နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီယာပိုကိုပြန်လည် ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ ကမ်းလှမ်းခဲ့တဲ့ ဒီဘရွန်းနား | လာလီဂါ

လာလီဂါအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လာလီဂါကလပ်ဘာစီလိုနာကတော့ဒီနွေရာသီမှာတန်ကြေးနည်းတဲ့ခေါ်ယူမှုတွေကိုအလေးပေးကြိုးပမ်းနေပြီးတော့ရီးရဲလ်ဘက်တစ်မှာရာသီဝက်အငှားနဲ့ကစားနေတဲ့မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားအန်တိုနီကိုခေါ်ယူဖို့အခိုင်အမာမျှော်လင့်လျက်ရှိနေကြောင်း El Nacional ကဖော်ပြပါတယ်။လာလီဂါကလပ်အနေနဲ့ယူနိုက်တက်ဘက်ကပေါင်သန်း၅၀အထိဈေးသတ်မှတ်ထားတဲ့အန်တိုနီကိုပေါင်သန်း၂၀လောက်နဲ့ခေါ်ယူချင်နေတာဖြစ်ပါတယ်။

နောက်ထပ်လာလီဂါထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်တွေထဲမှာအလက်ဆစ်မက်အယ်လစ္စတာပါဝင်နေတယ်လို့သိရပါတယ်။လစ်ဗာပူးလ်ကွင်းလယ်လူဟာရီးရဲလ်မက်ဒရစ်နည်းပြသစ်ဇာဘီအလွန်ဆိုရဲ့နည်းစနစ်ပိုင်းအတွက်အဓိကကျတဲ့ကစားသမားဖြစ်လာနိုင်ကြောင်း MARCA ကဖော်ပြပါတယ်။

ဘာစီလိုနာကတော့လိဒ်စ်ယူနိုက်တက်ရဲ့ဘယ်နောက်ခံလူဂျူနီယာဖီယာပိုကိုပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။အသက်၂၈နှစ်အရွယ်ကစားသမားကလည်းလာလီဂါကိုပြန်လာဖို့စိတ်အားထက်သန်နေကြောင်းသိရပါတယ်။ဖီယာပိုကတော့လိဒ်စ်ယူနိုက်တက်အတွက်၄ရာသီအတွင်းပြိုင်ပွဲစုံ၁၁၉ပွဲကစားပြီး၆ဂိုးသွင်းထားပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ဖန်တီးရှင်ကီဗင်ဒီဘရွန်းနားကတော့မန်စီးတီးကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီးနောက်လာလီဂါထိပ်သီးရီးရဲလ်မက်ဒရစ်ထံသူ့ကိုယ်သူကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ဒီဘရွန်းနားဟာရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့နိုင်ဖို့အတွက်သူ့ရဲ့လုပ်ခလစာကိုထက်ဝက်လျှော့ချဖို့အထိပြင်ဆင်ထားတာဖြစ်ပါတယ်။ဒါပေမယ့်လည်းလာလီဂါကလပ်ဘက်ကတော့အသက်ငယ်တဲ့ကစားသမားတစ်ဦးကိုသာခေါ်ယူချင်နေတယ်လို့သိရပါတယ်။ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာတော့ဇာဘီအလွန်ဆိုကတော့ဘာစီလိုနာကပက်ဒရီကိုခေါ်ယူချင်နေကြောင်းDefensa Central ကဖော်ပြပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ဖန်တီးရှင်ကီဗင်ဒီဘရွန်းနားကတော့မန်စီးတီးကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီးနောက်လာလီဂါထိပ်သီးရီးရဲလ်မက်ဒရစ်ထံသူ့ကိုယ်သူကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။
မန်စီးတီးကနေဒီရာသီအကုန်မှာထွက်ခွာမယ်လို့ ကြေညာထားတဲ့ ဒီဘရွန်းနား

အာဆင်နယ်ကတော့လာလီဂါအင်အားကြီးရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ကိုကျော်ပြီးရီးရဲလ်ဆိုစီဒက်ကစပိန်ကွင်းလယ်ကစားသမားမာတင်ဇူဘီမန်ဒီကိုခေါ်ယူနိုင်ဖို့နီးစပ်နေပြီပဲဖြစ်ပါတယ်။

အလက်ဟန်ဒရိုဂါနာချိုကတော့ပရီးမီးယားလိဂ်ပြိုင်ဘက်ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ချဲလ်ဆီးဟာဒေါ့မန်ကဂျေမီဘိုင်နိုဂစ်တန်စ်နဲ့ဘီလ်ဘာအိုကနီကိုဝီလီယမ်စ်တို့ကိုပစ်မှတ်စာရင်းမှာထည့်သွင်းထားပြီးယူနိုက်တက်တောင်ပံကစားသမားကိုလည်းခေါ်ယူဖို့တော်တော်လေးစိတ်ဝင်စားနေတာဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမားဒါးဗစ်ရာယာကိုတော့ရီးရဲလ်မက်ဒရစ်ကသီဘိုကော့တွာစ်ရဲ့နေရာမှာရေရှည်အတွက်အစားထိုးဖို့ပစ်မှတ်ထားနေကြောင်း The Sun ကဖော်ပြပါတယ်။ဒါးဗစ်ရာယာဟာအာဆင်နယ်နည်းပြမီခဲလ်အာတေးတားရဲ့စိတ်ကြိုက်ဂိုးသမားဖြစ်နေသလိုဂန်းနားအဖြစ်ပျော်ရွှင်နေတာကြောင့်ဒီအပြောင်းအရွှေ့ကတော့ဖြစ်နိုင်ချေတော်တော်လေးနည်းပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့တောင်ပံကစားသမားရိုဒရီဂိုနဲ့လမ်းခွဲဖို့ပြင်ဆင်နေပေမယ့်လည်းအန်းဒရစ်ခ်ကိုတော့လက်လွှတ်ဖို့မရှိပါဘူး။ဘရာဇီးလ်လူငယ်ကစားသမားကတော့ရီးရဲလ်မက်ဒရစ်ရဲ့အနာဂတ်အစီအစဉ်ထဲမှာပါဝင်နေကြောင်း RELEVO ကဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်