လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ အဓိက ဂိုးသမား မာ့ခ် အန်ဒရေ တာစတီဂျန်ရဲ့ လက်စွမ်းကို စိတ်မချတော့တာကြောင့် ထိပ်တန်း ဂိုးသမား တစ်ဦး ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကတ်တာလန် ကလပ်က ဒီနွေရာသီမှာ အက်စတွန်ဗီလာ ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အာဂျင်တီးနား ဂိုးသမား အမ်မီ မာတီနက်ဇ်ကို မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်အဆိုင် ခေါ်ယူဖို စိတ်ဝင်စားလျက် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
အာဂျင်တီးနားရဲ့ အားကစား ရုပ်သံ တစ်ခု ဖြစ်တဲ့ DSports ရဲ့ဖော်ပြချက် အရ ဆိုရင် မန်ချက်စတာယူနိုက်တက် အပြင် လာလီဂါ ကလပ် ဘာစီလိုနာဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် မာတီနက်ဇ် ဆီကို နှစ်သင်းစလုံးက အသီးသီး ကမ်းလှမ်းမှုတွေ ပို့ထားပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ အာဆင်နယ် ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ အာဆင်နယ်မှာ ရှိခဲ့တဲ့ ၈ နှစ် ကြာ ကာလ အတွင်း ၆ ကြိမ် အထိ အငှားချခံခဲ့ရပါတယ်။ မာတီနက်ဇ်က အက်စတွန်ဗီလာ မှာတော့ သူရဲ့ ထိပ်တန်း အဆင့် လက်စွမ်းတွေကို ပြသနိုင်ခဲ့ပြီး နာမည်ကြီး ဂိုးသမား တစ်ဦး ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ၂၀၂၂ ကမ္ဘာ့ဖလား မတိုင်ခင်မှာ အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ နံပါတ် ၁ ဂိုးသမား နေရာ ကိုလည်း အမိအရ ဆုပ်ကိုင်နိုင်ခဲ့သလို ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားတွေလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

မာတီနက်ဇ်ဟာ အက်စတွန်ဗီလာနဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှ စာချုပ် သက်တမ်းတိုးထားခဲ့တာ ဖြစ်ပြီးတော့ ၂၀၂၉ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မာတီနက်ဇ်က ဗီလာ ကနေ ထွက်ခွာတော့မယ့် အရိပ်အယောင်မျိုး ပြသထားတာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ ၂-ဝ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မာတီနက်ဇ်ဟာ အက်စတွန်ဗီလာ ပရိသတ်တွေကို မျက်ရည်တွေနဲ့ လက်ပြ နှုတ်ဆက်နေတာကို တွေ့မြင်ခဲ့ရတာကြောင့် အသင်း ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ် ဆိုပြီး သုံးသပ်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက် ကလည်း အသင်းရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်တဲ့ အန်ဒရေ အိုနာနာရဲ့ မတည်ငြိမ်တဲ့ လက်စွမ်းတွေကြောင့် ပြန်လည် ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ အိုနာနာဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ကမှ အင်တာမီလန် ကနေ ပေါင် ၄၇.၂ သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယ ဂိုးသမား ဖြစ်တဲ့ ဘာယင်ဒါ ကလည်း ပွဲထွက်ခွင့်ရတဲ့ အချိန်တိုင်းမှာ လက်စွမ်းမပြနိုင်တာကြောင့် ယူနိုက်တက်က ထိပ်တန်း အဆင့် ဂိုးသမား တစ်ဦး ခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ကတော့ လက်ရှိ အချိန်ထိ မာ့ခ် အန်ဒရေ တာစတီဂျန်ကို အဓိက ဂိုးသမား အဖြစ် ထားရှိနေပေမယ့်လည်း ဒီရာသီမှာ ဒူးဒဏ်ရာကြောင့် ၇ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကစားသမား ဘဝ ကနေ အနားယူထားတဲ့ ဝေါ့ရှက် ရှက်ဇီနီက တာစတီဂျန် နေရာမှာ အစားထိုး ဝင်ရောက်ပြီး ပွဲပေါင်း ၃၀ အထိ ပါဝင်ကစားပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရှက်ဇီနီက အသက်အရွယ် ရနေပြီ ဖြစ်သလို လက်စွမ်း ကလည်း တည်ငြိမ်မှု မရှိပဲ စာချုပ် သက်တမ်း ကလည်း ကုန်ဆုံးဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.