လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ ရီးရဲလ်ဘက်တစ်မှာ ခြေစွမ်းပြနေတဲ့ အန်တိုနီကို မန်ချက်စတာယူနိုက်တက် ဆီကနေ ဝယ်ယူဖို့ ပြင်ဆင်လျက် ရှိကြောင်း သိရပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက အန်တိုနီကို အပိုဆုကြေးတွေ အပါအဝင် ယူရို သန်း ၃၀ (ပေါင် ၂၅.၅ သန်း) စုစုပေါင်း ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း (ပေါင် ၃၈.၃ သန်း) နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အန်တိုနီ ကိုယ်တိုင် ကလည်း သူ့အနေနဲ့ ပရီးမီးယားလိဂ် ကလပ်မှာ အနာဂတ် မသေချာတော့ကြောင်း ပြောကြားထားပါတယ်။
ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ အေစီမီလန် ကနေ အငှားစာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းထံ ပြန်လာမယ့် ယာအို ဖီးလစ်ကို ဆက်ထိန်းထားဖို့ ရည်ရွယ်ချက် မရှိကြောင်း သိရပါတယ်။ ယာအို ဖီးလစ် ကလည်း ချဲလ်ဆီး ကနေ ထွက်ခွာချင်နေပြီး တူရကီ ထိပ်သီး ကလပ် ဂါလာတာဆာရေးက ပေါ်တူဂီသားရဲ့ အနာဂတ်ကို စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ လစ်ဗာပူးလ်ရဲ့ ဒုတိယအကြိမ် စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ များနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ လစ်ဗာပူးလ်ဟာ ဗန်ဒိုက်ခ်ကို အစောပိုင်း ကတည်းက စာချုပ်သက်တမ်း တိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ရပြီး လာမယ့် နွေရာသီမှာ အသင်း ပြောင်းဖို့ များနေခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ ဗာဂျယ် ဗန်ဒိုက်ခ် နေရာမှာ အစားထိုးဖို့ ဘာစီလိုနာရဲ့ ဗဟိုခံစစ်မှူး ရော်နယ် အာရူဟိုကို စောင့်ကြည့်နေပြီးတော့ ပထမတစ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ တခြားသော ထိပ်တန်း ခံစစ်မှူးတွေကို ဆက်လက် ပစ်မှတ်ထား စောင့်ကြည့်ရဖို့တော့ ရှိနေပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာ အပေါ် စိတ်ရှည်မှု လျော့ကျလာပြီးနောက် ဆော်ဒီပရိုလိဂ်ရဲ့ မက်မောစရာ ကမ်းလှမ်းမှုတွေကို လက်ခံချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ စပိန် ဘီလူးတွေဟာ ဗင်နီးစီးယပ်စ်ကို ရောင်းထုတ်ပြီးနောက် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ရှိနေပြီး စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို စိတ်ဝင်စားလာကြောင်း သိရပါတယ်။ ဆွီဒင် တိုက်စစ်မှူး ကိုတော့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ ဘာစီလိုနာ တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပြီး လာလီဂါ ကလပ် အနေနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့တော့ ရှိနေပါတယ်။
လစ်ဗာပူးလ် ကတော့ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ နေရာ အတွက် ရေရှည် အစားထိုးဖို့ ဖရိုင်းဘက် ညာနောက်ခံလူ ကီလီရန် ဆီလ်ဒီလီရာကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လစ်ဗာပူးလ်ဟာ ဗန်ဒိုက်ခ် ကိုလည်း လက်လွှတ်ရဖွယ် ရှိနေတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခံစစ်မှူးသစ်တွေ ခေါ်ယူရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တို့က အဓိက ပစ်မှတ်ထားနေတဲ့ ဘုန်းမောက် ဗဟိုခံစစ်မှူး ဒင်းန် ဟွတ်ဒ်ဆန်ကို ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.