အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၆ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ စွယ်စုံရ တိုက်စစ်မှူး ဖာရန်း တောရက်စ် အတွက် တော့တင်ဟမ်ဟော့စပါးရဲ့ ယူရို ၆၅ သန်း (ပေါင် ၅၇.၄ သန်း၊ ဒေါ်လာ ၇၅.၅ သန်း) နဲ့ ကမ်းလှမ်းမှုကို လက်ခံ ရရှိခဲ့ပါတယ်။
ရောဘတ် ဘာစီလိုနာ ကတော့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘဏ္ဍာရေး အခြေအနေ ကောင်းမွန်နိုင်မယ်လို့ ယုံကြည်နေပြီး လိုအပ်ပါက ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ အဆင့်မြင့် ကစားသမား တစ်ဦးကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
လာဇီယို နောက်ခံလူ မာရီယို ဂီလာ အတွက် ရရှိတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၅၀% ကို ရီးရဲလ်မက်ဒရစ်ထံ ပေးချေဖို့ လိုအပ်နေတာကြောင့် အံ့အားသင့်ဖွယ် အကျိုးအမြတ် တစ်ခု ရောက်ရှိလာနိုင်ပါတယ်။ ဒီကစားသမား ကိုတော့ အင်တာမီလန်က ပစ်မှတ်ထားနေပြီး တန်ကြေး ကတော့ ယူရို သန်း ၂၀ (ပေါင် ၁၇.၇ သန်း၊ ဒေါ်လာ ၂၃.၂ သန်း) ရှိနေပါတယ်။
သီဘောက် ကော့တွာစ် လက်သစ်လို့ အမည်ပေးခံထားရတဲ့ အသက် ၁၅ နှစ်အရွယ် မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒါလင်တန် အိုဆူချူကဝူ ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်တွေထဲက တစ်ခု ဖြစ်နေပါတယ်။ အိုဆူချူကဝူ ဟာ ဘက်စကေး ဒေသက နာဗာရာရှိ အကယ်ဒမီ တစ်ခုက ပေါ်ထွက်လာသူ ဖြစ်ပြီး လာလီဂါ ကလပ် ဘီလ်ဘာအို ကလည်း လိုချင်နေတယ်လို့ သိရပါတယ်။
စပိန် လက်ရွေးစင် နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေး ကတော့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား လာမင်း ယာမယ် စပိန် လူစာရင်းက နုတ်ထွက်မှုအပေါ် ဘာစီလိုနာနဲ့ သဘောတူညီမှု မရှိထားကြောင်း ပြောကြားခဲ့ပါတယ်။ ဖျူအန်တေးက ယာမယ် နုတ်ထွက်ကတည်းက အံ့အားသင့်စရာ ကောင်းတဲ့ လုပ်ရပ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက ကလပ်နဲ့ နိုင်ငံ လက်ရွေးစင် အသင်း အကြား ဆက်ဆံရေး ပိုကောင်းရမယ် လို့လည်း သုံးသပ်ခဲ့ပါတယ်။
စပိန် အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု E မှာ ခြေစစ်ပွဲ မအောင်သေးပေမယ့် ၄ ပွဲ ကစား ၄ ပွဲ စလုံး အနိုင်ရထားပြီး အုပ်စု ပထမ ရဖို့ နီးစပ်နေပါတယ်။ စပိန်ဟာ ညက ပွဲမှာ ဂျော်ဂျီယာကို အနိုင်ရခဲ့ပေမယ့် တူရကီ ကလည်း ဘူလ်ဂေးရီးယားကို အနိုင်ရခဲ့တာကြောင့် စပိန် အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ရေး အတွက် နောက်ဆုံး ပွဲအထိ တိုက်ပွဲဝင်နေရသေးတာ ဖြစ်ပါတယ်။ စပိန် အနေနဲ့ ဂျော်ဂျီယာကို မရှုံးခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် စံချိန်သစ် ဖြစ်တဲ့ ပွဲ ၃၀ ဆက် ရှုံးပွဲ မရှိ မှတ်တမ်း ရရှိမှာလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ဖြစ်တဲ့ အိုလီဂန်နာ ဆိုးလ်ရှားက မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ထပ်ပြီး လက်တွဲခွင့်ရချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားဟာ မိုလ်ဒီကို ကိုင်တွယ်စဉ်က ဟာလန်းနဲ့ လက်တွဲခဲ့ဖူးတာကြောင့် အခုလိုပြောခဲ့တာ ဖြစ်ပြီး နော်ဝေ လက်ရွေးစင် အသင်းရဲ့ နည်းပြရာထူးကို ချိန်ရွယ်နေကြောင်း ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။ အသက် ၅၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆိုးလ်ရှားဟာ မိုလ်ဒီ၊ ကာဒစ်ဖ်၊ ယူနိုက်တက်နဲ့ ဘက်ဆစ်တပ်စ် တို့ကို ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လမှာ ဘက်ဆစ်တပ်စ် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာ အသင်း လက်မဲ့ ဖြစ်နေပါတယ်။ နော်ဝေ လက်ရွေးစင် အသင်းဟာ လက်ရှိမှာ ဆိုလ်ဘက်ကန်ကို နည်းပြ အဖြစ် ခန့်အပ်ထား
မန်ချက်စတာယူနိုက်တက် ကတော့ ဒေါ့မန် တိုက်စစ် ကစားသမား ကာရင်မ် အဒီယီမီကို ခေါ်ယူဖို့ အတွက် စူပါအေးဂျင့် ဂျော့ဂျ် မန်းဒက်စ်နဲ့ ခပ်စိတ်စိတ် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ စိတ်ကြိုက် ခေါ်ယူမှုတွေ အတွက် ပေါင် သန်း ၂၀၀ ကျော် အသုံးပြုပြီး ဖြစ်တဲ့ သရဲနီတွေဟာ လာမယ့် ဇန်နဝါရီ မှာလည်း ပေါင် သန်း ၁၁၀ ဝန်းကျင် ထပ်မံ အသုံးပြုခွင့် ရရှိထားပြီး ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူ အားဖြည့်ထားခဲ့တဲ့ တိုက်စစ်ပိုင်း ကိုပဲ ထပ်မံ အားဖြည့်လိုနေပါတယ်။အသင်း တိုက်စစ်မှာ ဆက်စ်ကို အသားမကျ ဖြစ်နေချိန်မှာ တခြားသော တိုက်စစ်မှူး ဇစ်ခ်ဇီး ကလည်း အသင်း ကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် ဒေါ့မန်ရဲ့ အဓိက ကြယ်ပွင့် ကစားသမားကို ထပ်မံ ခေါ်ယူလိုနေပါတယ်။ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဆိုပါ တိုက်စစ် ကစားသမားဟာ နည်းပြ နီကို ကိုဗက်နဲ့ ဆက်ဆံရေး တော်တော်လေး တင်းမာနေသူ ဖြစ်ပြီး အသင်း ကနေ ထွက်ခွာဖို့ အတွက် ရာခိုင်နှုန်း များနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


