လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ ကြယ်ပွင့် ကစားသမား လာမင်း ယာမယ်ကို ၆ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာသွားခဲ့ပါတယ်။ ဒါကြောင့် စပိန် လက်ရွေးစင် ကစားသမားဟာ ၂၀၃၁ ခုနှစ် အထိ ကတ်တလာန် ထိပ်သီး ကလပ်မှာ ဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယာမယ်က ဘာစီလိုနာရဲ့ နာမည်ကျော် ကျောနံပါတ် ၁၀ ကိုလည်း ပြောင်းလဲ ဝတ်ဆင်တော့မှာ ဖြစ်ပါတယ်။
အသက် ၁၇ နှစ် အရွယ် တောင်ပံ ကစားသမားရဲ့ မူလ စာချုပ်အရ ၂၀၂၆ ခုနှစ်မှာ လာလီဂါ ကလပ်နဲ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ယာမယ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီးတော့ လာလီဂါ၊ ကိုပါဒယ်ရေးဖလားနဲ့ စပိန်စူပါဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ထူးခြားတဲ့ ရာသီ တစ်ခု အဖြစ် ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ယာမယ်က ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ထားပြီး သူ့ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်တဲ့ ကစားသမား ဆိုလို့ ရာဖင်ညာပဲ ရှိတော့တာ ဖြစ်ပါတယ်။ ယာမယ်က ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်မှာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ အင်တာမီလန်ကို နှစ်ကျော့ပေါင်း ၇-၆ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။
ယာမယ် ဟာ ဒီရာသီ လာလီဂါမှာ ဂိုးဖန်တီးမှု ၁၃ ကြိမ်၊ ဧရိယာ ပြင်ပ ကနေ ကန်ချက် ၆၇ ကြိမ်၊ အခွင့်အရေး ဖန်တီးမှု ၂၈ ကြိမ်၊ ဘောလုံး ဆွဲပြေးပြီး ကန်ချက် ၅၆ ကြိမ်၊ ဘောလုံး ဆွဲပြေးပြီး ဖန်တီးမှု ၃၅ ကြိမ်၊ ဘောလုံး ပေးပို့မှု ၃၃ ကြိမ်နဲ့ ဘောလုံးနဲ့ အတူ ဆွဲပြေးမှု ၁၆၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

စာချုပ်မှာ ပါရှိတဲ့ သဘောတူညီချက်အရ စပိန် လက်ရွေးစင် ကစားသမား အနေနဲ့ သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကိုက်ညီခဲ့ရင်တော့ ဘာစီလိုနာရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ယာမယ် အနေနဲ့ ဘယ်လွန်ဒေါဆုရဲ့ ဆန်ကာတင် စာရင်းမှာလည်း ထိပ်ဆုံး ၅ ဦးထဲမှာ ပါဝင်နေပါတယ်။
ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာ ကတော့ ယာမယ် အပြင် စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လ အတွင်း ရောက်ရှိနေတဲ့ ရာဖင်ညာနဲ့ ဖရန်ကီ ဒီယောင် တို့ နှစ်ဦး ကိုလည်း သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိပြီး သဘောတူညီမှု ရရှိမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ လာပေါ်တာက “ရာဖင်ညာရဲ့ စာချုပ်သစ်က ဖြစ်လာတော့မှာပါ။ ဒေကို (အားကစားဒါရိုက်တာ) ရာဖာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ ကစားသမားက ပရောဂျက်မှာ ထဲထဲဝင်ဝင် ပါဝင်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော် တို့က သူ့ကို ဆက်ရှိစေချင်ပြီး သူကလည်း ဆက်နေချင်တာကြောင့် သဘောတူညီချက်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လာပေါ်တာက “ဖရန်ကီ ဒီယောင်နဲ့ စာချုပ်သစ် ကိစ္စလား။ သူ့အခြေအနေ ကလည်း အရေးကြီးပါတယ်။ တစ်နှစ် စာချုပ်သက်တမ်းပဲ ကျန်ရှိတဲ့ ကစားသမားကို ကျွန်တော်တို့ ဒီအတိုင်း မထားပါဘူး။ ဒါကိုလည်း သူသိပါတယ်။ ကျွန်တော်တို့ စကားပြောပြီးပါပြီ။ သူက အရမ်းပဲ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော် တို့က ဒတ်ခ်ျတွေရဲ့ ကစားပုံကို အရမ်း ကြိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်လို့ပါ။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.