စကော့တလန် ၀ – ၂ ချက်
(ပက်ထရစ် ရှစ်ခ် ၄၂’၊ ၅၂’)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စကော့တလန်နဲ့ ချက်တို့ရဲ့ ယူရို ၂၀၂၀ အုပ်စု(D) ပွဲစဉ်မှာတော့ ဂလတ်စ်ဂိုမှာ လာရောက်ကစားတဲ့ ဧည့်သည့် ချက်တို့ တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ် သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အိမ်ရှင် စကော့တလန်ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အခွင့်အရေး ကိုယ်စီရရှိခဲ့ကြပေမယ့် အဆုံးသတ် သေချာခဲ့တဲ့ ချက်အသင်းက အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိပြီး နောက်တစ်ဆင့် တက်ဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။
စကော့တလန် အသင်းမှာ ပရီးမီးယားလိဂ် အခြေစိုက်ကစားသမားတွေ အများစု ပါဝင်ခဲ့ပြီး နာမည်ကြီး ဖြစ်တဲ့ အန်ဒရူး ရော်ဘတ်ဆန်၊ မက်တော်မီနေး တို့အပြင် အမ်းစထရောင်း၊ မက်ဂင်း၊ လီယမ်ကူပါး၊ ချေးအက်ဒမ် တို့လို ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။ ပြည်တွင်းနဲ့ ဥရောပအခြေစိုက် ကစားသမားအများစုနဲ့ စုဖွဲ့ထားတဲ့ ချက် မှာတော့ တိုက်စစ်မှာ လေဗာကူဆင်က ပက်ထရစ်ရှစ်ခ် ဦးဆောင်လာပြီး ဝက်စ်ဟမ်း ကစားသမား နှစ်ဦးဖြစ်တဲ့ သောမက်စ် ဆိုရှက်ခ်၊ ဆိုဖယ်လ်၊ ဟာသာဘာလင်က ဒါရီဒါတို့ကို အမာခံကစားသမားတွေအဖြစ် အသုံးပြုခဲ့ပါတယ်။ နှစ်ပေါင်း ၂၃ နှစ် အကြာမှ အဓိကပြိုင်ပွဲကြီး တစ်ခုမှာ ပြန်လည် ကစားခွင့်ရခဲ့တဲ့ အပြင် အိမ်ကွင်း ပရိသတ်အား အပြည့်ရှိခဲ့တဲ့ စကော့တလန်တို့ ပထမပိုင်းမှာ ခြေစွမ်းပိုကောင်းခဲ့ပြီး ချက်ဘက်ကို တောက်လျောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ချက် တို့ကတော့ ထောင့်ကန်ဘောတွေ၊ တောင်ပံက ဖြတ်တင်ဘောတွေကနေ တစ်ဆင့် ဂိုးရဖို့ ကြိုးပမ်းခဲ့ပြီး နည်းပြ ဂျာရိုဆလက်ဗ် ရှယ်ဟာဗီရဲ့ ဗျူဟာက တော်တော်လေး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ပထမပိုင်း ပြီးခါနီးမှာ တောင်ပံက ဆိုဖယ်လ်ရဲ့ ထောင့်ဖြတ် ကန်တင်ပေးလိုက် ဘောလုံးကို အရပ်အမောင်းကောင်းတဲ့ ပက်ထရစ်ရှစ်ခ်က ပြိုင်ဘက် နောက်ခံလူတွေ ကြားက အမိအရ ခေါင်းတိုက်ပြီး ချက်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်း မှာတော့ စကော့တလန်တို့ ချေးအက်ဒမ်ကို ထည့်သွင်းပြီး ချေပဂိုး ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။ နှစ်ဖက် ဂိုးသမားတွေ လက်စွမ်းပြနေတာနဲ့ ကစားသမားတွေ ဂိုးကံခေနေတာကြောင့် သွင်းဂိုးတွေ ရဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း သွင်းဂိုး ထပ်ရသွားခဲ့တာ ချက်ပဲ ဖြစ်ပါတယ်။ ဒီဂိုးကိုတော့ စကော့တလန် ဂိုးသမား ဒေးဗစ် မာရှယ် ရှေ့ထွက်နေတာကို မြင်တဲ့ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်က ကွင်းလယ် တစ်ဝက်လောက်ကနေ လှလှပပ ဝေ့ဝိုက် ကန်သွင်းပြီး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲကစားချိန် ပြည့်တဲ့အထိ သွင်းဂိုးတွေ ထပ်မရခဲ့လို့ ချက်တို့ အိမ်ရှင်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီး လာမယ့်ပွဲစဉ် ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ရင်တောင် အကောင်းဆုံး အုပ်စု တတိယနဲ့ ရှုံးထွက်တက်ဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။
ကြယ်ပွင့် ကစားသမား – ပက်ထရစ်ရှစ်ခ်
(စာရေးသူရဲ့ စိတ်ကြိုက်ကစားသမား – ပက်ထရစ်ရှစ်ခ်)
ဒီနေ့ပွဲအတွက် ကြယ်ပွင့်ကစားသမား ရွေးချယ်မှုမှာတော့ ယူအီးအက်ဖ်အေနဲ့ စာရေးသူရဲ့ သဘောထား တိုက်ဆိုင် ခဲ့ပါတယ်။ ဒီပွဲကို ကြည့်ရှုခဲ့တဲ့ ဘယ်သူမဆို ပက်ထရစ်ရှစ်ခ် ကိုပဲ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ကြမယ်ဆိုတာ သေချာပေါက် ပြောရဲပါတယ်။ စကော့တလန် နောက်တန်းကို အလုပ်ရှုပ်စေခဲ့သလို သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ရုံ သာမက သူ့ရဲ့ ဒုတိယဂိုး ဟာလည်း တကယ့်ကို လှပကောင်းမွန်တဲ့ သွင်းဂိုး တစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ရှစ်ခ်ရဲ့ သွင်းဂိုးဟာ လက်ရှိ ယူရို ၂၀၂၀ ရဲ့ အကောင်းဆုံးသွင်းဂိုး အဖြစ် သတ်မှတ်ခံရနိုင်သလို တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုး ဆန်ကာတင် စာရင်းမှာ ပါဝင်လာဖို့ သေချာသလောက် ရှိပါတယ်။
ပွဲပြီးအချက်အလက်များ
• ချက် တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ် အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၁၁ ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
• ချက် တို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၆ ကြိမ် ကစားခဲ့ပြီး လက်ရှိ ယူရို ၂၀၂၀ မှ ပထမဦးဆုံး အကြိမ် အဖြစ် ပထမပိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
• ပက်ထရစ်ရှစ်ခ်ဟာ ယူရို ၂၀၀၄ ကွာတားဖိုင်နယ်မှာ ဒိန်းမတ် ဘက်ကို ၂ ဂိုးသွင်းခဲ့တဲ့ မီလန်ဘားရို့စ် နောက်ပိုင်း ချက် အတွက် တစ်ပွဲတည်း ၂ ဂိုးသွင်းခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
• အခုပွဲဟာ ချက်အတွက် နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၂ ပွဲမှာ ၃ ပွဲမြောက် ဂိုးမပေးရတဲ့ပွဲ ဖြစ်လာခဲ့ ပါတယ်။
• ၃၅ နှစ်နဲ့ ၁၀၁ ရက် အရွယ်ရှိပြီ ဖြစ်တဲ့ဂိုးသမားကြီး ဒေးဗစ်မာရှယ် ဟာ စကော့တလန် ဘောလုံးအသင်း သမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီးတစ်ခုမှာ ပွဲထွက်ကစားခွင့်ရတဲ့ ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.