံးစွဲထားပါတယ်။
နိုင်ဂျီးရီးယား တိုက်စစ် ကစားသမား အဒမ်မိုလာ လွတ်ခ်မန်း ကတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေဆီ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ လွတ်ခ်မန်းကို အစောပိုင်းမှာ အင်တာမီလန်က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့ ပျက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ စီးရီးအေ ကလပ် ရိုးမားကို ငြင်းပယ်ခဲ့တဲ့ ဂျေဒန် ဆန်ချိုရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ပျက်နေကြကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချို အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။
ဖက်ဒရစ်ကို ခီယေဇာနဲ့ သူ့ရဲ့ အေးဂျင့် ဖြစ်သူတို့ ကတော့ လစ်ဗာပူးလ်မှာ ဆက်ရှိနေချင်ကြောင်း အသင်းထံ အသိပေးခဲ့ကြောင်း သိရပါတယ်။ ခီယေဇာ ကတော့ ပြီးခဲ့တဲ့ ရာသီက ပုံမှန် ပွဲထွက်ခွင့် မရပေမယ့် အာနေး ဆလော့တ် အပါအဝင် အသင်းဖော်တွေ၊ အသင်း ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ လူးဝစ္စ ဒီးယက်ဇ်နဲ့ ဖက်ဒရစ်ကို ခီယေဇာတို့ အတွက် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.