နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နှစ်နှစ်ဆက် ဥရောပ ယူ-၂၁ ချန်ပီယံရှစ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်္ဂလန်

ဆလိုဗက်ကီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ရဲ့ ဗိုလ်လုပွဲ မှာတော့ လက်ရှိ ချန်ပီယံ အင်္ဂလန်က ဂျာမနီကို အချိန်ပိုမှာ ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဟာ ဥရောပ ယူ ၂၁ ချန်ပီယံရှစ်မှာ ၄ ကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ လီ ကာစလေရဲ့ အင်္ဂလန်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဂျာမနီ ကတော့ ၄-၄-၂ နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ အင်္ဂလန် ဘက်မှာ ကွမ်ဆာ၊ ဟင်ရှဲလ်ဝုဒ်၊ လစ်ဗရာမန်တို၊ မက်အတီး၊ ဟတ်ချင်ဆန်၊ ဟာဗေး အဲလီယော့တ်တို့ ပါဝင်လာခဲ့သလို ဂျာမနီ ဘက်မှာလည်း ဂိုးမြူးနေတဲ့ နစ်ခ် ဝေါလ်တီမိတ်နဲ့ ဝိုင်ပါ တို့က တိုက်စစ်မှာ ဦးဆောင်ခဲ့ပြီး နီဘဲလ်၊ ဂရူဒါ၊ အတူဘိုလူ တို့လို အဓိက ကစားတွေနဲ့ပဲ ပွဲထက်လာခဲ့တာပါ။

အင်္ဂလန်ဟာ ပွဲချိန် ၅ မိနစ်မှာ အဲလီယော့တ်၊ ၂၄ မိနစ်မှာ ဟတ်ချင်ဆန် တိုရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးမှ ဂျာမနီက ဗိုင်ပါ၊ နီဘဲလ် တို့ရဲ့ ဂိုးတွေနဲ့ ချေပနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ချိန် အထိ အနိုင်အရှုံး အဖြေမပေါ်တာကြောင့် အချိန်ပို ဆက်လက် ကစားခဲ့ရပြီး အင်္ဂလန် အတွက် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၉၂ မိနစ်မှာ လူစားဝင်လာတဲ့ ဂျိုနသန် ရိုဝီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် ဟာ ၂၀၂၃နဲ့ ၂၀၂၅ ခုနှစ်တွေမှာ နှစ်ကြိမ်ဆက် အပြင် ၁၉၈၂၊ ၁၉၈၄ တို့မှာလည်း ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ဖူးတာကြောင့် သမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဥရောပ ယူ-၂၁ ချန်ပီယံရှစ် ပြိုင်ပွဲမှာ စပိန်နဲ့ အီတလီ တို့က ချန်ပီယံ ၅ ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်းတွေ အဖြစ် ရပ်တည်နေပြီး အင်္ဂလန် ကတော့ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်လာခဲ့တာပါ။ အင်္ဂလန်ဟာ ယခင်က ဂျာမနီနဲ့ ချန်ပီယံ ဖြစ်တဲ့ အကြိမ်ရေ ၃ ကြိမ်စီ တူညီနေရာ ကနေ အခုတော့ ဒုတိယနေရာမှာ လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်ကို ဥရောပ ယူ ၂၁ ချန်ပီယံရှစ် ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက် ဆုဖလား ရယူပေးခဲ့တဲ့ နည်းပြ လီ ကာစလေ ကတော့ ယခင် ၂ ကြိမ် ချန်ပီယံ ဖြစ်စေခဲ့တဲ့ ဒေ့ဗ်ဆက်တန်ရဲ့ စံချိန် ကိုလည်း လိုက်မှီသွားခဲ့ပါတယ်။
ဥရောပ ယူ-၂၁ ချန်ပီယံရှစ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ အင်္ဂလန်

ဒါ့အပြင် အင်္ဂလန်ကို ဥရောပ ယူ ၂၁ ချန်ပီယံရှစ် ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက် ဆုဖလား ရယူပေးခဲ့တဲ့ နည်းပြ လီ ကာစလေ ကတော့ ယခင် ၂ ကြိမ် ချန်ပီယံ ဖြစ်စေခဲ့တဲ့ ဒေ့ဗ်ဆက်တန်ရဲ့ စံချိန် ကိုလည်း လိုက်မှီသွားခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ် ကစားသမား ဟာဗေး အဲလီယော့တ်ဟာ ကွာတားဖိုင်နယ်မှာ ၁ ဂိုး၊ ဆီမီးဖိုင်နယ်မှာ ၂ ဂိုးနဲ့ ဗိုလ်လုပွဲမှာ ၁ ဂိုး အပါအဝင် ပြိုင်ပွဲ တစ်လျှောက် ၅ ဂိုး သွင်းပြီးတော့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်ရဲ့ ပွဲစဉ် အလိုက် အကောင်းဆုံးဆု ကိုတော့ မန်စီးတီး ကစားသမား မက် အတီးက ရရှိခဲ့ပါတယ်။

 

ဥရောပ ယူ-၂၁ ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းများ

စပိန် – ၅ ကြိမ် (၁၉၈၅၊ ၁၉၉၈၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၉)

အီတလီ – ၅ ကြိမ် (၁၉၉၂၊ ၁၉၉၄၊ ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၄)

အင်္ဂလန် – ၄ ကြိမ် (၁၉၈၂၊ ၁၉၈၄၊ ၂၀၂၃၊ ၂၀၂၅)

ဂျာမနီ – ၃ ကြိမ် (၂၀၀၉၊ ၂၀၁၇၊ ၂၀၂၁)

ဆိုဗီယက် – ၂ ကြိမ် (၁၉၈၀၊ ၁၉၉၀)

နယ်သာလန် – ၂ ကြိမ် (၂၀၀၆၊ ၂၀၀၇)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်