နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ဥရောပမှာ အရေးပါတဲ့ အသင်း ဖြစ်ကြောင်း သက်သေပြချင်နေတဲ့ အန်ဇို မာရက်စ်ကာ

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ က‌တော့ သူ့ရဲ့ အသင်းဟာ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲမှာ အနိုင်ရပြီး ဥရောပ စင်မြင့်ထက်မှာ အရေးပါတဲ့ အသင်း တစ်သင်း ဖြစ်တယ် ဆိုတာ ပြသနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ရာသီ နောက်ဆုံးပွဲမှာ နော့တင်ဟမ်ဖောရက်စ်ကိုနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားခဲ့သလို မာရက်စကာ အနေနဲ့လည်း လန်ဒန် ကလပ်နဲ့ ပွဲဦးထွက်ရာသီမှာ ဆုဖလား တစ်လုံးနဲ့ ရာသိမ်းသိမ်းခွင့် ရှိနေပါတယ်။

အကယ်၍ ချဲလ်ဆီးသာ ယူရိုပါကွန့်ဖရင့်လိဂ်မှာ ဗိုလ်စွဲခဲ့မယ် ဆိုရင်တော့ စူပါဖလားက လွဲပြီး ဥရောပရဲ့ မတူညီတဲ့ အဓိက ပြိုင်ပွဲကြီး ၄ ခုမှာ ချန်ပီယံ ဖြစ်တဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အသင်း အဖြစ် မှတ်တမ်းဝင်နိုင်မှာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ Winners’ Cup (၁၉၇၁ နဲ့ ၁၉၉၈)၊ ချန်ပီယံလိဂ် (၂၀၁၂နဲ့ ၂၀၂၁) နဲ့ ယူရိုပါလိဂ် (၂၀၁၃နဲ့ ၂၀၁၉) တို့မှာ နှစ်ကြိမ်စီ ချန်ပီယံ ဖြစ်ထားတဲ့ အသင်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ရာသီအစ ကတည်းက ယူရိုပါကွန့်ဖရင့်လိဂ် ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့သလို လက်ရှိမှာ ဗိုလ်လုပွဲ အဆင့်ထိ သက်တောင့်သက်သာ တက်လှမ်းထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ မာရက်စ်ကာက ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်း သိခဲ့ရတာက ကျွန်တော်တို့ အရေးကြီးတဲ့ အရာတစ်ခုကို လုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် အရေးကြီးတဲ့ အသင်း တစ်သင်း ဖြစ်လာတော့မယ် ဆိုတာ သက်သေပြချင်ရင်၊ ပြိုင်ပွဲနဲ့ ဆုဖလားတွေ ရယူလိုတဲ့ ဆန္ဒကို ပြသဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ရာသီအစ ကတည်းက ယူရိုပါကွန့်ဖရင့်လိဂ် ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့သလို လက်ရှိမှာ ဗိုလ်လုပွဲ အဆင့်ထိ သက်တောင့်သက်သာ တက်လှမ်းထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူရိုပါကွန့်ဖရင့်လိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေတဲ့ မာရက်စ်ကာ

ဆက်လက်ပြီး “ဒါကြောင့် ပရီးမီးယားလိဂ်မှာ လုပ်ပြနိုင်ခဲ့တာက အံ့မခန်း ဖြစ်ပြီးတော့ ဒီအတွက်လည်း ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် မနက်ဖြန်က မတူကွဲပြားတဲ့ ပွဲတစ်ပွဲ ဖြစ်ပြီးတော့ ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ မဆို အနိုင်ရချင်ပါတယ်။ နေ့တိုင်း ကျွန်တော် တို့မှာ သက်သေပြစရာတွေ ရှိတယ်၊ ကျွန်တော်တို့ လုပ်ခဲ့တာတွေက ပြီးဆုံးသွားပါပြီ။ မနက်ဖြန်မှာ ကျွန်တော်တို့ ကိုယ်တိုင် သက်သေပြရပါမယ်။ ဒီရာသီမှာ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ပွဲတွေ အများကြီး ကစားခဲ့ပြီး အခုတော့ နောက်ထပ် တစ်ပွဲပဲ ရှိပါတော့တယ်။” လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

မာရက်စကာ အပါအဝင် ချဲလ်ဆီးရဲ့ နောက်ဆုံး နည်းပြ ၇ ဦးဟာ သူတို့ရဲ့ ပထမဦးဆုံး ရာသီမှာတင် အသင်းကို ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ကြပါတယ်။ ဒီနည်းပြတွေ ကတော့ ဂျီယန်လူကာ ဗီယာလီ၊ အေဗရာဟမ် ဂရန့်၊ ဒီမတ်တီယို၊ ရာဖေးလ် ဘင်နီတက်ဇ်၊ မော်ရူဇီယို ဆာရီနဲ့ သောမက်စ် တူချယ် တို့ ဖြစ်ပါတယ်။ ဒီထဲမှာမှ အေဗရာဟမ် ဂရန့်က လွဲလို့ ကျန် နည်းပြ အားလုံးက ချဲလ်ဆီးနဲ့ အတူ ဥရောပ ပြိုင်ပွဲ ချန်ပီယံတွေ ဖြစ်ခဲ့ကြပါတယ်။

နယူးကာဆယ်ယူနိုက်တက်ကို ၂-၀နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတဲ့ တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်လည်း ဒီဗိုလ်လုပွဲမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပြီးတော့ မာရက်စ်ကာက ဂျက်ဆန် အနေနဲ့ အသင်းဖော်တွေကို အကြွေးတင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ မာရက်စ်ကာက “အဲဒီအချိန်က နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ကစားခဲ့ရပြီး ကျွန်တော်တို့ အတွက် အရေးအကြီးဆုံး ပွဲဖြစ်ခဲ့ပါတယ်။ သူက သူ့ရဲ့အသင်းဖော်တွေကို ၁၀ ယောက်ထဲနဲ့ တစ်နာရီကြာ ထားခဲ့ပါတယ်။ သေချာတာပေါ့။ သူအကြွေးတင်နေပါတယ်။ သူက ကစားသမားကောင်း တစ်ယောက်ပါ။ သူ့ အမှားကို ပြန်ပြင်ဆင်ရမယ်။ သူက သူ့ရဲ့အသင်းဖော်တွေကို တောင်းပန်ခဲ့ပါတယ်။ အဲဒါက အရမ်းပဲ အရေးကြီးပါတယ်။ သူက ကျွန်တော်တို့ အတွက် အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ဖန်တီးပေးမယ် ဆိုတာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်