နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒန်နီရယ် မူနော့ဇ်ကို ကမ်းလှမ်းခဲ့တဲ့ ဘာစီလိုနာ၊ အန်းဒရစ်ခ်နဲ့ ဂါစီယာကို ခေါ်ယူချင်နေတဲ့ ဝက်စ်ဟမ်း | လာလီဂါ

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၇ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ ဒန်နီရယ် မူနော့ဇ်ကို ယူရို ၃၀ သန်း (ပေါင် ၂၆.၂ သန်း၊ ဒေါ်လာ ၃၄.၉ သန်း) နဲ့ ကမ်းလှမ်းခဲ့ကြောင်း Fichajes က ဖော်ပြပါတယ်။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ အသက် ၁၇ နှစ် အရွယ် ဘာစီလိုနာ ကွင်းလယ်လူ ဒရို ဖာနန်ဒက်ဇ်ကို ခေါ်ယူချင်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဆယ်ကျော်သက် ကစားသမားလေးရဲ့ တန်ကြေး မမြင့်မားလာခင် ဈေးသက်သာသော သဘောတူညီချက် တစ်ခု ရရှိဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိမှာ ထိပ်တန်း ခံစစ်မှူး ၃ ဦးကို စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ခရစ္စတယ်ပဲလေ့စ်က မာ့ခ် ဂူဟီ၊ ဘေယန်မြူးနစ်က ဒါယော့တ် အူပါမီကာနို တို့ကို စိတ်ဝင်စားနေပေမယ့်လည်း လစ်ဗာပူးလ် ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေး ကတော့ အဓိက ခံစစ် ပစ်မှတ် အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း Defensa Central က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကတ်တာာလန် ကလပ်ဟာ ရက်ရှ်ဖို့ဒ်ကို သူ့ရဲ့ အသင်းဖော်ဟောင်း မေဆန် ဂရင်းဝုဒ်နဲ့ ပြန်လည် ပေါင်းစည်းစေဖို့လည်း မျှော်လင့်နေကြောင်း The Sun က ဖော်ပြပါတယ်။

ချားလော့တ် အက်ဖ်စီနဲ့ နယူးယောက်စီးတီး အက်ဖ်စီ နှစ်သင်းစလုံးဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူ ဒေးဗစ် အလာဘာကို ဒေါ်လာ ၂ သန်း (ယူရို ၁.၇ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ကြောင်း Fichajes က ဖော်ပြပါတယ်။

ဒီနွေရာသီမှာ ကိုဘီ မိန်းနူးကို မခေါ်ယူနိုင်ခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါး ကတော့ လာမယ့် အပြောင်းအရွှေ့မှာ ထပ်မံ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း The Daily Briefing က ဖော်ပြပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိမှာ ထိပ်တန်း ခံစစ်မှူး ၃ ဦးကို စိတ်ဝင်စားနေပါတယ်။
လာလီဂါမှာသာ ဆက်လက် ကစားချင်နေကြတဲ့ အန်းဒရစ်ခ်နဲ့ ဂွန်ဇာလို ဂါစီယာ

အေစီမီလန် ကတော့ မက်တေးယို ကိုဗာချစ်ကို ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်းနဲ့ ခရိုအေးရှား အသင်းခေါင်းဆောင် လူကာ မိုဒရစ်နဲ့ စီးရီးအေမှာ ပြန်လည် ပေါင်းစည်းပေးနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ မက်တီ ကတ်ရှ်နဲ့ စာချုပ်သစ် ချုပ်ဆိုပြီးချိန်မှာ ဂျွန် မက်ဂင်းန်နဲ့ မော်ဂန် ရော်ဂျာစ်တို့ နှစ်ဦးစလုံး ကိုလည်း စာချုပ်သစ်တွေ ချုပ်ဆိုဖို့ ရှိနေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။

တန်းဆင်းဇုန် ဖိအားတွေ ရှိနေတဲ့ ဝက်စ်ဟမ်းဟာ လာမယ့် ဇန်နဝါရီလမှာ သူတို့ရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ အတွက် ရီးရဲလ်မက်ဒရစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ အန်းဒရစ်ခ်နဲ့ ဂွန်ဇာလို ဂါစီယာကို ပစ်မှတ်ထားနေကြောင်း TBR Football က ဖော်ပြပါတယ်။ အဲဗာတန် ကတော့ အီလီမန် အန်ဒီယာရီ အတွက် ပြောင်းရွှေ့ကြေး တစ်ရပ် သတ်မှတ်ဖို့ ပြင်ဆင်နေပါတယ်။ တော်ဖီ တို့ဟာ ဒီကစားသမားကို ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၁၅ သန်း (ဒေါ်လာ ၂၀.၁ သန်း) နဲ့သာ ခေါ်ယူခဲ့တာကြောင့် အမြတ်အစွန်း များစွာ ရရှိဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်