အခုတစ်ခါ မှာတော့ လာလီဂါရဲ့ ထိပ်တန်း အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ နီကို ဝီလီယမ်စ် အတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက် မရှိကြောင်း သိရပါတယ်။ လက်ရှိမှာ စပိန် တောင်ပံ တိုက်စစ် ကြယ်ပွင့်လေးရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေတာ ကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ဖြစ်ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ်မှာ ပိုပြီး ကစားချင်နေတယ်လို့ သိရပါတယ်။ နီကို ဝီလီယမ်စ်ကို အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က ခေါ်ယူချင်နေပြီးတော့ ဘယ်အသင်းက ခေါ်ယူသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်က ဒီနွေရာသီမှာ ငွေသုံးကြမ်းဖို့ ရှိနေတဲ့ အသင်း ဖြစ်ပြီး ချဲလ်ဆီး ကလည်း ဒီကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ အသင့် ရှိနေတဲ အသင်း ဖြစ်ပါတယ်။
ဖလော်ရီယန် ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့မှာ ဘာစီလိုနာတို့ ပါဝင်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။ မန်စီးတီး၊ ဘေယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့က ကာလရှည်ကြာ ပစ်မှတ်ထားနေတဲ့ ဝစ်ဇ်ကို ဘာစီလိုနာက ကြားဖြတ် ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား အတွက် ပေးချေရမယ့် ယူရို သန်း ၁၅၀ (ပေါင် ၁၂၆.၄ သန်း) ဆိုတဲ့ ပမာဏ ကိုတော့ ဘာစီလိုနာ တို့ တတ်နိုင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

အကယ်၍ ဘာစီလိုနာ အနေနဲ့ ဒီနွေရာသီမှာ ရာဖင်ညာကို လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင်ကို ပစ်မှတ်ထားဖွယ် ရှိနေကြောင်း စပိန်သတင်းစာ Fichajes က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား အတွက် အေစီမီလန် ဘက်က ယူရို သန်း ၁၀၀ အနည်းဆုံး လိုချင်ကြောင်း အစောပိုင်း ကတည်းက အသံလွှင့်ထားပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် ရိုဒရီဂိုကို ရှင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဘရာဇီးလ်သား ကတော့ လာလီဂါ ကလပ်ရဲ့ ရည်မှန်းချက် ကြီးတဲ့ အပြောင်းအရွှေ့ အတွက် ငွေသား+အလဲထပ် သဘောတူညီမှုမှာ ပါဝင်သွားရဖို့ များနေတာ ဖြစ်ပါတယ်။ ရိုဒရီဂို ကတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီး၊ လစ်ဗာပူးလ် တို့နဲ့ အမြဲတမ်း သတင်းတွေ ထွက်နေသူ ဖြစ်ပြီး ပပ် ဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့် ရနိုင်မှာ ဖြစ်တာကြောင့် စဉ်းစားနိုင်ခြေတော့ ရှိနေပါတယ်။
ဒါမှမဟုတ် ရိုဒရီဂိုကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် သို့မဟုတ် ချဲလ်ဆီး တို့ထဲက တစ်သင်းသင်း ကသာ ခေါ်ယူဖို့ စိတ်ဝင်စားတယ် ဆိုရင် မက်ဒရစ်က ယူရို သန်း ၁၀၀ (ပေါင် ၈၄.၃ သန်း ကနေ ၁၀၁ သန်းကြားနဲ့ လက်လွှတ်မယ်လို့ သိရပါတယ်။ အဲဒီနောက် ရီးရဲလ်က ရိုဒရီဂို အတွက် ရတဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၇၀ (ပေါင် ၁၄၃ သန်း) သုံးစွဲရမယ့် ဟာလန်းရဲ့ အပြောင်းအရွှေ့ အတွက် ပြန်လည် အသုံးချသွားချင်နေကြောင်း သိရပါတယ်။
ဘေယန်မြူးနစ် ကတော့ တော့တင်ဟမ်ဟော့စပါး နောက်ခံလူ ပက်ဒရို ပေါ်ရိုကို ခေါ်ယူရန် စောင့်ကြည့်နေပြီး ဒီကစားသမားကို ဘာစီလိုနာ ကလည်း ပစ်မှတ် အဖြစ် ယူဆထားကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.