ယနေ့ နေ့လည်ပိုင်းအထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ဖရန်ကီ ဒီယောင်ရဲ့ စာချုပ် သက်တမ်းတိုးမှု အခြေအနေ ကတော့ အချိန်ထိ ရေရာ ပြတ်သားမှု မရှိသေးကြောင်း သိရပါတယ်။ ဒါကြောင့် ကတ်တာလန် ကလပ် အနေနဲ့ ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ စဉ်းစားလျက် ရှိကြောင်း El Nacional က ဖော်ပြပါတယ်။ နယ်သာလန် ကွင်းလယ်လူကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်က ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းထားပေမယ့် ဒီယောင် ဘက်ကတော့ တုန့်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ အတည်ပြုခဲ့ပြီးနောက် လူကာ မိုဒရစ် အနေနဲ့ စီးရီးအေ ထိပ်သီး အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်တဲ့ အင်တာမီလန် အနေနဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ခရိုအေးရှား အသင်းခေါင်းဆောင်ကို ခေါ်ယူဖွယ် ရှိနေကြောင်း သိရပါတယ်။ လူကာ မိုဒရစ်ဟာ အသက် အရွယ် အားဖြင့် ၃၉ နှစ် ရှိနေပြီ ဖြစ်ပေမယ့် ကစားသမား ဘဝ ကနေ အနားယူဖို့တော့ အစီအစဉ် မရှိသေးကြောင်း သိရပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၃ နှစ်ကြာ ကာလ အတွင်း ပွဲပေါင်း ၅၉၁ ပွဲ ကစားကာ ၄၃ ဂိုး သွင်းယူပြီး ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ ဖာမင်း လိုပက်ဇ် အတွက် တော့တင်ဟမ်ဟော့စပါးနဲ့ ဘေယန်မြူးနစ် တို့ထံမှ ယူရို သန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ စပိန် လူငယ် ကြယ်ပွင့် ကတော့ ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် ဆက်လက် တိုက်ပွဲဝင်ချင်နေတာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ဘင်ဖီကာ ဘယ်နောက်ခံလူ အဲလ်ဗာရိုး ကာရီးရက်စ်ကို တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ Fabrizio Romano က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ဖြတ်သန်းခဲ့ဖူးတဲ့ စပိန်နောက်ခံလူ အတွက် သဘောတူညီမှု ရရှိထားပြီး စပို့တင်းလစ္စဘွန်းနဲ့ ကစားမယ့် ပေါ်တူဂီဖလား ဗိုလ်လုပွဲ အပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီကစားသမားကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကလည်း ပြန်လည် ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက် အရ ရီးရဲလ်မက်ဒရစ် ကတော့ အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တီးနား လက်ရွေးစင်ဟာ အသင်းဟောင်း အာဆင်နယ်ကို ပြန်လာဖွယ် ရှိနေသေးသလို မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် ဘာစီလိုနာ ကိုလည်း ပြောင်းရွှေ့ဖွယ် ရှိနေပါသေးတယ်။ နယူးကာဆယ် ကတော့ အက်သလက်တီကိုမက်ဒရစ် ညာနောက်ခံလူ နာဟူးလ် မိုလီနာကို စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား လက်ရွေးစင် ကိုတော့ နာပိုလီ၊ ဂျူဗင်တပ်စ်နဲ့ ရိုးမား တို့ကလည်း မျက်စိကျနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.