နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖာမင်း လိုပက်ဇ် အတွက် ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့တဲ့ ဘာစီလိုနာ၊ အာဒါဂူလာနဲ့ ဆယ်ဘာလော့စ်ကို ခေါ်ယူချင်နေတဲ့ အင်တာ | လာလီဂါ

လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ကွင်းလယ် ကစားသမား ဖာမင်း လိုပက်ဇ် အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ယူရိုပါလိဂ် ပွဲစဉ် အတွက် စပိန်ကို သွားရောက်စဉ် ဖာမင်း လိုပက်ဇ် အတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဘာစီလိုနာ ဘက်က သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၅၀ (ပေါင် ၄၂.၇ သန်း) ကျော်နဲ့ ကမ်းလှမ်းမှသာ လက်ခံ စဉ်းစားသွားဖို့ ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ နာပိုလီ ကွင်းလယ်လူ ဗစ်တာ အိုဆင်မ်ဟန် အတွက် သဘောတူညီမှု မရခဲ့ရင်တော့ အက်စတွန်ဗီလာရဲ့ ပေါင်သန်း ၆၀ တန် တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ချဉ်းကပ်တာ မအောင်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကိုတော့ အာဆင်နယ်က ချဲလ်ဆီးနဲ့ အပြိုင် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ ယူရို သန်း ၄၀ ကနေ ယူရို သန်း ၅၀ ကြား (ပေါင် ၃၄.၁ သန်း ကနေ ပေါင် ၄၂.၇ သန်းကြား) နဲ့ ခေါ်ယူနိုင်မယ့် ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီကို စုံစမ်းမေးမြန်းခဲ့တဲ့ နောက်ဆုံး အသင်း ဖြစ်ပါတယ်။ အန်တိုနီ ကတော့ လာလီဂါ ကလပ် ဘက်တစ်မှာ အငှားနဲ့ သွားရောက် ကစားရင်း ခြေစွမ်းပြနေတာကြောင့် ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

ဝုဗ် တိုက်စစ်မှူး မားသီးယက်စ် ကူညာ ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး Big Money Transfer ဖြစ်လာနိုင်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြလျက် ရှိနေပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၈၀ (ပေါင် ၆၈.၃ သန်း) ပေးချေဖို့ အဆင်သင့် ဖြစ်နေကြောင်း Fichajes က ဖော်ပြလာပြန်ပါတယ်။

အင်တာမီလန် ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အာဒါ ဂူလာနဲ့ ဒန်နီ ဆယ်ဘာလော့စ်တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Mundo Deportivo က ဖော်ပြပါတယ်။
အာဒါဂူလာနဲ့ ဒန်နီ ဆယ်ဘာလော့စ်ကို ခေါ်ယူမယ့် အင်တာမီလန်

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး နှစ်သင်းစလုံး ကတော့ အစ်ပ်ဆွစ်ချ်တောင်း တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို ခေါ်ယူဖို့ လက်လျှော့ဖွယ် ရှိနေပါတယ်။ 

နယူးကာဆယ် ကတော့ ဘုန်းမောက် ဗဟိုနောက်ခံလူ ဒင်းန် ဟိုင်ဆန်ကို တခြားအသင်းတွေနဲ့ အပြိုင် ခေါ်ယူတော့မှာ မဟုတ်ပဲ ခရစ္စတယ်ပဲလေ့စ်က မာ့ခ် ဂူဟီ ကိုပဲ ကြိုးပမ်းသွားတော့မယ်လို့ သိရပါတယ်။ မာ့ခ် ဂူဟီ ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ ကတည်းက လစ်ဗာပူးလ်၊ ချဲလ်ဆီး တို့နဲ့ သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေ အရ နယူးကာဆယ်ဟာ ပေါင်သန်း ၃၀ ဝန်းကျင် တန်ကြေး ရှိတဲ့ ရိုးမား ဗဟိုနောက်ခံလူ အီဗန် အန်ဒီကာကို အာဆင်နယ်နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း La Gazzetta dello Sport က ဖော်ပြပါတယ်။

အင်တာမီလန် ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အာဒါ ဂူလာနဲ့ ဒန်နီ ဆယ်ဘာလော့စ်တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Mundo Deportivo က ဖော်ပြပါတယ်။

တိုရီနို ဂိုးသမား ဗန်ဂျာ မီလင်ကိုဗစ်-ဆာဗစ် ကတော့ ချယ်လ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက်နှင့် နာပိုလီ တို့ရဲ့ ပစ်မှတ် ဖြစ်နေကြောင်း Tuttomercatoweb က ဖော်ပြပါတယ်။

အက်စတွန်ဗီလာနဲ့ ဂါလာတာဆာရေး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် ဂိုးသမား အန်ဒရီ လူနင်ကို မန်စီးတီးက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

အီဘာရီချီ အီးဇီး ကတော့ ဒီနွေရာသီမှာ ခရစ္စတယ်ပဲလေ့စ် ကနေ ထွက်ခွာလိုကြောင်း အသိပေးထားပြီလို့ သိရပါတယ်။ အင်္ဂလန် ကွင်းလယ်လူ အီးဇီး ကိုတော့ အက်စတွန်ဗီလာ၊ မန်စီးတီး၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။

အက်စတွန်ဗီလာ ကတော့ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ်ကို ဒီနွေရာသီမှာ ခေါ်ယူလိုနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်