နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လိုင်ယွန်နဲ့ ယူရိုပါလိဂ် နိုင်ပွဲကယူနိုက်တက်ကိုကိုင်တွယ်ခဲ့တဲ့၅လတာအတွင်းကြုံတွေ့ခဲ့ရတဲ့ဒုက္ခအားလုံးကိုတန်ဖိုးရှိစေခဲ့တယ် ဆိုတဲ့ အမော်ရင်

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်ကလိုင်ယွန်ကိုအံအားသင့်ဖွယ်ပြန်လာနိုင်မှုနဲ့အတူအနိုင်ရသွားခဲ့ပါတယ်။အမော်ရင်ကဒီအနိုင်ရမှုပုံစံကသူယူနိုက်တက်ကိုကိုင်တွယ်ခဲ့တဲ့၅လတာအတွင်းကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေအားလုံးကိုတန်ဖိုးရှိစေခဲ့တယ်လို့ပြောကြားသွားခဲ့ပါတယ်။ဒါ့အပြင်အမော်ရင်ကဒီလိုအနိုင်ရဖို့အတွက်ဘယ်လိုအကြောင်းအရာတွေကအဓိကကျခဲ့သလဲဆိုတာကိုတော့နည်းပြဖြစ်သူရူဘင်အမော်ရင်ကအခုလိုပဲဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာအမော်ရင်က “ဒါကဘာလို့ဒီအားကစားကိုဒီလောက်ချစ်ရလဲဆိုတာပါ။ဒီလိုရာသီမျိုးမှာနည်းပြတစ်ယောက်အနေနဲ့ကြုံတွေ့ရတဲ့စိတ်ပျက်စရာတွေဆိုးရွားတဲ့အခိုက်အတန့်တွေအားလုံးကိုဒီလိုအခိုက်အတန့်တွေရလာတဲ့အခါအကုန်တန်ဖိုးရှိသွားပါတယ်။ပြီးတော့ဒီပွဲပြီးရင်လာမယ့်တနင်္ဂနွေမှာနောက်ထပ်ပွဲရှိပါသေးတယ်။ကစားသမားတွေကစားဖို့အဆင်သင့်ဖြစ်မဖြစ်ကိုကြည့်ရမယ်။ဘာလို့လဲဆိုတော့ယူရိုပါလိဂ်ကိုဆက်ပြီးအာရုံစိုက်ရမှာဖြစ်လို့ပါ။”ဆိုပြီးပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီးအမော်ရင်ကယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာဘီလ်ဘာအိုနဲ့တွေ့ဆုံရမယ့်ပွဲအကြောင်းကိုအခုလိုပဲပြောကြားသွားခဲ့ပါတယ်။
လိုင်ယွန်ကို အနိုင်ရခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟလာခဲ့တဲ့ ယူနိုက်တက်

ဆက်လက်ပြီးအမော်ရင်ကယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုနဲ့တွေ့ဆုံရမယ့်ပွဲအကြောင်းကိုအခုလိုပဲပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော်စပိုတင်းနဲ့သူတိုကိုရင်ဆိုင်ခဲ့ဖူးလို့သူတို့အကြောင်းကိုနည်းနည်းသိထားပါတယ်။အခုကအချိန်အခြေအနေမတူတော့ဘူး။သူတို့ကနည်းစနစ်ပိုင်းမှာအရမ်းအားကောင်းပါတယ်။တောင်ပံကစားသမား၂ဦးကလည်းတော်ပါတယ်။ဒါပေမယ့်ပြိုင်ဘက်ရဲ့ထူးခြားချက်တွေကိုအကဲဖြတ်ဖို့ကျွန်တော်တို့မှာအချိန်ရှိပါသေးတယ်။”လို့ပြောကြားသွားခဲ့ပါတယ်။

ထူးခြားတာကအမော်ရင်ဟာယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင်မှာ Amazon Prime ကထုတ်လွှင့်တဲ့ ‘99’ မှတ်တမ်းရုပ်ရှင်ကိုကြည့်ခဲ့တယ်လိုဖွင့်ဟခဲ့တာဖြစ်ပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ကတော့ဆာအဲလက်စ်ဖာဂူဆန်လက်ထက်၁၉၉၉မှာယူနိုက်တက်ရဲ့တစ်ရာသီအတွင်းဖလား၃လုံးအောင်မြင်မှုအကြောင်းကိုရိုက်ကူးပြထားတာဖြစ်ပါတယ်။ဒါ့အပြင်အဲဒီအချိန်တုန်းကယူနိုက်တက်ဟာဘေယန်မြူးနစ်ကိုချန်ပီယံလိဂ်ဗိုလ်လုပွဲမှာအချိန်ပိုသွင်းဂိုးတွေနဲ့အံ့အားသင့်ဖွယ်အနိုင်ရခဲ့တဲ့ပွဲအကြောင်းလည်းပါဝင်နေခဲ့ပါတယ်။

အမော်ရင်ဒီမှတ်တမ်းရုပ်ရှင်ကိုကြည့်ရှုပြီးတဲ့နောက်မှာတော့ယူနိုက်တက်ဟာတိုက်ဆိုင်စွာနဲ့ပဲယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာလိုင်ယွန်ကိုအချိန်ပိုမှာ၂-၄ရလဒ်နဲ့ရှုံးနိမ့်နေရာကနေ၅-၄ဆိုတဲ့ရလဒ်နဲ့ပြန်လည်အနိုင်ရရှိအောင်အံ့အားသင့်ဖွယ်စွမ်းဆောင်ပြနိုင်ခဲ့သလိုဆီမီးဖိုင်နယ်ကိုလည်းထိုက်ထိုက်တန်တန်တက်လှမ်းသွားခဲ့ပါတယ်။

ဒါနဲ့ပတ်သတ်လို့အမော်ရင်က “ကျွန်တော်၁၉၉၉မှတ်တမ်းရုပ်ရှင်ကိုဒီလိုအခိုက်အတန့်တွေအတွက်လှုဆော်မှုရဖို့ကြည့်ခဲ့ပါတယ်။ဒါကအံ့ဩစရာညတစ်ညပါ။အသင်းကပင်ပန်းနေပြီး၂-၄နဲ့ကစားသမားတစ်ယောက်လျော့နေချိန်မှာပွဲပြီးသွားပြီလိုထင်ခဲ့ပေမယ့်ဒီနေရာမှာတော့ဘာမှမပြီးဆုံးခဲ့ပါဘူး။ဒီနေရာမှာအားလုံးဖြစ်နိုင်တယ်။ပတ်ဝန်းကျင်ရဲ့စိတ်လှုပ်ရှားမှုကိုခံစားရပါတယ်။၄-၃ဖြစ်လာတဲ့အခါဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီဝင်ပြီးတဲ့အချိန်ကျွန်တော်တို့ပွဲကိုပြောင်းလဲနိုင်မယ်လို့ခံစားခဲ့ရပါတယ်။” TNT Sports ကိုပြောပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်