နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ ကစားသမားတွေ အများဆုံး ပါဝင်နေတဲ့ Goal.com က ရွေးချယ်တဲ့ ဥရောပ အကောင်းဆုံး အသင်း | ဘောလုံး

Goal.com ကရွေးချယ်လိုက်တဲ့၂၀၂၄-၂၀၂၅ဘောလုံးရာသီဥရောပရဲ့အကောင်းဆုံးဘောလုံး အသင်းမှာတော့ပီအက်စ်ဂျီနဲ့ဘာစီလိုနာကစားသမားတွေအများဆုံးပါဝင်ခဲ့ပါတယ်။ဒီစာရင်းမှာတော့ထူးဆန်းစွာနဲ့ပဲရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကီလီယန်အမ်ဘာပေး၊လစ်ဗာပူးလ်တိုက်စစ်ကစားသမားမိုဟာမက်ဆာလာနဲ့ဘေယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းတို့တော့ပါဝင်လာခြင်းမရှိကြောင်းသိရပါတယ်။ဒီကစားသမားတွေဟာသူတို့ရဲ့သက်ဆိုင်ရာလိဂ်တွေဖြစ်တဲ့လာလီဂါ၊ပရီးမီးယားလိဂ်နဲ့ဘွန်ဒက်စ်လီဂါတို့ရဲ့ရွှေဖိနပ်ဆုရှင်တွေလည်းဖြစ်ပါတယ်။

Goal.com ကတော့၂၀၂၄-၂၀၂၅ဘောလုံးရာသီအတွင်းဥရောပဘောလုံးလောကမှာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားတွေကိုနေရာအလိုက်စွမ်းဆောင်ရည်အပေါ်အခြေခံပြီးအကောင်းဆုံးအသင်းအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း Goal.com ရဲ့ရွေးချယ်မှုကအမ်ဘာပေး၊ဆာလာ၊ကိန်းတို့မပါဝင်ပဲအံ့အားသင့်စရာကောင်းခဲ့တာဖြစ်ပါတယ်။အမ်ဘာပေးဆိုရင်ဒီရာသီရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲစုံ၅၆ပွဲကစားကာ၄၃ဂိုးသွင်းယူပြီးဥရောပရဲ့ဂိုးသွင်းဘုရင်ဆုရရှိခဲ့ပါတယ်။ဒါ့အပြင်မိုဟာမက်ဆာလာကလည်းပရီးမီးယားလိဂ်ရဲ့ရွှေဖိနပ်ဆု၊အကောင်းဆုံးကစားသမားဆုနဲ့ Playmaker ဆုတွေပါရရှိခဲ့သူဖြစ်ပါတယ်။ဟယ်ရီကိန်းကတော့ဘေယန်မြူးနစ်နဲ့အတူကစားသမားဘဝပထမဦးဆုံးဆုဖလားရရှိခဲ့တဲ့အပြင်ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်ဆုရရှိထားခဲ့ပါတယ်။

ဒါ့အပြင်မိုဟာမက်ဆာလာကလည်းပရီးမီးယားလိဂ်ရဲ့ရွှေဖိနပ်ဆု၊အကောင်းဆုံးကစားသမားဆုနဲ့ Playmaker ဆုတွေပါရရှိခဲ့သူဖြစ်ပါတယ်။
ဥရောပရဲ့ အကောင်းဆုံး ကစားသမား အယောက် ၅၀ စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ယာမယ်နဲ့ ရာဖင်ညာ

ဒါပေမယ့်လည်းပြင်သစ်လီဂူးဝမ်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့အူစမန်နီဒမ်ဘီလီကတော့ပါဝင်ခဲ့သလိုချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်လှမ်းထားတဲ့ပီအက်စ်ဂျီကကစားသမား၆ဦးအထိရွေးချယ်ခံရပြီးဘာစီလိုနာက၃ဦး၊အာဆင်နယ်က၁ဦးနဲ့လစ်ဗာပူးလ်က၁ဦးပါဝင်ခဲ့ပါတယ်။ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အင်တာမီလန်ကကစားသမားတွေတစ်ဦးမှပါဝင်ခဲ့ခြင်းမရှိပါဘူး။

Goal.com ရဲ့ဥရောပအကောင်းဆုံးအသင်းမှာပါဝင်ခဲ့သူတွေကတော့ဂိုး – ဂျီယန်လူဝီဂျီဒွန်နာရမ်းမား (ပီအက်စ်ဂျီ)၊နောက်တန်း – ဟာကီမီ (ပီအက်စ်ဂျီ)၊ဂါဘရီရယ်မက်ဂါဟေးစ် (အာဆင်နယ်)၊ဗာဂျယ်ဗန်ဒိုက်ခ် (လီဗာပူးလ်)၊နူနိုမန်းဒက်စ် (ပီအက်စ်ဂျီ)၊အလယ်တန်း – ယာအိုနီးဗက်စ်(ပီအက်စ်ဂျီ)၊ဗစ်တင်ညာ (ပီအက်စ်ဂျီ)၊ပက်ဒရီ (ဘာစီလိုနာ)၊ရှေ့တန်း – ယာမယ် (ဘာစီလိုနာ)၊အူစမန်နီဒမ်ဘီလီ (ပီအက်စ်ဂျီ)နဲ့ရာဖင်ညာ (ဘာစီလိုနာ) တို့ဖြစ်ပါတယ်။

Goal.com ကရွေးချယ်ခဲ့တဲ့၂၀၂၄-၂၀၂၅ဘောလုံးရာသီဥရောပရဲ့အကောင်းဆုံးကစားသမား၁၀ဦးစာရင်းမှာတော့ဆာလာ၊အမ်ဘာပေးနဲ့လီဝမ်ဒေါစကီးတို့၃ဦးပါဝင်ခဲ့ပါတယ်။ဒီစာရင်းမှာလည်းပရီးမီးယားလိဂ်ရဲ့ဆု၃ဆုရှင်မိုဟာမက်ဆာလာကအဆင့်၃နေရာရပ်တည်နိုင်ခဲ့ပေမယ့်လီဝမ်ဒေါစကီးကအဆင့်၆နဲ့အမ်ဘာပေးကတော့အဆင့်၈နေရာမှာပဲရှိခဲ့ပါတယ်။ဒီစာရင်းမှာတော့ဘယ်လွန်ဒေါဆုအတွက်ရေပန်းစားနေတဲ့ယာမယ်ကအဆင့်၁၊ရာဖင်ညာကအဆင့်၂နေရာတွေမှာရှိခဲ့ပြီးဒမ်ဘီလီကအဆင့်၄၊ပက်ဒရီကအဆင့်၅၊လီဝမ်ဒေါစကီးကအဆင့်၇၊ဗန်ဒိုက်ခ်ကအဆင့်၉၊ဗစ်တာယိုကီးရက်စ်ကအဆင့်၁၀နေရာမှာအသီးသီးရပ်တည်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်