နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ နေမာ ဂျူနီယာကို အသင်းထံ ပြန်လည် ခေါ်ဆောင်ဖို့ အတွက် စီမံခန့်ခွဲနိုင်တဲ့ ငွေကြေး တစ်ရပ် ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။ ဘရာဇီးလ်သားရဲ့ တစ်နှစ် လုပ်ခလစာက ယူရို ၁၀ သန်း (ပေါင် ၈.၄ သန်း၊ ဒေါ်လာ ၁၁.၃ သန်း) ရှိနေပြီး ဘာစီလိုနာရဲ့ အသုံးစရိတ် စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ နေမာလို ပုံရိပ်ကြီးမားတဲ့ ကစားသမားကို ပြန်လည် ခေါ်ဆောင်ပြီးတော့ အသင်း အတွက် အကျိုးအမြတ်တွေ ပြန်လည် ရှာဖွေချင်နေတာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ လာမင်း ယာမယ်ကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သစ်အရ ယာမယ် အနေနဲ့ ဘာစီလိုနာရဲ့ လစာအကောင်းဆုံး ကစားသမား ဖြစ်လာနိုင်မှာတော့ မဟုတ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ အဓိက ကတော့ ဘာစီလိုနာ အကြီးအကဲတွေဟာ အသင်းကို ဘဏ္ဍာရေးချောက်ထဲ ကျမသွားစေဖို့ အတွက် ယာမယ်ကို ဖရန်ကီ ဒီယောင်နဲ့ ရောဘတ် လီဝမ်ဒေါစကီး တို့ထက် နည်းပါးတဲ့ လုပ်ခလစာ ကိုသာ ပေးချေဖို့ ရှိနေတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်မှာ ရုန်းကန်နေရတဲ့ ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ အတွက် အက်တလက်တီကိုမက်ဒရစ်က စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ Fichajes က ဖော်ပြခဲ့ပါတယ်။ CaughtOffsideရဲ့ ဖော်ပြချက်အရ ဆိုရင် စီးရီးအေ ကလပ် နာပိုလီ ကလည်း တိုက်စစ်မှူး ဥရုဂွေး တိုက်စစ်မှူးကို စိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း လစ်ဗာပူးလ် အနေနဲ့ အမည်မဖော်လိုတဲ့ ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုက ဒါဝင် နူညက်ဇ် အတွက် ကမ်းလှမ်းမှုကို လက်ခံရရှိထားကြောင်း Sky Germany မှ အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ အမည်မဖော်လိုတဲ့ ကလပ်ဟာ ဒီယိုဂို ဂျိုတာနဲ့ လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ အတွက်လည်း စုံစမ်းခဲ့ကြောင်း သိရပါတယ်။ ဒီယိုဂို ဂျိုတာ ကတော့ ဒီနွေရာသီမှာ အန်ဖီးလ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ လူးဝစ္စ ဒီးယက်ဇ် ကတော့ ဘာစီလိုနာနဲ့ ကောလာဟလတွေ တောက်လျောက် ထွက်ပေါ်နေပေမယ့် မာဆေးလ်ဆိုက်ဒ် ကလပ်မှာသာ ဆက်နေချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟထားခဲ့သူ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ဖရန့်ဖတ် ကွင်းလယ်လူ ဟူဂို လာဆင်ကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ ဂျာမန် ကွင်းလယ် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒ ပြင်းပြနေကြောင်း သိရပါတယ်။
အင်တာမိုင်ယာမီ ကတော့ အာဂျင်တီးနား ဝါရင့်တောင်ပံ တိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လီယွန်နယ် မက်ဆီရဲ့ အသင်းဖော် ကမ္ဘာ့ဖလားဆုရှင် ကတော့ ဒီနွေရာသီ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ဘင်ဖီကာ ကနေ ထွက်ခွာဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီးနောက် မေဂျာလိဂ် ကလပ်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.