နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်မှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့တဲ့ အလွန်ဆို | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ကနေ ထွက်ခွာခဲ့ရပြီးနောက် ဖလား ရာသီ အဖြစ် အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရာသီသစ်ကို နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ အတူ ပုံစံသစ် တစ်ခုနဲ့ စတင်နေပေမယ့် အသင်းမှာ လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၀-၄ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ ပွဲစကတည်းက အမှားတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီးတော့ ပွဲချိန် ၁၀ မိနစ်လောက်မှာထဲက ၂-၀ နဲ့ ပြိုင်ဘက်ကို ဒူးထောက်လိုက်ရတာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အဆင့်တွေမှာ ဆိုရင် ပြိုင်ဘက်ကို အလွယ်တကူ အရှုံးမပေးတတ်ပဲ အမြဲတမ်းလိုလို ပြန်လာနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ Trademark လည်း ပျောက်ဆုံးနေခဲ့တာ တွေ့ရပါတယ်။

ဒီပုံအတိုင်း ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားသည့် တိုင်အောင် အထိုင်ကျပြီးသား ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရချိန်မှာ သေချာပေါက် ရုန်းကန်ရဖို့ ရှိနေဆဲပါ။ ဒါကြောင့် လာလီဂါ ကလပ် အနေနဲ့ အလွန်ဆို လက်အောက်မှာ လိုအပ်ချက်တွေကို ပြင်ဆင်ရင်း အသင်းရဲ့ လူစာရင်း ကိုလည်း အားဖြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နည်းပြ ဇာဘီ အလွန်ဆို ကတော့ အခုနွေရာသီမှာ အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အလွန်ဆိုက “ကလပ် ကမ္ဘာ့ဖလား ယှဉ်ပြိုင်နေချိန် မှာတော့ အပြောင်းအရွှေ့အကြောင်း မပြောဖြစ်ပါဘူး။ ဒါပေမယ့် အခုအချိန် မှာတော့ ကျွန်တော်တို့ အနေနဲ့ အသင်း တိုးတက်ဖို့ အတွက် အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ရတော့မှာပါ။ ကျွန်တော်တို့ အနေနဲ့ အသင်း တိုးတက်ဖို့ အတွက် အမြဲတမ်း ကြိုးပမ်းနေတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဒီနွေရာသီမှာ လာလီဂါ ကလပ်ကို ၃ နှစ် စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ အလွန်ဆိုဟာ ခေတ်သစ်တစ်ခု စတင်ဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ်။
အလွန်ဆိုကို ထောက်ခံ အားပေးစကား ပြောကြားခဲ့တဲ့ ဘေးလ်

ရီးရဲလ်မက်ဒရစ် ကတော့ ကလပ် ကမ္ဘာ့ဖလား မတိုင်ခင်မှာ ဘုန်းမောက် နောက်ခံလူ ဒင်းန် ဟောက်ဆန်၊ လစ်ဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့ အာဂျင်တီးနား လူငယ် ကွင်းလယ် ကြယ်ပွင့် မက်စတန်တူအိုနို တို့ကို ခေါ်ယူထားပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဘင်ဖီကာက အဲလ်ဗားရိုး ကာရီးရက်စ်ကို ခေါ်ယူဖို့ Here We Go ထားပြီလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ခံစစ်နဲ့ တိုက်စစ် အတွက် မကြာခင် စိတ်ချရဖို့ ရှိပေမယ့် တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ် တို့ မရှိတော့တဲ့ ကွင်းလယ် ကိုတော့ အကောင်းဆုံး အစားထိုးနိုင်ဖို့ လိုအပ်နေပါသေးတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ ကစားသမားဟောင်း ဂါရက် ဘေးလ် ကလည်း နည်းပြသစ် အလွန်ဆို အနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ရမှာ ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။ အလွန်ဆိုက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တာကြောင့် ဘေးလ်က အခုလိုပဲ ထောက်ခံ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“အလွန်ဆို အနေနဲ့ လေဗာကူဆင်မှာ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အခု ပိုကောင်းတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်ခွင့်ရလာပြီး ပိုကြီးမားတဲ့ အပြောင်းအရွှေ့တွေလည်း လုပ်ရတော့မှာပါ။ ရီးရဲလ်မက်ဒရစ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိလာဖို့ မျှော်လင့်ပြီး အလွန်ဆို လိုချင်တဲ့ အတိုင်း ကစားနိုင်မယ့်သူတွေ ရရှိလာမယ်လို့လည်း မျှော်လင့်ပါတယ်။ သူက ဘယ်ကစားသမား ကိုမှ ချန်လှပ်ထားဖို ကြောက်ရွံနေမှာ မဟုတ်ပါဘူး။” ဘေးလ်က သူ့ရဲ့ အမြင်ကို သုံးသပ်သွားခဲ့ပါတယ်။ဒီနွေရာသီမှာ လာလီဂါ ကလပ်ကို ၃ နှစ် စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ အလွန်ဆိုဟာ ခေတ်သစ်တစ်ခု စတင်ဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အလွန်ဆိုဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အများကြီး သင်ယူခဲ့ရတာကြောင့် ဘာတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်သလဲ ဆိုတာ သိရှိခဲ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်